အပိုင်း၂၇

3.8K 198 0
                                    

ကျနော့်တစ်ကိုယ်လုံးတုန်ရီနေခဲ့တယ်..။ကျနော်ကိုကို့ကိုမခေါ်ချင်ဘူး ၊ကိုကိုကျနော့်ကြောင့်ထိခိုက်မှာကို
မလိုလားတာမှန်ပင်မဲ့ ၊အကိုမိုးမခထိခိုက်သွားရင်
ကိုကိုဝမ်းနည်းပြီးနာကျင်ရမယ်မလား..။
'မင်းphမဆက်သေးဘူးလား...'
'အစ်..အ့..ဟင်းဟင်းးး'
ကျနော့်ကိုလှမ်းမေးရင်းနဲ့ကို ၊အကိုမိုးမခလည်ပင်းကိုပိုပိုပြီးတိုးညှစ်နေတာကြောင့်။
'ခများသူ့ကိုညှစ်နေတာရပ်လိုက်တော့!ကျနော့်ကိုကြိုးဖြေပေး...'
'ဘာလို့ဖြေပေးရမှာလဲ ငါတို့ကမင်းကိုခေါ်ပဲခေါ်ခိုင်းတာလေ ငါလည်း မင်းကိုကိုရဲ့Phone numberကိုသိနေတာပဲကို မင်းလည်းနှိပ်စရာမလိုဘူးမဟုတ်လား..'.
'ကျစ်!'
'မင်းသူ့ကိုခေါ်တဲ့အခါငါပြောသလိုပြောရမယ်မဟုတ်လို့ကတော့ ဒီကောင့်အလောင်းကိုသယ်သွားရလိမ့်မယ်နော်..'
အကိုမိုးမခလည်း၊လည်ပင်းညှစ်ခံထားရတာကြောင့်..၊မေ့လုမတက်အသက်လုရှူနေရတယ်..။
'ဟိတ်phဆက်ပေးလိုက် Speaker ဖွင့်ထားနော် ငါနားထောင်နေမယ်..'
'ကျစ်!'
'phမကိုင်ဘူး '
'boss အရှေ့မှာ ရောက်နေတယ်ဒေစီအဲလက်စ်'
'ဟင့်..phလေးပဲဆက်ရသေးရောက်နှင့်နေပြီတဲ့လား ဘယ်သူသတင်းပေးလိုက်တာလဲနော်...ကဲကဲ အစီအစဥ်ပြောင်းကြတာပေါ့... '
...........
ကျနော်အထဲကိုရောက်ရောက်ချင်း၊မေ့မျောလုနီးပါးဖြစ်နေတဲ့၊မိုးမခကိုတွေ့ရတာမို့။
'မိုးမခ.... Juneမင်းဘာလို့ သူ့ကိုဖမ်းသွားတာလဲ!ရရဲ့လား မိုးမခ ငါကြိုးဖြေပေးမယ်..'
ကျနော်မိုးမခအနားမရောက်ခင်မှာပဲ။
'ကိုကို...'
အမှောင်တစ်နေရာကနေ ထွက်ပေါ်လာသူ...။
'ဟင်...မောင်...'
'.....'
ဘာလဲ မောင်က ဘာလို့မိုးမခနဲ့ရှိနေရတာလဲ ၊ပြီးတော့မောင်ကအဖမ်းခံထားရတာလား ၊တစ်ကိုယ်လုံးမှာဒဏ်ရာတွေရှိနေပင်မဲ့...၊မိုးမခကိုပဲဘာလို့ကြိုးတုတ်ထားရတာလဲ...။
'မောင် ဘာလို့..'
'ကျနော်ဖမ်းထားတာ...ဟီး...'
'မောင်...မောင်ဘာဖြစ်နေတာလဲ..'
မောင် မိုးမခလည်ပင်းကိုဓားနဲ့ထောက်ထားတယ်...။
'ကျနော့်ကိုမောင်လို့မခေါ်ပါနဲ့ ကိုကို့ရဲ့ မောင်ကဒီမှာလေ...ကိုကိုသူ့ကိုသိပ်ချစ်တယ်မလား..ကျနော်ဒီလောက်အကြာကြီးပျောက်နေတာတောင် ကိုကိုကျနော့်ကိုသတိမရခဲ့ဘူးမလား.. ဟ့ဟုတ်သားပဲ ကိုကို့မှာ ကိုကိုချစ်သူလေးရှိနေပြီပဲ ကျနော့်ကိုဘယ်လိုတော့မလဲ...'
