အပိုင်း၇

4.9K 268 0
                                    

ကျနော်သိချင်မိတယ် ။ကိုကိုကGayတွေကိုသဘောမကျဘူးလားဆိုတာကို..၊ထူးဆန်းလိုက်တာဗျာ ။ဒီလောက်လှတဲ့ကောင်လေးတယောက်ကgayတွေကိုသဘောမတွေ့ဘူးဆိုတာကို..။
'ကိုကို..ကျနော်မေးချင်တာရှိလို့'
အဲလက်စ်ရဲ့အိပ်ခန်းတံခါးဝလေးမှာ၊တောက်တဲ့မှီ မှီရင်းချွဲပြီးပြောလာတဲ့ဓန။
'နေအုံး ငါမအားသေးဘူး..အလုပ်လုပ်နေတာမမြင်ဘူးလားဓန'
Computer တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့အဲလက်စ်။
'မောင်လို့ခေါ်တော့ဝူးလား...ကိုကိုကျနော့်ကိုမောင်လို့ခေါ်တာအရမ်းနားထောင်လို့ကောင်းလို့ပါ'
အခန်းဝကနေ ၊အဲလက်စ်အလုပ်လုပ်နေတဲ့စာပွဲပေါ်မေးလေးထောက်ကာ..၊အဲလက်စ်မျက်နှာလေးကိုကြည့်ရင်းပြုံးပြီးပြောလာတယ်။
'ငါသိပ်စိတ်မပါဘူးဓန..မောင်ဆိုတဲ့အသုံးအနှုန်းကြီးကချစ်သူတွေကြားမှာပဲသုံးကြတာမဟုတ်လား'
ကိုကိုကတော့ကျနော့်ကိုတစ်စက်ခလေးတောင်မှ၊စောင်းပြီးတောင်မကြည့်ပဲ၊သူ့အလုပ်သူပဲအာရုံစိုက်နေတယ်လေ။
'ဒီတိုင်းခေါ်တာပဲဟာကို...ကပ်စီးကုတ်ကြီး..သွားအိပ်တော့မယ်'
ဆူပုတ်ကာဆောင့်အောင့်ရင်း၊ထွက်သွားတဲ့ဓနလေးကိုအဲလက်စ်ကလှမ်းကြည့်လိုက်ရင်း။
'လူကောင်ကြီးသလောက်ခုထိခလေးလို့လုပ်နေတုန်းပဲ..ဘယ်အချိန်မှရင့်ကျက်မှာပါလိမ့်'
ခေါင်းတရမ်းရမ်းနဲ့ကျန်နေခဲ့လေရဲ့။
ဓနမေးမဲ့အကြောင်းအရာကိုကျနော်သိနှင့်နေပြီးသားပါ..။ကျနော်မဖြေချင်ဘူး ....။ကျနော့်ရဲ့အားနည်းတဲ့အခြမ်းကို ဓနကိုမသိစေချင်တာမို့...။
'သားကြီး..အလုပ်လုပ်နေတာလား..မာမီဝင်လာလို့ရမလား'
ဓနကအပြင်ပြန်ထွက်သွားတာ တံခါးကိုပြန်မပိတ်ခဲ့တာမို့ တံခါးသွားပိတ်ဖို့အလုပ်..၊မာမီရောက်လာတယ်လေ။
'ရတယ်..'
ကျနော်လည်းမငြင်းချင်တာနဲ့ဝင်ခွင်ပြုလိုက်ပြီး၊ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေလိုက်တော့တယ်။
'သားမာမီ့ကိုစိတ်ဆိုးနေတုန်းပဲလားဟင်...'
