အပိုင်း၁

32.5K 802 12
                                    

ကျယ်ဝန်းလှတဲ့ ကန်ရေပြင်ထက်မှာ..သွယ်လျှလှတဲ့ ခြေတံသွယ်သွယ်လေးကိုစိမ်ထားရင်း..လက်တစ်ဖက်က ဝိုင်ခွက်ကိုအသာအယာလှုပ်နေရင်း..နီမြန်းနေတဲ့နှုတ်ခမ်းပါးလေးတွေနဲ့ ဝိုင်ကို သေချာအရသာခံကာသောက်နေတဲ့ အလှလေး ဒေစီအဲလက်စ်...အထင်မမှားလိုက်နဲ့အုံး..သူကမိန်းခလေးအဆင်းနဲ့လှပကျော့ရှင်းစွာမွေးဖွားလာခဲ့တဲ့ ကောင်လေးတယောက်ဖြစ်တယ်..။
'သခင်လေး..သခင်မကြီးက..သခင်လေးနဲ့တွေ့ချင်လို့ပါတဲ့..'
'ငါမတွေ့ချင်ဘူး...ငါဒီမှာတယောက်ထဲအေးအေးဆေးဆေးနေချင်တယ်လို့မင်းတို့ကိုပြောထားခဲ့တယ်မဟုတ်လား'
'ဟုတ်ပါတယ် သခင်လေး သခင်မကြီးက အတင်းခေါ်ခိုင်းလို့လာပြောရတာပါ..သခင်မကြီးက သခင်လေးကိုရအောင်မခေါ်နိုင်ရင် ကျနော့်ကိုအပြစ်ပေးမယ်ဆိုလို့ပါသခင်လေးစိတ်မဆိုးပါနဲ့နော်'
'ဟင်း....ဟုတ်ပြီ..ငါလိုက်ခဲ့မယ်..စိတ်ရှုပ်ဖို့ကောင်းလိုက်တာ..'
ဒါကြောင့်အိမ်မှာမနေချင်တာ..အမြဲသူမနဲ့အဝေးဆုံးမှာပဲနေချင်ခဲ့တာမို့..နိုင်ငံခြားမှာပဲ အခြေချဖို့ဆုံးဖြတ်ခဲ့တာကို...daddyမျက်နှာကြောင့်သာမဟုတ်ရင်ဒီကိုပြန်လာဖြစ်မှာတောင်မဟုတ်...။
သခင်လေးကသိပ်လှပါတယ်...၊မိန်းခလေးရှုံးလောက်အောင်ကို..လှပသေသပ်လွန်းတဲ့အဆင်းအဂ်ါနဲ့ပြည့်စုံသူဖြစ်တာမို့..၊သခင်လေးအပေါ် မကောင်းတဲ့စိတ်မဝင်မိအောင် ကြိုးစားရပါတယ်..။ရေကန်အပေါ်တက်လိုက်တဲ့အချိန်..သခင်လေးရဲ့ပေါင်တံသွယ်သွယ်လေးတွေမှာ ရေတချို့က..တင်ကျန်နေတာမို့..ကျနော့်ရဲ့ မျက်နှာပူမိပါသည်..။ကျနော်သည်..မိန်းမနှင့် ခလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ လူဖြောင့်ကြီးတယောက်ဖြစ်ပင်မဲ့ သခင်လေးရဲ့အလှက..ကျနော်ရဲ့ရိုးသားဖြောင့်မတ်တဲ့စိတ်ကို အနုနည်းဖြင့်ရိုက်ချိုးနေသလိုပါပဲ...။ကျနော်သည် သခင်လေးရဲ့တစ်ယောက်ထဲသော သက်တော်စောင့်ဖြစ်သည့်အပြင် သခင်လေးရဲ့အယုံကြည်ရဆုံးသောလူတယောက်လည်းဖြစ်တာမို့..သခင်လေးအပေါ်လုံးဝစိတ်မယိုင်စေရပါဘူးလို့ ၊ကတိကဝတ်ပြုထားခဲ့ပြီးသားဖြစ်ပါတယ်။..သခင်လေးကိုသူ၏မိခင်မွေးဖွားပြီးသည့်အချိန်ကစလို့..ကျနော်ပဲအနီးကပ်စောင့်ရှောက်ခဲ့ရတာမို့..သခင်လေးကိုသားလေးတယောက်လိုချစ်မိပါတယ်..။ဒါပင်မဲ့ထို့ထက်ပိုတာမျိုးဖြစ်လာမှာကို ကျနော်ကြောက်ရွံမိပါတယ်..။ဒါ့ကြောင့်အရင်ကထက်ခပ်ခွာခွာနေမိတယ်..။သခင်လေးလည်းမငယ်တော့ဘူးလေ..။
'သခင်လေး..အကျီလဲပါအုံးလား..နေမကောင်းဖြစ်မှာစိုးရိမ်လို့ပါ'
'ငါမလဲချင်ဘူး..ခဏနေခြောက်သွားလိမ့်မယ်...'
