အပိုင်း၂၁

3.4K 204 2
                                    

ကိုကိုနိုင်တို့ဆီကနေ ကျနော်အိမ်ကိုပဲတည့်တည့်မတ်မတ်ပြန်လာခဲ့လိုက်တယ် ။ကျနော်အဆုံးရှုံးမခံနိုင်တဲ့...တစ်စုံတစ်ယောက်နဲ့တွေ့ဆုံဖို့အတွက်..။
'မာမီ ဘယ်မှာလဲ'
အိမ်ရောက်ရောက်ချင်းမေးမိတယ်။
'သခင်လေး အစောကြီးပြန်လာတာလား..သခင်မကြီးက အိပ်ခန်းထဲမှာပါ'
'ဟုတ်ပြီ..'
ကျနော့်ခြေလှမ်းတွေသွက်လက်နေတယ်..။ကျနော်သူမဆီရောက်ဖို့အတွက် အပြေးသွားနေမိတယ်..။
ဒုန်းး!!(တံခါးဆောင့်ဖွင့်သံ)
'မာမီ!!!'
'ဟင် သား ဘယ်လိုဖြစ်လို့..'
'မာမီ ကျနော်တောင်းပန်ပါတယ်..'
'အိုကွယ် မာမီကခွင့်လွှတ်ပြီးသားပါ မာမီ့အမှားကြောင့်သာ သားကမာမီ့အပေါ်စိတ်ဆိုးစေခဲ့မိတာပါ..'
'ကျနော်မာမီ့ကိုအဆုံးရှုံးမခံနိုင်ဘူး..ကျနော့်အနားမှာပဲနေပေးရမယ်နော်..'
အဲလက်စ်လည်းပြောနေရင်းနဲ့ပင် သူ့မာမီကိုဖက်တွယ်နေတော့တယ်လေ။
'အင်းပါ မာမီသားကိုထားမသွားပါဘူး..'
အိုကွယ် ဒီခလေးဘာတွေဖြစ်လာလို့ ၊မာမီ့ကို ဒီလောက်ထိကုတ်ဖက်ထားရတာလဲ..။
'အယ်..နှစ်ယောက်သားအဆင်ပြေနေကြပါရောလား..'
အိပ်ခန်းထဲဝင်ဝင်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းလေးက ၊ဒယ်ဒီဖြစ်သူရဲ့နှလုံးသားကိုနွေးထွေးစေတယ်လေ။
'အင်းသားလေးက ကျမအပေါ်စိတ်ဆိုးပြေသွားပြီလေ..'
'အေးပါအေးပါ မင်းတို့အဆင်ပြေသွားတာမြင်ရတာ ငါလည်းစိတ်ချမ်းသာတယ်ကွာ'
'ကျနော်ညီလေးလည်းမလိုချင်တော့ပါဘူး ကျနော့်မှာမာမီနဲ့ ဒယ်ဒီရှိနေရင်ပြည့်စုံပါပြီ..'
ကျနော်တို့မိသားစုအရင်လို၊ပျော်ပျော်ရွှင်ရွှင်နဲ့သာယာတဲ့ဘဝလေးကိုဖြတ်သန်းနိုင်ခဲ့ပြီ..။
ကိုကိုတို့ဒီလိုမိသားစု၊စုံစုံလင်လင်နဲ့သင့်မြတ်နေကြတာကိုကြည့်ရတာ ဝမ်းသာမိပင်မဲ့..၊ဘာလို့..ငါကဝမ်းနည်းမှုကိုခံစားနေရတာလဲ...။
'ဓန..မင်းငိုနေတာလား..'
ဝဏ္ဏက ထိုအိပ်ခန်းထဲကိုငေးကြည့်ရင်း၊မျက်ရည်စများဝဲသီနေတဲ့၊ဓနပုခုံးကိုပုတ်လိုက်ရင်းသတိပေးလိုက်တယ်။
'ငါ..ငါမငိုပါဘူး...နွယ်အောက်ထပ်ပြန်ဆင်းကြရအောင်..'
