အပိုင်း၉

4.4K 239 3
                                    

ကျနော့်မှာလဲဟိုနှာဘူးကောင်phခေါ်မှာကိုကြောက်နေရတယ်..။မမှူးဆိုသည်မှာလည်းသူတော်ကောင်းမကြီးပဲဘယ်သူအကူအညီတောင်းတောင်းကူညီနေတော့တာပဲ..။ဝိုးးငါ့bossလာပြီဟ..။
'မဂ်လာပါ bossဒီနေ့လည်းနောက်ကျပြန်ပြီနော်'
အဲလက်စ်ရှေ့ကနေအားရဝမ်းသာကြိုဆိုလာတဲ့စည်သူ။
'.....'
'?..boss...boss'
bossကျနော့်ကိုရှောင်ပီးထွက်သွားတယ်။ဘာကြောင့်လည်း..မဟုတ်မှမနေ့ကကိစ္စကြောင့်များလား..။bossကတကယ်ကြီးgayတွေကိုမကြိုက်တာလား..။တခြားgayတွေကိုမုန်းချင်မုန်းလို့ရတယ်။ဒါမဲ့ကျနော့်ကိုတော့မမုန်းလိုက်ပါနဲ့ဗျာ..။
'မမှူး...'
'အို..ဘုရားရဲ့..နင်..နင်ဘာဖြစ်လာတာလဲ..အခုပဲသေတော့မဲ့ရုပ်နဲ့..'
မျက်နှာသေကြီးဖြင့်..၊ထမင်းဆယ်ရက်လောက်မစားထားရသလိုပုံစံမျိုးဖြင့်မမှူးရှေ့ပေါ်လာသူ။
'bossကကျနော့်ကိုပလစ်တယ်...bossနဲ့ရင်းနှီးအောင်ကြိုးစားရုံလေးရှိသေး..ဟိုသူတောင်းစားကြောင့်ပျက်စီးကုန်ပြီဗျာ...'
ခေါင်းငိုက်စိုက်ကျကာ၊လက်သီးလက်မောင်းတန်းရင်းဒေါသသံဖြင့်ပြောလာသူ။
'ငါပြောသားပဲငါတို့bossကလုံးဝကိုstraightပါလို့..'
ရှေ့သို့ကျနေတဲ့ဆံပင်နီဆွေးဆွေးအား၊နားရွက်ကြားညှပ်ကာ ၊စိတ်မရှည်ဟန်ဖြင့်ပြောလာတဲ့မမှုးကြောင့်..စည်သူတစ်ယောက်ပိုပြီးမကျေမနပ်ဖြစ်နေလေရဲ့။
'ကျနော်ကွေးအောင်လုပ်ပြမယ်ကြည့်ထားလိုက်..ဟွန့်..'
စာပွဲပေါ်တက်ထိုင်ကာ..မေးငေါ့ရင်းပြောလာတဲ့စည်သူ။
'ဒီမှာအလုပ်သင်ပေါက်စလေး..ငါတော့အနံတွေရနေပီ'
မမှူးကနှာခေါင်းရှုံ့ရင်းပြောမိတော့..။
'ဘာအနံ့လည်းဗျ..ကျနော်ရေချိုးလာပါတယ်'
သူ့ကိုယ်သူ..တရှုန့်ရှုန့်နမ်းကြည့်ရင်းပြောလာသူ..။
'အလုပ်အဖြုတ်ခံရတော့မဲ့အနံ့...ဟားဟား...'
ရုတ်တရက်ကြီးထရယ်လာတာကြောင့် ကျနော်လန့်တောင်လန့်သွားမိပါတယ်။
'ဟွန့်...အက်လိုအသံပြဲကြီးနဲ့အောင်ရယ်နေလို့ဘဲမရပဲ Faဘဝနဲ့ငှက်ပျောတုံးဖက်ပြီးသဂြိုလ်တာခံရမှာ..'
'အမလေး..ဖက်ဖက်လွဲပါစေ..ချော်ပါစေတော်..နင်ကလည်းငါ့ကိုလာဘ်ပိတ်အောင်..'