မောင်ပြောသာပြောနေတာ၊သူမျက်နှာမှာစိုးရိမ်မှုတွေဖြတ်ပြေးနေတယ်။မိုးမခကိုဓားနဲ့သာထောက်ထားတာ မိုးမခကိုမထိမိအောင်မနည်းခွာပြီးထိန်းထားသလိုမျိုး။
'မောင်..မောင်အထင်လွဲနေပြီ..ငါမောင့်ကိုနေရာအနှံလိုက်ရှာခဲ့တာတစ်ချိန်လုံးပဲ..ငါမောင့်ကိုအရမ်းလွမ်းနေခဲ့တာ...'
'ဟုတ်လား...ကျနော်မယုံဘူး...'
'ငါမောင့်ကိုချစ်တယ်... ငါအရမ်းချစ်နေခဲ့တာ..ငါမောင့်ကိုချစ်မိသွားပြီဆိုမှ ဘာလို့ ငါ့ကိုထားရစ်ခဲ့ရတာလဲမောင်..'
ကျနော်အက်လိုပြောလိုက်တော့မောင့်မျက်နှာမှာ အံသြသွားသလိုမျိုးဖြစ်သွားပင်မဲ့၊မောင်ကျနော့်မျက်နှာကိုမကြည့်တော့ပဲမျက်နှာလွှဲရင်း။
'ကျနော်ဒီလူ့ကိုသတ်မှာစိုးလို့ ကိုကို ကျနော့်ကိုဒီလိုတွေပြောနေတာမဟုတ်လား...'
ကိုကိုကငါ့ကိုချစ်တယ်တဲ့။
'မဟုတ်ပါဘူးမောင်ရာ..'
'ဒါဆိုရွေး...ကျနော်လား ဒီလူလား...'
'မောင်..ငါမောင့်ကိုပဲရွေးမှာ..ငါမောင့်ကိုအရမ်းချစ်တယ်'
တကယ်ပဲကိုကိုကျနော့်ကိုရွေးတာလား။
'ကိုကို စဥ်းတောင်မစဥ်းစားတော့ဘူးလား..'
'ငါမောင့်ကိုအရမ်းချစ်နေမိပြီမောင်ရဲ့..'
'ဒါဆိုဘာလို့...'
'မိုးမခမှာ ကင်ဆာရှိနေတယ်မောင်...သူ့မှာမိသားစုမရှိဘူးမောင် ငါမှမစောင့်ရှောက်ရင် ဘယ်သူ သူ့ကိုဂရုစိုက်ပေးပါ့မလဲမောင်ရယ်...'
ကျနော်မောင့်ကိုဒီစကားပြောလိုက်တဲ့အချိန် ၊မောင်တုန်လှုပ်သွားတာကိုကျနော်သတိထားမိလိုက်တယ်....။
'ကျနော့်ကိုစိတ်မဆိုးဘူးလား ကျနော်အကိုမိုးမခကိုဒီလိုဖမ်းထားတယ်ဆိုတာတောင်မှလေ..'
'ငါမောင်ဒီလိုမလုပ်ဖူးဆိုတာငါယုံကြည်တယ်...'
'ကိုကို...(မဖြစ်ဖူး..ကျနော့်ကိုမရွေးပါနဲ့..ကိုကိုထိခိုက်မှာကိုမလိုလား..) '
မောင်ကျနော့်ကိုလှမ်းကြည့်ရင်းနှုတ်ခမ်းလှုပ်ရုံသာပြောလာခဲ့တယ်။
ဒိုင်းးးးး!!
'အ့...အဟွတ်...'
မောင့်ကိုJune သေနတ်နဲ့ပစ်လိုက်တာမို့၊မောင်..မောင်လဲကျသွားခဲ့တယ်။
'မောင့်...မောင့်.. '
ကျနော်မောင့်ဆီအပြေးသွားခဲ့ပင်မဲ့၊မကာကွယ်နိုင်ခဲ့ဘူး။
'well well well...'
ဖြောင်းးဖြောင်း...(လက်ခုပ်သံ)
'အဖြစ်မှန်တွေသိကုန်ပြီဆိုတော့လည်း ဒီဇာတ်လမ်းကို ငါကိုယ်တိုင်ပဲအဆုံးသက်ရတော့မှာပေါ့..'
'june..!'
'မင်းတို့အချစ်တွေကရှုပ်ထွေးလိုက်တာနော်...ငါကတော့မင်းတို့ရဲ့ရှုပ်ထွေးတဲ့အချစ်ကမ္ဘာထဲမပါချင်ဘူး...ငါလိုချင်တာ မင်းတစ်ယောက်ထဲပဲဆိုတော့ မင်းအနားမှာရှိသမျှလူတွေအားလုံးကုန်အောင် အမြစ်ဖြုတ်ရမှာပဲ...'