နွယ့်ကိုခေါ်ပြီးအောက်ဆင်းဖို့လုပ်တဲ့ဓနကြောင့်အောက်ဆင်းဖို့လုပ်မိကာမှ၊နောက်ကပါမလာတဲ့ဝဏ္ဏကြောင့်။
'အင်းကောင်းပြီလေ ဟဲ့ ဝဏ္ဏဘာရပ်လုပ်နေတာလဲ မြန်မြန်လာ'
နွယ်လည်း ဝဏ္ဏကိုသတိလှမ်းပေးရတော့တာပေါ့။
'အေးပါဟ..'
ကျနော်သိတယ် ၊ဓနစိတ်မကောင်းဖြစ်နေခဲ့တယ်ဆိုတာ ။ဓနကမွေးစားသားဆိုတော့ အကိုအဲလက်စ် တို့မိသားစုပြန်သင့်မြတ်သွားတဲ့အခါ ၊သူက အပိုလူတစ်ယောက်ဖြစ်သွားတော့မယ်ဆိုတာ ၊သူသိနေတယ်လေ...။
နွယ်စာရှင်းပြနေပင်မဲ့ သူမ ပြောသမျှ စကားလုံးတိုင်းက လေနဲ့အတူပျောက်ကွယ်နေတယ်..။ကျနော်ဘာကိုမှမကြားနိုင်တော့သလို အသက်မဲ့နေသလိုခံစားနေရတယ် ။ကျနော်ပြစ်ပယ်ခံရတော့မယ်လို့ခံစားနေရတယ်...။
'ဓန..ဓန..!'
'ဟင်..'
'နင်အဆင်ပြေရဲ့လား ငါကတော့အာပေါက်မတက်ရှင်းပြနေရတာနင်ကတော့သေနေသလိုပဲနော်ဓန..'
အလိုမကျတဲ့မျက်နှာနဲ့ပြောလာတာကြောင့်။
'sorryပါ..ငါနဲနဲလွတ်နေလို့..'
ခေါင်းငိုက်စိုက်ချကာစိတ်ပျက်လက်ပျက်ပြောလာသူ။
'ဓန..'
'arrမမှူး..ဘာလာလုပ်တာလဲ '
မမှူးဘာလာလုပ်တာပါလိမ့်။
'b​ossလေအလုပ်တွေတစ်ပြုံကြီးနဲ့ငါတို့ကိုထားပြီးထွက်သွားတာလေ သူရှိလား'
'အင်းရှိတယ်အပေါ်မှာ..ကျနော်သွားခေါ်ပေးမယ်'
ကျနော်လည်းမမှူးအတွက် ကိုကို့ကိုသွားခေါ်ပေးဖို့လုပ်ရတော့တာပေါ့။
'အေးအေး မောလိုက်တာအေ..ဟိတ်ခလေးမ ငါ့ကိုရေသွားခပ်ပေးပါအုံး'
မမှူးကလည်း..ဓနအပေါ်တက်သွားတာနဲ့ ဆိုဖာပေါ်သက်တောင့်သက်သာ၊ထိုင်ချလိုက်ပြီး နွယ့်အားခိုင်းလာတာမို့။
'ဘာ!ဒီမှာ အမကဘာမို့ ကျမကိုလာခိုင်းနေတာလဲ..သောက်ချင်ရင်ကိုယ့်ဘာ့ကိုယ်ထသောက်'
စွာတေးလန်စွာပြန်ပြောလာတာကြောင့်။
'နင်ကဒီကဝန်ထမ်းမဟုတ်ဖူးလား..'
'အမလေး ဒီမှာ ကျောင်းဝတ်စုံကြီးဝတ်ထားတာကို အထင်လွဲစရာအကြောင်းမရှိဘူးလို့တော့ထင်တယ်နော်'
ခါးထောက်ရင်း ကျောင်းဝတ်စုံအားညွှန်ပြနေသူ။
'arr..လုပ်ပါအေ ငါမောလို့ရေလေးခပ်ယူပေးရုံပဲကို..'
'ဆုတောင်း..ဟွန့်'
မမှူးအားမကြည့်ပဲမျက်နှာလွှဲရင်းမဲ့ရွဲ့နေသူလေး။
'ကျနော်ပဲယူပေးပါ့မယ် အမရာ..တကတဲ နှစ်ယောက်သားအခုမှသိကြလို့ပဲ..ကိုက်နေလိုက်ကြတာ'
'ဘာ!!'