သူ့ရင်ဘက်သူပုတ်ရင်း..စည်သူကျိန်ဆဲတာကိုမဖြစ်ကြောင့်ပြန်ဖြေနေသူ။
'အမအသက်ကဖြင့်၃၀ပြည့်တော့မှာကို..လာဘ်ပွင့်ဖို့နေနေသာသာ..Faမကြီး..တစ်သက်လုံးဘဲမရပါစေနဲ့'
စည်သူတစ်ယောက်မမှူးကိုအနိုင်ပြောပြီးတာနဲ့ ၊ပြေးထွက်သွားလိုက်တာ၊လိုက်လို့တောင်မမှီလိုက်ပါဘူး..။
'တောင်းစားလေး..ငါ့ကိုပြောသွားလိုက်တာများ...'
ဒေါကန်ရင်းကျန်နေခဲ့သူ။
........
Meetingအခန်းထဲဝင်ဖို့ပြင်ဆင်နေရင်းသတိရမိတာက..၊ကိုကိုနိုင် ဒီနေ့လဲမလာဘူးပဲ..။သူ့မိန်းမအတော်နေမကောင်းဖြစ်နေပုံပဲ..။လူနာသွားမေးအုံးမှပါ..။
'helloသခင်လေး..ကျနော့်ကိုလိုလို့လားဗျ..သခင်လေးအခုဘယ်မှာလည်းကျနော်လာခဲ့ပါ့မယ်..'
ကျနော်Phoneဆက်တာနဲ့ချက်ချင်း၊Pnoneကိုင်တက်တာကတော့ ဓနနဲ့ကိုကိုနိုင်နှစ်ယောက်သာ။
'မင်းမိန်းမကိုဘယ်ဆေးရုံမှာတင်ထားတာလဲ'
'ဟင်..ဘာလို့လဲသခင်လေး'
'ပြောမှာသာပြောစမ်းပါ'
အမိန်သံနဲနဲပါတော့မှ ကိုကိုနိုင့်ဆီကဆေးရုံလိပ်စာသိရတော့တယ်။
'awwဟုတ်သခင်လေး..****မှာပါ'
'ok..ဒါပဲ...'
ကျနော်သိချင်တာသိရပြီဆိုတော့ ဘာမှဆက်ပြောမနေတော့ပဲPhoneချလိုက်တော့တယ်။
'awwဟုတ်သခင်လေး..'
သခင်လေးလာမို့နဲ့တူတယ်..။အခန်းကိုပိုသန့်ရှင်းအောင်လုပ်မှဖြစ်မယ်..။သခင်လေးကအသန့်သိပ်ကြိုက်တာ..။သခင်လေး ခလေးရောချစ်တက်ရဲ့လား..။ဒီလောက်နှစ်အကြာကြီးအတူရှိလာတာတောင်သခင်လေးခလေးချစ်တက်လားလို့စဉ်းစားနေရသေးရင်ငါသိပ်ညံ့တာပဲ...။ငါ့သားနဲ့သမီးကိုပြန်ခိုင်းရမလား..။
'မှူးရေ..ဒီmeetingပီးရင်ဘာအချိန်ဇယားရှိသေးလဲ'
meetingမပြီးခင် မမှူးအားနောက်အချိန်အားမအားအရင်မေးကြည့်ရတယ်။
'တစ်ချက်ကြည့်လိုက်မယ်boss..umm နိုင်ငံခြားCompanyတစ်ခုနဲ့ချိန်းဆိုထားတာရှိပါတယ်boss'
'အက်နောက်ကော..'
'မရှိသေးဘူးboss'
'okတကယ်လို့ထပ်ရှိလာရင်ဖျက်လိုက်တော့ငါသွားစရာရှိတယ်'
Bossအလျင်လိုနေတဲ့ပုံပဲ။
'yes boss..ဒါနဲ့လေboss..bossအသက်ကဘယ်လောက်လဲ..ညီမအသက်က၂၉လေ..bossကညီမထက်ကြီးလို့လား..ညီမကိုမှူးလိုပဲခေါ်တော့လေ..အရင်ထဲကမေးချင်နေတာ..'
'ကြီးတယ်လို့ပဲသိထားလိုက်..သွားပြင်ဆင်တော့..၅မိနစ်နေရင်သွားကြမယ်..'