'အက်အကြောင်းပဲထပ်ခါထပ်ခါမေးနေတော့မှာလား...ကျနော်အေးအေးဆေးဆေးနေပါရစေဗျာ'
စိတ်ရှုပ်တယ်...တစ်ချိန်လုံးပဲ..။နိုင်ငံခြားကပြန်လာပြီးတဲ့အချိန်ကစလို့..၊တစ်လျှောက်လုံးဒါကိုပဲထပ်ခါထပ်ခါမေးနေခဲ့တာ..။စိတ်ဆိုးနေတာမဟုတ်ဖူး..၊စိတ်နာသွားတာ..။
'သားလည်း ဓနလေးနဲ့အဆင်ပြေနေတာပဲကို..ဓနလေးကိုဘယ်အချိန်မှ သားညီလေးအဖြစ်သတ်မှတ်မှာလည်းအဲလက်စ်..သူအခုထိမာမီတို့မိသားစုဝင်အဖြစ်..တရားဝင်မဖြစ်သေးဘူးလေကွယ်..'
တကယ့်ကိုမှနားတွေပူလာပြီမို့..။
'မာမီ..ကျနော်အလုပ်လုပ်နေတယ်..ထွက်သွားပေးလို့ရမလား'
ခလေးလည်းမဟုတ်ပဲ..၊ခလေးတစ်ယောက်ကိုမိဘဖြစ်သူက..ဆူပူနေတယ်လို့တောင်ခံစားနေရတယ်။
'ဟင်းးးအေးပါကွယ်...'
ဘာလို့ဒီလောက်ထိခေါင်းမာနေရတာလည်းအဲလက်စ်ရယ်..။
'သားဓန..မာမီဝင်လာမယ်နော်..'
'ဟုတ်မာမီ'
ဓနလေးကစာလုပ်နေတာပဲ..၊မဆိုးပါဘူး..။ကျမရဲ့သွေးသားရင်းမဟုတ်ပင်မဲ့လည်း..၊အဲလက်စ်ငယ်ငယ်တုန်းကလို စာတော့ကြိုးစားသားပဲ။
'သားကျောင်းမှာအဆင်ပြေရဲ့လား'
'ဟုတ်မာမီ..စာလုပ်ရတာကလွဲလို့ပေါ့..ဟီး...'
ဓနလေးကတော့..ကျမနဲ့ဆုံတိုင်းပြုံးပျော်ရွှင်စွာကြိုဆိုနေတက်တာမို့..၊အဲလက်စ်လေးလည်း..ဓနလေးလိုမျိုးဆိုရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ။
'ငပျင်းလေး..မပေါ့ရဘူးနော် သားကိုကိုလိုတော်အောင်ကြိုးစား..ဟုတ်ပြီလား'
'ဟုတ်မာမီ..'
မာမီကျနော့်ကိုဆုံးမစကားတွေချွေပြီးထွက်သွားတော့မှ ၊စာလုပ်ချင်ယောင်ဆောင်နေရင်းက၊ ထပြီးအိပ်ယာထဲအားပါးတရ လှဲချလိုက်တော့တယ်။
တီးတီး....(Phoneဝင်လာ)
'hello..ဓန..မင်းအကိုငါ့ကိုစိတ်တိုနေသေးလား'
ဟိုလဒကောင်ရှိုင်းဝဏ္ဏphoneဆက်တာပါ။
'မင်းကမှတကယ့်ကောင်ကွာ..ဒီခေတ်ကြီးမှာလူတိုင်ပွင့်ပွင့်လင်းလင်းရှိကြတယ်ဆိုပင်မဲ့ မင်းညနေကလုပ်လိုက်တဲ့ကိစ္စကအတော်ပြသနာကြီးတယ်...ကိုကိုကမင်းကိုgayနေမှန်းမသိခဲ့ဘူးလေ..အခုမှကွက်ကွက်ကွင်းကွင်းသိလိုက်ရတော့..သူတော်တော်စိတ်ပျက်သွားပုံပဲ..ငါ့ကိုလည်းgayသွားမှာစိုးရိမ်နေတယ်လေ..'
ကိုကိုဝဏ္ဏကိုစိတ်တိုတာအကြောင်းမဟုတ်၊ကျနော့်ကိုဝဏ္ဏလို့ဖစ်မှာဆိုးလို့ဆိုပြီးမပေါင်းခိုင်းတော့ရင်...ဟူး...။
'ဟားဟား..မင်းကမှအစထဲကကွေးနေတာလေကွာ..မင်းဘာ့မင်းသာမသိတာ..ငါကမင်းဘေးမှာအမြဲရှိနေတဲ့ကောင်ပါကွ..ငါရိပ်မိပြီးသား..'