'ဟဲဟဲစတာ ရော့အမ ဟိုလေ အမ အကိုစည်သူရောလိုက်မလာဘူးလား'
ဝဏ္ဏလည်း ကြားကနေပဲ၊မမှူးအတွက်ရေခပ်ပေးရင်းသူ့လူဆိုသူအကြောင့်စမေးတော့တာပေါ့။
'နင့်လူက bossအကျီကြီးပိုက်ပြီးဘာအလုပ်မှမလုပ်ပဲထိုင်နေတယ်လေ '
မမှူးလည်းစိတ်ပျက်လက်ပျက်နဲ့ပြောကာရေသောက်နေတယ်လေ။
'သူလည်းအကိုအဲလက်စ်ကိုတော်တော်ချစ်ပုံရတယ်နော်'
'ငါလည်းသေချာတော့မပြောတက်ဖူး..ဘာလဲနင်ကနောက်ဆုတ်ပေးတော့မို့လို့လား'
'ဟဟပါ အမ ကျနော်ကတော့ဘယ်လိုနည်းနဲ့မှနောက်မဆုတ်ဖူး'
ကျမသတိထားမိပါတယ် ၊ဝဏ္ဏကပြုံးပြီးသာကျမကိုပြောနေတာ၊သူ့မျက်နှာလေးညိုးပြီး၊စိတ်မကောင်းဖြစ်နေတယ်ဆိုတာကိုတော့ သူ့အပြုံးနဲ့ဖုံးကွယ်ထားလို့မရပါဘူး။
'အမ်..အေးပါဟာ သူမက ဘယ်သူလဲ'
'ကျနော်တို့အတန်းခေါင်းဆောင် ခင်လေးနွယ် လေ '
'aww..အင်း.. ဟဲ့နင့်သူငယ်ချင်းက bossကိုသွားခေါ်တာဘယ်အထိသွားခေါ်နေရလို့ဒီလောက်ထိကြာနေရတာလဲ'
မမှူးအချက်ပြတာမို့ကျနော်လည်းအလိုက်တသိနဲ့ပဲ ဓနနောက်ကိုလိုက်သွားရတော့တာပေါ့။
'ကျနော်သွားကြည့်လိုက်မယ်'
'အေးမြန်မြန်သွားပါအေ'
ကျနော်လည်းဓနနောက်ခပ်မြန်မြန်လိုက်ကြည့်မိတော့ သူငိုနေခဲ့တယ်..။အကိုအဲလက်စ်တို့အခန်းနဲ့အနည်းငယ်လှမ်းတဲ့နေရာမှာရပ်ပြီးတော့ ငိုနေခဲ့တာ...။
'ဓန...မင်းခံစားနေရတာကိုငါသိပါတယ်..ဒါပင်မဲ့ ချက်ချင်းကြီးကောက်ချက်မချနဲ့အုံးလေကွာ..'
ကျနော် ဓနနားခပ်မြန်မြန်သွားပြီးတီးတိုးလေးစကားစလိုက်ရတယ်။
'ငါသိတယ် ဝဏ္ဏ ငါကမကြာခင်စွန့်ပစ်ခံရတော့မှာ...'
'ဓနရာ...ငါရှိပါတယ်ကွာ..'
သူငိုတာ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ...၊သူတကယ့်ကိုမှ ဝမ်းနည်းပြီးငိုနေခဲ့တာ...။
'မင်းတို့ဘယ်အချိန်ထဲကပြန်ရောက်နေကြတာလဲ...'
အကိုအဲလက်စ်အသံကြားလိုက်တာနဲ့ ဓန မျက်ရည်တွေအမြန်သုတ်နေတယ်..။
'မကြာသေးဘူးအကိုအဲလက်စ်..အောက်မှာ မမှူး ရောက်နေတယ် အကို့ဆီလာတာတဲ့'
ဝဏ္ဏလည်း ဓနငိုနေတာကို ​အဲလက်စ်သတိထားမိသွားမှာမလိုလားတာမို့အမြန်ကာပြောလိုက်ရတယ်။
'awwအေး..ဒါနဲ့ ဓန... ငါဒီနေ့မင်းကိုလာမခေါ်မိဘူးsorryပါနော် ကိုကိုနိုင့်မိန်းမ ဆုံးသွားလို့လေ..'