ပြောပြီးတာနဲ့Meetingခန်းကနေထထွက်သွားတဲ့အဲလက်စ်။
'ဟုတ်..'
bossကတော့လေ တစ်ချိန်လုံးလျှို့ဝှက်နေတော့တာပဲ။ အသက်လေးကိုတောင်မပြောပြဘူး...။
'ဓန..ငါတို့အခုဘယ်သွားနေတာလဲ'
'somewhere? ?'
ပြောင်စပ်စပ်မျက်နှာထားနဲ့ပြောလာတာကြောင့်..ဘာပြန်ပြောရမှန်းတောင်မသိတော့ပါဘူး။
'ဟမ်..'
'ဟားဟား..ရေသွားကူးကြမလား..'
ကျနော်ကြောင်စီစီဖြစ်သွားတာကိုသတိထားမိသွားပုံပဲ..ကျေးဇူးပါတိုက်ရိုက်ပြောပေးလို့..။(ရွဲ့ပြီးတွေးခြင်းပါ)
'အယ်..မကူးချင်ပါဘူး..အသားမဲလိမ့်မယ်..ဒီခေတ်ကဖြူမှသန့်တာကွ...မင်းအသားအရေကိုလဲကြည့်အုံးတဖြေးဖြေးမီးသွေးခဲဖြစ်တော့မယ် skincare ဖို့လိုနေပြီကွ'
ဓနကိုကြည့်ကာ..မဲ့ရွဲ့ရင်းပြောလာတဲ့စည်သူ။
'ငါကမဖြူလဲရတယ်..ငါမှရည်းစားမလိုချင်တာ..ငါ့မှာကိုကိုရှိရင်ပြီးပြည့်စုံနေပြီလေ'
မျက်စိတစ်ဖက်မှတ်ပြရင်းပြောလာတဲ့ဓနကြောင့်။
'ဟဟ ရယ်ရတယ်'
လှောင်ရယ်ရယ်မိသွားတဲ့စည်သူ။
'ကဲသွားမှာလားမသွားဘူးလား ဝဏ္ဏ '
ကျနော်သွားမယ်လို့မပြောမချင်း..နားပူနားဆာလုပ်နေမယ်ဆိုတာကြိုသိနေတာမို့။
'အေးသွားမယ်ကွာ..'
လက်ခံလိုက်ရတော့တာပေါ့ဗျာ။
'နေအုန်းကိုကို့ကိုphဆက်လိုက်အုံးမယ်'
'အယ် ဘာလို့'
'ကိုကိုလာကြိုတဲ့အချိန်ငါ့ကိုမတွေ့ရင်စိတ်ပူနေမှာစိုးလို့လေ..မင်းရော..မင်းအမေကိုphမဆက်ထားဘူးလား..ငါတို့ပြန်လာတဲ့အချိန်နောက်ကျနေရင်ဘယ့်နှယ့်လုပ်မလဲ'
ဓနသတိပေးမှပဲ သတိရတော့တယ်။
'ဟုတ်သားပဲ...အေးအေးဆက်လိုက်အုံးမယ်'
ဂျီ..ဂျီ........ဂျီဂျီ....
ဘယ်သူလဲဟ..၊ဒီလောက်phတွေဆက်တိုက်ခေါ်နေတာ..။ဟမ် ဓနလား..။ဒီအချိန်သူစာသင်နေရမှာမဟုတ်ဖူးလား...။
'Excuse me, sorry for this..may I??'
(တစ်ဆိတ်လောက်ပါဗျ၊ဒီအတွက်စိတ်မကောင်းပင်မဲ့ကျနော်လုပ်ခွင့်ရှိမလား။)
'yeap,..It's ok. pick it up'
(ဒါပေါ့။အဆင်ပြေပါတယ်။ကိုင်လိုက်ပါ)
'thanks alots..'
(ကျေးဇူးအများကြီးတင်ပါတယ်ဗျ)
တဖက်က လုပ်ငန်းရှင်တွေဆီကခွင့်ပြုချက်အရင်တောင်းပြီးအခန်းအပြင်ဘက်ကိုထွက်လာရတယ်။ဒီကောင်ပေါက်စကတော့။
'hello..ကိုကိုကျနော်phခေါ်နေတာကြာလှနေပီလေ..'