ဝဏ္ဏကကျနော့်ကိုကွေးပြီးသားတဲ့ဘာလို့ပါလိမ့်။
'ဟုတ်လား..ငါကဘာလို့ကွေးတာလဲ'
ငတုံးလေးဓနပါကွာ။
'ချီးပဲတကယ့်ကောင်ကွာ တုံးနေချက်ကတော့..ထားပါ..ငါ့ကိုအကိုစည်သူ့ကိုဆက်သွယ်လို့ရမယ့်တစ်ခုခုပေးလို့ရမလား'
အော်ဒီကောင်ငါ့ကိုPhoneဆက်တာက..၊ကိုကိုသူ့ကိုစိတ်ဆိုးမှာစိုးလို့မဟုတ်ဖူးပဲ...။ဒီကောင်နဲ့တော့ခက်ပြီ။
'ငါလည်းသူနဲ့ဒီနေ့မှတွေ့ဖူးတဲ့ဟာကို..ငါကဘယ်သိပါ့မလဲဟ'
'မင်းအကိုဆီကရော..မရနိုင်ဘူးလား'
ကိုကိုကဒီကိစ္စကြောင့်စိတ်တိုနေပါတယ်ဆိုမှ၊phone noတောင်၊လာတောင်းခိုင်းနေပြန်ပြီ။
'ကိုကို့ဆီက မင်းအတွက် အကိုစည်သူ့ကိုဆက်သွယ်လို့ရမဲ့တစ်ခုခုကိုတောင်းပေးမဲ့အစားငါ့အိမ်ပေါ်ကပဲခုန်ချလိုက်တော့မယ် လဒကောင် ဒါပဲ!'
ကျနော့်ကိုပါ ကိုကိုစိတ်ဆိုးမှာကိုမလိုလားတာမို့..၊Phoneချလိုက်ပြီးတာနဲ့အိပ်ဖို့ပဲပင်လိုက်တော့တယ်။
'ouhနေပါအုံး..hello..hello ဟွန့်သူငယ်ချင်းအချင်းချင်းဒါလေးတောင်မကူညီနိုင်ဘူး...arr မမှုူးကိုမေးရမယ်..မေ့နေတာပဲ..'
တီး..တီး...(Phoneဝင်လာ)
'hello ညသန်းခေါင်ကြီးကိုဟာ...'
အိပ်မှုန်စုတ်ဖွားနဲ့Phoneကောက်ကိုင်မိတော့..၊Contact မှာရှိုင်းဝဏ္ဏတဲ့...။သေနာလေး။
'အကိုစည်သူ့ph noပေးပါ..please '
'နင်ကတော့နော်..နေ့လည်ကပြသနာတောင်မပြီးသေးဘူး..ငါပေးတာကပေးလို့ရတယ်..နင်ချက်ချင်းကြီးသွားမဆက်နဲ့အုံးစည်သူကနင့်ကိုအသေဒေါသထွက်နေတာနော်'
အရင်သူ့ကိုတားမြစ်ရသေး..။မဟုတ်ရင်..၊ငါပါကြားထဲက ၊ပဲလှော်ကြားဆားညှပ်ဖြစ်နေလိမ့်မယ်။
'ဟုတ်ကဲ့ပါဗျ..ph noလေးသာပေးတော်မူပါတော့'
အာပြဲကြီးနဲ့ပြောနေသူ။
'အေး..နေအုံး..****'
'ရှဲရှဲ ဟီး...bye bye'
စောက်ခလေးသူလိုချင်တာရတော့၊ချက်ချင်းPhoneချသွားတယ်။
နောက်ဆုံးတော့ရပီကွ..။ခုပဲဆက်လိုက်ရတော့မလား...။arrသူအိပ်နေလောက်တယ် ၊မနှောက်ယှက်တော့ပါဘူး..။အိပ်ရေးပျက်သွားမှာစိုးလို့...။