'ဒါမဲ့'.
'ငါသူမဆီသွားလိုက်အုံးမယ်...မင်းလည်းအိမ်ပြန်နားရင်နားလေ..ခရီးကပြန်ရောက်ကတည်းကမင်းမနားရသေးဘူးမဟုတ်လား မင်းမိန်းမနဲ့ခလေးတွေလည်းမင်းကိုမျှော်နေရောပေါ့'
'ဟုတ်ကဲ့ပါ..ဒါဆိုကျနော်ပြန်လိုက်ပါအုံးမယ်..သခင်လေးတစ်ခုခုလိုတာနဲ့ကျနော့်ကိုphဆက်လိုက်ပါနော်'
'အွန်း..ကောင်းပြီ'
သခင်လေးနဲ့ကျနော်နဲ့က အသက်ကွာပင်မဲ့လည်း၊ သခင်လေးကငယ်ကတည်းက..မင်းနဲ့ငါဆိုပီးသုံးနှုန်းတက်တာမို့ လူကြီးဆန်တယ်လို့ပဲပြောရမလား..၊အရမ်းလည်းတည်ငြိမ်သူဖြစ်ပြီးဉာဏ်လည်းထက်တာမို့ အရာရာကိုထိန်းကိုင်အုပ်ချုပ်နိုင်စွမ်းရှိသူလည်းဖြစ်တယ်...
ဒေါက်..ဒေါက်...(တံခါးခေါက်သံ)
'ကျနော့်ကိုဘာလို့ခေါ်တာလဲ'
'သား..အဲလက်စ်..ဝင်ခဲ့လေ..'
'အင်း...ဘာကိစ္စရှိလို့လဲ အရေးမကြီးရင်...ဟင်...'
'လာ...ညီလေးကိုလာကြည့်ပါအုံးသားရဲ့..ချစ်စရာမကောင်းဘူးလား...သားလေးဟိုမှာကိုကို..သားကိုလာတွေ့ပီ'
'ဘာအဓိပ္ပါယ်လဲ...ဒီခလေးကဘာလဲ'
'​မာမီ့သားလေးလေ...သားရဲ့ညီလေးပေါ့..သားလေးးကိုကိုအဲလက်စ်ကို ကိုကိုလို့ခေါ်လိုက်ပါအုံး..'
'ကိုကို...'
'ငါမင်းအကိုမဟုတ်ဖူး..မင်းကဘယ်သူလဲ'
ကျနော်လုံးဝလက်သင့်မခံနိုင်လောက်အောင်ဒီခလေးကဘယ်ကဘယ်လိုရောက်လာတာလဲ..။ကျနော့်ညီလေးကဆုံးသွားခဲ့ပြီမဟုတ်လား..။အမေ့ကိုကျနော်အမြင်မကြည်တဲ့အကြောင်းက..ညီလေးကိုကောင်းကောင်းမစောင့်ရှောက်ပဲနေခဲ့လို့ ၊ညီလေးအသက်ကိုဆုံးရှုံးခဲ့ရလို့လေ..၊ဒါကဘယ်လိုအခြေအနေကြီးလဲ..။
'အော် သားအဲလက်စ်က အမေ့ဆီရောက်နေတာလား..သားညီလေးကိုကြည့်ပြီးပြီလား..ဘယ်လိုလဲချစ်စရာကောင်းတယ်မလား'
'daddy..ကျနော့်ကိုရှင်းပြစမ်းပါအုံး...ဒီခလေးကဘယ်ကရောက်လာတာလဲ..'
အသက်3 4နှစ်လောက်ပဲရှိအုံးမယ့်ခလေးတယောက်ကို၊လက်ညိုးငေါက်ငေါက်ထိုးရင်းအထိတ်တလန့်မေးနေမိခဲ့ပါတယ်...။ကျနော်ကပဲ အရူးတစ်ယောက်လို...။
'လာခဲ့ သားdaddyရှင်းပြပေးမယ် သားစိတ်အေးအေးထားပါကွာ..'
'ပြောလေ Daddy..ကျနော်နားလည်အောင်ရှင်းစမ်းပါအုံး'
'သားအမေက..အရင်လိုမဟုတ်တော့ဘူး..သူစိတ်ကျေနပ်အောင်သား အလိုက်အထိုက်နေပေးလိုက်လို့မဖြစ်ဖူးလား..ဒီခလေးကို သားညီလေးတယောက်လို့သဘောထားလိုက်ပါကွာ..'