'ငါ အလုပ်ကိစ္စဆွေးနွေးနေလို့ မင်းကဆက်တိုက်ကိုခေါ်နေလို့ကိုင်လိုက်ရတယ်..ပြောစမ်းပါအုံးမင်းအခုချိန်ဆိုစာသင်နေရမှာမဟုတ်လား တိတိကျကျပြောရရင် အထူးတန်းသချာ်ချိန်မဟုတ်လား...'
တကယ့်ကိုကိုပါဆို။ဉာဏ်ကလည်းကောင်းချက်၊ကျနော့်စာသင်ချိန်တွေကိုပါမှတ်ထားတယ်ဗျာ။
'အိုး...ကိုကိုကသိနေတာပဲလား..ဟီး..ဒီလိုပါပဲကိုကိုရာ..ပြသနာနဲနဲတက်လို့..'
'ရန်ဖြစ်တာလား..နိုင်လား'
ထင်တဲ့အတိုင်းပါပဲရန်ဖြစ်လာတယ်လို့ပြောတိုင်းကျနော့်ကိုအနိုင်ရစေချင်တဲ့ကိုကိုပါဗျာ။
'ဟီး..နိုင်တာကနိုင်တယ်..ဖြစ်တာက သချာ်ဆရာမနဲ့'
'ဘာကြောင့်လဲ?'
ငါပြောလိုက်ရင်..ငါ့ကိုပါ၊ကိုကိုတမျိုးထင်သွားလိမ့်မယ်..။
'ဗျာ..ဟုတ်ဆရာမ..လာပါပြီခမျ ကိုကို ကျနော်သွားရတော့မယ်..ကိုကိုဒီနေ့ကျနော့်ကိုလာမကြိုတော့နဲ့နော်..ကျနော်အပိုချိန်တက်ရတော့မှာ..ဟီး.. ဆရာမအပြစ်ပေးတာလေ'
ကျနော်လိမ်တာမသိသာလောက်ဖူးမလား။
'အေးပါ..ဒါဆိုလဲ..ငါချတော့မယ်..'
'ဟုတ်ကဲ့ကိုကို..ညမှတွေ့မယ်'
'omm'
....
'ဟေ့ကောင်မင်းphပြောတာကြာလိုက်တာကွာ'
စိတ်မရှည်ဟန်ဖြင့်ဓနပုခုံးဖက်ရင်စလာပြောတဲ့ရှိုင်းဝဏ္ဏ။
'ဟဲဟဲ လာသွားကြဆို့..'
'အေးအေးးသေအောင်ဆွဲနေတော့တာပဲ...'
ကိုကို့ကိုလိမ်မိပြန်ပြီ။ ဒီတစ်ခါထပ်မိရင်ငါတော့အရိုက်မခံရလောက်တော့ဘူးမလား..။ဟဟ။
Meeting ပြီးတာနဲ့ ကိုကိုနိုင်တို့ဆီသွားဖို့ပြင်ရတော့တာပေါ့။
'လူမမာသွားမေးမှာသင့်တော်မဲ့လက်ဆောင်ခြင်းတစ်ခြင်းပေးပါ...'
'ဒါပဲလားရှင့်..'
'umm..ဒီတစ်လော..ခလေးတွေအစားများတဲ့မုန့်လဲပြပေးပါ'
'awwဟုတ်ကဲ့ပါရှင့်....ရပါပီရှင့်..၆သိန်း၇သောင်း၂ထောင်ကျသင့်ပါတယ်ရှင့်'
'ဒီမှာ..ကတ်နဲ့ရှင်းမယ်'
'ဟုတ်ကဲ့ပါရှင့်...ကျေးဇူးပါနော်နောက်လည်းလာအားပေးပါအုံးရှင့်..'
'ok'
ပန်းဝယ်ရင်ကောင်းမလား..၊ပန်းနဲမတည့်မှာစိုးတယ်..၊ဝယ်မနေတော့ပါဘူး...။အော်ဒါနဲ့...ဓန..မင်းအိမ်ပြန်ရောက်တာနဲ့ဖင်ချွတ်ပြီးရိုက်ခံဖို့သာပြင်ထားလိုက်တော့...။
.................................ကြွေ..................................

''ကြွေ'' (Completed) Where stories live. Discover now