မက်ပြန်ပြီ။ဒီအိမ်မက်ကိုပဲထပ်ခါထပ်ခါ...၊ပင်ပန်းလာပြီ။မာမီ့ကိုဆေးရုံတင်နေတဲ့အချိန်..ခလေးတယောက်ကိုသူ့အမေဖြစ်သူ..၊ဆေးရုံမှာတယောက်ထဲထားပစ်ခဲ့တာကိတွေ့လိုက်ရတယ်..။မာမီ့ကိုစိတ်ပူတာမို့လောနေတာနဲ့သေချာမမြင်လိုက်ရသလို၊သေချာလည်းမသိလိုက်ရဘူး...။ထိုခလေးအဆင်မှပြေရဲ့လား...အတော်ငယ်သေးတယ်။အနှီးထုတ်လေးနဲ့ပဲရှိသေးတာကိုရက်စက်လိုက်တာနော် ။ဒီလိုပြစ်ထားခဲ့မယ်ဆိုရင်ဘာလို့အစထဲကမွေးခဲ့ကြသေးလဲ...။
'ကိုကို..ကိုကို..ရရဲ့လား'
ကျနော့်မျက်လုံးအစုံဖြေးဖြေးချင်းဖွင့်မိတဲ့အခါ..၊ကျနော့်မျက်စိရှေ့ရှိနေတဲ့အမြဲတမ်းနဲ့တစ်ယောက်ထဲသောသူက..ဓနပဲ။
'အင်း..ရေပေးစမ်းပါ'
'ဟုတ်ကိုကိုဖြေးဖြေးသောက်လိုက်နော်'
ဓနကကျနော့်ကိုအဆင်သင့်ခပ်ထားတဲ့ရေလေးကိုသူကိုယ်တိုင်တိုက်တယ်လေ။
'ရပီ....ဟင်းးးး'
အခုမှပဲအသက်ဝဝရှူရတော့တယ် ။
'ကိုကိုအမြဲဒီလိုကြီးဖြစ်နေရင်မကောင်းဘူးနော်..ကိုကို့အိမ်မက်က..ကိုကို့ကိုပင်ပန်း​အောင်လုပ်နေတယ်လေ..'
ကျနော်အိမ်မက်ဆိုးမက်တိုင်းကျနော့်အနားအမြဲရောက်လာပြီး၊အလင်းဘက်ကိုအမြဲခေါ်ဆောင်ပေးနေတက်တာဓနလေ....။ကျနော့်မျက်စိနှစ်လုံးပွင့်လာတဲ့အချိန်တိုင်း၊စိတ်ပူနေတဲ့မျက်နှာလေးနဲ့ကျနော့်ကိုအမြဲ​ကြည့်နေတက်တဲ့ကောင်လေး..။
'ကိုကို..ဆေးရုံမှာသွားစစ်ဆေးကြည့်​ပါလား..ကျနော်စိတ်ပူတယ်'
'မသွားချင်ဘူး'
'ကိုကို..ကျနော်လည်းလိုက်ခဲ့မယ်လေ... ညနေကျောင်းကပြန်ရင်သွားကြမယ်နော်'
ဓနလေးစိတ်ပူတာကိုသိပင်မဲ့လည်းကျနော်တကယ်မသွားချင်တာပါ။
'ငါဘားမှမဖြစ်ပါဘူး..မသွားလည်းဖြစ်တယ်..ကျောင်းချိန်နီးနေပီမလား..အောင်ဆင်းနှင့်ငါလိုက်ခဲ့မယ်'
'ဟုတ်ကိုကို....'
ကျနော်ဆေးရုံဆိုတဲ့နေရာကို..ကျနော့်ညီလေးကိုဆုံးရှုံးခဲ့ရတဲ့အချိန်ကတည်းကလုံးဝမသွားဖြစ်တော့တာ...။မသွားဖြစ်ဖူးဆိုတာထက်လုံးဝမသွားချင်ဘူးဆိုရင်ပိုမှန်မယ်ထင်တယ်....။
................................ကြွေ....................................

''ကြွေ'' (Completed) Donde viven las historias. Descúbrelo ahora