'ကျစ်..ဘာဆိုင်လို့လဲdaddyရ'
'ကိုကို..ကိုကိုကသိပ်လှတာပဲ..မိန်းမလေးကျနေတာပဲ သားကြီးလာရင်..ကိုကို့ကိုလက်ထပ်မယ်'
အဲလက်စ်ရဲ့လက်ကိုလှမ်းကိုင်ပြီး..အပြုံးချိုချိုနဲ့လာပြောနေတဲ့ခလေးငယ်...။
'ဘာတွေလာပြောနေတာလဲ ငါ့ကိုလာမထိနဲ့!'
'သားကိုမမုန်းပါနဲ့နော် ကိုကို​မကြိုက်ရင်နောက်မလုပ်တော့ပါဘူး..သားကိုကို့ကိုချစ်လို့လုပ်မိတာပါ'
'သားကြီးအဲလက်စ်..မင်းဘာလို့သားငယ်လေးကိုငေါက်ရတာလဲ..မင်းကြောင့်ခလေးလန့်သွားပီလေ..'
'မာမီက ဘာလည်း ဒီကောင်လေးကိုမာမီက ပိုပီးချစ်နေတာလား..ညီလေးဓနအတွက် မာမီနည်းနည်းလေးမှစိတ်မကောင်းမဖြစ်မိဘူးလား!'
'ဒါမင်းညီလေးဓနရှိန်ပဲလေ..မင်းဘာဖြစ်နေတာလဲအဲလက်စ်..မာမီစိတ်ဆိုးလာပီနော်..'
'သားအဲလက်စ်..ထားလိုက်ပါ..သွားမင်းအိပ်ခန်းထဲသွားနားတော့..ညစာစားရင်လာခေါ်ပေးမယ်နော်'
'ကျနော်မစားတော့ဘူး..လာမခေါ်နဲ့တော့ စိတ်ပျက်တယ်'
'သား...ကျစ်...'
ငါကအလည်ကနေဘယ်လိုတောင်လုပ်ရတော့မလဲ..။
ဘာလဲ မာမီက စိတ်မမှန်တော့တာလား..။ဒီကောင်လေးကို ဓနလို့ထင်မြင်နေတာလား..။စိတ်ပျက်စရာပဲ သူပဲအမှားလုပ်ခဲ့ပီးစိတ်တောင်မမှန်တော့ဘူးတဲ့လား...။မဖြစ်နိုင်တာပဲ အလိမ်အညာတွေ...။
ဒေါက်..ဒေါက်...(တံခါးခေါက်သံ)
'ကိုကို...သားကို့ကို့အတွက်..ထမင်းယူလာပေးတယ်..သားကိုတံခါးဖွင့်ပေးပါအုံး'
'ကျစ်..မင်းကဘယ်လိုကောင်လည်း..မုန်းစရာကောင်းလိုက်တာ..'
ကျနော်ထွက်ကြည့်မိတော့၊ခန္ဓာကိုယ်သေးသေးလေးနဲ့မလိုက်အောင်ပဲ ၊ကျနော့်အတွက် ထမင်းဗန်းကြီးသယ်လာတယ်တဲ့လား...။ သူဘယ်အရွယ်ရှိနေပီလဲ...။
'ကိုကိုကြိုက်တဲ့ မျှစ်ချဥ်ဟင်လေးနဲ့ ပူတုန်းစားလိုက်ပါနော် ကိုကို..'
'ကျစ်..အေးမင်းသွားလိုက်တော့'
'ဟုတ်ကိုကို ကုန်အောင်စားနော်ဒါမှကိုကိုပိုလှလာမှာ'
'နေအုံး...မင်းအသက်ဘယ်လောက်လည်း'
'၅နှစ်ပြည့်တော့မယ်ကိုကို'
'ဒီလောက်ငယ်သေးတာကို မင်းဒီဗန်းကိုနိုင်တယ်ပေါ့'
'ဟုတ်ကိုကို သား ဂေဟာမှာနေတုန်းကဆိုဒီထပ်လေးတာတောင်သယ်ရသေးတယ်..ဟီး...'
'ဂေဟာ?'
'သားကို မာမီတို့က ဂေဟာကနေခေါ်လာခဲ့တာလေ အရမ်းပျော်တာပဲ သားကိုမွေးစားလို့..သာလိမ်လိမ်မာမာနေပါတယ်..ကိုကို့စကားလည်းနားထောင်ပါ့မယ် ကိုကို..သားကိုချစ်ပေးပါနော်'
'မင်းသွားလိုက်တော့'
'ဟုတ်ကိုကို'
အပြစ်ကင်းစင်လိုက်တာ...ဒါမဲ့..မင်းကို..ငါ့ညီနေရာမှာအစားထိုးဖို့တော့မဖြစ်နိုင်ဘူး...ငါမင်းကိုမုန်းတယ်...မင်းကိုဘယ်တော့မှငါ့ညီတယောက်အဖြစ်
သတ်မှတ်မှာမဟုတ်ဖူး...
.................................ကြွေ...................................

''ကြွေ'' (Completed) Unde poveștirile trăiesc. Descoperă acum