'အင်း....'
ကျနော်ကိုကို့ကို ကျနော်မျက်နှာကိုမပြဝံ့ဘူး..။ကျနော်ငိုနေတာသိရင်သူစိတ်ဆိုးမှာ သိတယ်မလား ကိုကိုက အားနည်းတဲ့သူတွေဆိုမကြိုက်ဖူးလေ...။
'ဟိတ် နွယ်..ငါက မှူး..မမှူး လို့ခေါ်လို့ရတယ်'
'မခေါ်ပါဘူး..အားအားယားယား..'
'ဟွန့်...'
ဒီခလေးမကတော့စွာလိုက်တာလွန်ရော။
'မှူး..ဘာကိစ္စလည်း '
'အိုboss bossဘာလို့မပြောမဆိုနဲ့ထွက်သွားရတာလဲ ညီမတို့အလုပ်ပိပြီးသေတော့မလို့...'
မမှူးလည်းချွေးသုတ်ရင်း အဲလက်စ်အားမကြည်အကြည့်နဲ့ကြည့်ကာပြောလာခဲ့တယ်။
'ကိုကိုနိုင့်မိန်းမဆုံးသွားလို့...'
'ဘယ်လို..ဘယ်လိုဖြစ်ပြီ '
မမှူးလဲအဲလက်စ်စကားကြားမှ တအံတသြဖြစ်သွားရတယ်လေ။
'ကင်ဆာနဲ့လေ..သူမအေးချမ်းသွားပါပြီ..'
'ဟုတ်ကဲ့ပါboss'
'ကဲ သွားကြမယ် အလုပ်ဆက်လုပ်ကြတာပေါ့'
'ဟုတ်boss'
ကိုကိုတို့အပြင်ထွက်သွားတော့မှ ကျနော်တို့အောက်ထပ်ပြန်ဆင်းလာခဲ့လိုက်တယ်..။ထိုအချိန်မှာပဲ..။
'ဓန...လာအုံး'
'....'
'ငါအပြင်မှာစောင့်နေမယ် ဓန '
'အင်းပါ'
မာမီတို့အခန်းကအရင်ကထပ်ပိုပြီးအေးစက်နေတယ်...။
'ဓန...မင်းဒီလကုန်၅ရက်နေ့ကျရင်တခြားနေရာပြောင်းဖို့ပြင်ထားတော့..'
'ဟင်...'
'မင်းကိုငါတို့အိမ်မှာဆက်ထားစရာအကြောင်းမရှိတော့ဘူး..'
မာမီရော၊ဒယ်ဒီရောကမျက်နှထားတွေတင်းနေကြတယ်။နေရခက်တယ်။
'ဟုတ်ကဲ့ပါ..'
'မင်းဘာလို့လဲ မမေးတော့ဘူးလား'
'ကျနော်သိပြီးသားပါ..ကျနော်က တစ်ချိန်ချိန်မှာဒီလိုပဲ ထွက်ခွာသွားရမဲ့လူဆိုတာ..'
ကျနော်ထိုအခန်းထဲကထွက်လာခဲ့လိုက်တယ်..။
'ဓန..ငါကြားလိုက်တယ်... မင်းငါ့အိမ်မှာလိုက်နေလို့ရတယ်သိလား ငါတို့အချိန်ပိုင်းအလုပ်လဲအတူလုပ်လို့ရတယ်..မင်းစိတ်မကောင်းမဖြစ်နဲ့တော့နော်..'
ကျနော်အပြင်ထွက်လာတာနဲ့ချက်ချင်းနှစ်သိမ့်လာတဲ့ဝဏ္ဏ။
'အင်းကျေးဇူးပဲ...လာ ငါတို့ကိုနွယ် ဒေါသပုံထနေလောက်ပြီ'
'အေးဟုတ်သားနော်...'
ကျနော့်ဘေးမှာကောင်းကောင်းဆိုးဆိုးအမြဲရှိနေပေးခဲ့တဲ့ ဓန အတွက် ကျနော် အကောင်းဆုံးကြိုးစားပြီး၊သူစိတ်ချမ်းသာအောင်ထားပေးမှာပါ....။
.............................ကြွေ..............................

''ကြွေ'' (Completed) Where stories live. Discover now