'မင်းယုတ်မာတဲ့ကောင်ပဲ မောင် သတိထားပါအုံး..'
'ကိုကြီး...ကျနော်ကြောက်တယ် '
မိုးမခလေးကလည်း ဓနကိုဖက်ထားတဲ့အဲလက်စ်ရဲ့လက်တစ်ဖက်အားလှမ်းကိုင်ရင်းပြောလာခဲ့တာမို့။
'ငါရှိတယ် မကြောက်နဲ့ ငါနှစ်ယောက်စလုံးကိုရအောင်ကယ်မှာ...'
အဲလက်စ်လည်းနှစ်ယောက်လုံးကိုရင်ခွင်ထဲထည့်ထားရင်း ၊ဂတိနဲ့ဆင်တူတဲ့ဂတိတစ်ခုကိုပေးမိတယ်။
'မင်းကိုနာကျင်အောင်မလုပ်ချင်ဘူး ဒေစီလေးရဲ့ ဒါ့ကြောင့်သူတို့နှစ်ယောက်ကိုအလွတ်ပေးစေချင်ရင် မင်းက ငါ့ရဲ့နှလုံးသားလေးထဲအသာအယာလေးဝင်လိုက်ရုံပဲ ဘားမှမခက်ခဲဘူးမဟုတ်လား...'
အက်လူ...၊Juneဆိုတဲ့လူက ကျနော့်မေးကိုသူ့လက်နဲ့အသာအယာပင့်တင်ရင်းပြောလာတာမို့။
'ဟင့်အင်း.. ကိုကို...ကျနော်လက်မခံနိုင်ဘူး.... အ့...'
'မောင် သွေးတွေတအားထွက်နေတယ်...'
'ဟင်းးဟင်းးးးကိုကြီး...ကျနော် သွားရတော့မယ်ထင်တယ်...'
မောင်ရော၊မိုးမခရောနှစ်ယောက်လုံး..၊အသက်လုနေကြရတယ်။
'မိုးမခ မဖြစ်ဖူး သူ့ကိုဆေးရုံပို့မှဖြစ်မှာ!!'
'သူသွားပါစေ ဒီလိုကြီးခံစားနေရတာထက်စာရင် သေသွားတာကောင်းတယ်မဟုတ်လား..မင်းရှေ့မှာပဲ မင်းချစ်ရတဲ့သူတွေသေသွားမှာကိုတစ်ဝကြီးကြည့်စမ်းပါ'
Juneလိုချင်တာ ငါ့ကိုပဲမို့။
'June!!! ငါ...ငါလက်ခံမယ်ဆိုရင် သူတို့ကိုလွှတ်ပေးမှာလား..'
မဖြစ်ဖူး။
'ဟ့..ဒါပေါ့..'
'ကိုကို..အင့်... '
ကိုကိုကျနော့်ကိုနမ်းတယ်...၊ကျနော်တကယ်သေချာသွားပြီ၊ကိုကိုကျနော့်ကိုတကယ်ချစ်သွားပြီဆိုတာ...။
'ငါမောင့်ကိုချစ်တယ်နော်...'
ကိုကိုက ကျနော့်မျက်နှာကိုသေချာလေးကိုင်ကာ ပါးနှစ်ဖက်ကိုပွတ်သပ်ရင်းပြောလာခဲ့တယ်။
'ကိုကိုရေ ကိုကို့ကိုမိတ်ဆက်ပေးစရာရှိ..ဟင်..ဘာတွေဖြစ်နေကြတာလဲ..'
မိန်းခလေးအသံတစ်သံ...၊နွယ့်အသံမဟုတ်လား။
'Boss!!!'
မမှူးရောပဲ။
'ဟာကွာ နွယ် ဘာလာလုပ်တာလဲ '
'ကိုကို့ကို ညီမလေးရဲ့ ကောင်မလေးနဲ့မိတ်ဆက်ပေးမို့လေ..ဟင် ဓန...အကိုအဲလက်စ်ကော..ကိုကိုဘာတွေလုပ်နေတာလဲ '
နွယ်က အက်လူရဲ့ညီမပေါ့။
ငါ့ဆီမှာအလုပ်လုပ်နေတဲ့အချိန်တုန်းက ၊June ရဲ့Phone Profile ထဲကကောင်မလေးကသူမပဲ။
'Bossရရဲ့လား..ဟင် ဓနလေး သွေးတွေဆေးရုံပို့မှဖြစ်မယ်လေ...'
မမှူးကလည်းအဲလက်စ်တို့ကိုမြင်တာနဲ့၊အပြေးလာပြီးကူညီဖို့လုပ်တယ်လေ။
'နွယ် ပြန်တော့ ငါအလုပ်ငါလုပ်နေတာ'
'မရဘူး...အကိုအဲလက်စ် သွားတော့ဆေးရုံအမြန်ပို့လိုက်ပါ..မမ ညီမနောက်ကပြီးမှလိုက်ခဲ့မယ်'
နွယ်က Juneပြန်ခိုင်းနေတဲ့ကြားက ၊Juneကိုတားထားပြီး အဲလက်စ်တို့ကိုသွားဖို့ပြောခဲ့တယ်လေ။
'ဟုတ်ပြီ နွယ်..'
မမှူးလည်းနွယ့်စကားအတိုင်းပဲ ၊အဲလက်စ်တို့ကိုအပြင်ပြန်ထွက်ဖို့လုပ်ရတော့တာပေါ့။
'ငါ ဓနကိုသယ်မယ် မှူး နင် မိုးမခကိုတွဲခဲ့ပေးပါ'
'ဟုတ်ကဲ့ပါBoss'
အားလုံးထွက်သွားပြီဆိုမှ၊ နွယ်က Juneကိုစကားစလာခဲ့တယ်။
'ကိုကို ချစ်နေခဲ့တာ အကိုအဲလက်စ်ပေါ့. '
'ဟုတ်တယ်..ငါသူ့ကိုငါအပိုင်ဖြစ်ဖို့ငါကြိုးစားနေတာ'
ကိုကိုကနွယ့်ကိုမကြည့်ပဲ၊မျက်နှာလွှဲရင်းပြောလာခဲ့တယ်။
'ကိုကို့လုပ်ရပ်တွေမှားနေတယ်ဆိုတာကိုကိုသိရဲ့လား..ကိုကိုအဖမ်းခံရတာဘယ်နှစ်ခါရှိနေပြီလဲ..ကိုကိုနောင်တမရဘူးလား...ကိုကိုဒီလိုမကောင်းတာတွေဆက်ပြီးလုပ်နေမယ်ဆိုရင် ညီမ ကို ကိုကို့ညီမအဖြစ်ကစွန့်လွှတ်လိုက်တော့...'
'ဒါမဲ့ ငါကသူ့ကိုအရမ်းချစ်တာလေ..'.
'ညီမလေးကိုချစ်တာထက်ကိုပိုချစ်သလား ကိုကို'
'ညီမလေးကိုပိုချစ်တာပေါ့ကွာ'
'ဒါဆို ညီမလေးကိုဂတိပေးပါ...ဒီလိုမျိုးထပ်မလုပ်တော့ပါဘူးလို့'
'ဟင်း....'
'ကိုကို့...'
'အင်း..ကိုကိုဂတိပေးတယ်...'
'ဒီလိုမှပေါ့...ကိုကို့ကြောင့်ညီမကောင်မလေးလဲ လန့်သွားပြီ'
'sorryပါကွာ...'
Juneကိုနွယ်ကဖက်ရင်းပြောလာခဲ့တာမို့၊ Juneလည်းပြန်ဖက်ထားရင်းသက်ပြင်းချမိတယ်လေ။
ဟုတ်သားပဲ ၊ပြန်စဥ်းစားကြည့်မိတော့ ငါ့မှာငါ့ကိုအရမ်းချစ်တဲ့ ညီမလေးရှိနေတာပဲ....။
'နွယ်ရော..ကိုကို့ကိုချစ်လားဟင်..'
June သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားတဲ့နွယ့်အားပြန်မေးမိတယ်။
'ချစ်တာပေါ့ဒီကိုကိုတစ်ယောက်လေးပဲရှိတာကို.. ဝမ်းမနည်းနဲ့'
'အွန်းးးကျေးဇူးပါ ...'
ငါရူးနှမ်းတဲ့လုပ်ရပ်တွေအများကြီးလုပ်ခဲ့မိတယ်...။ငါ့ကြောင့် လူတွေထိခိုက်နာကျင်ရတာများခဲ့ပြီ.....။ဒီ့အတွက် ငါအပြစ်ကျေအောင်ဘယ်လိုလုပ်ရမလဲ...။
.............................ကြွေ.......................

''ကြွေ'' (Completed) Waar verhalen tot leven komen. Ontdek het nu