အပိုင်း၁၆

4K 213 1
                                    

ကိုကို့ကိုအိမ်ပြန်ပို့ပေးခဲ့ပြီးကျနော်ဝဏ္ဏဆီပြန်လာခဲ့လိုက်တော့ ၊အံ့ဖွယ်မြင်ကွင်းတစ်ခုကိုမြင်တွေ့လိုက်ရတယ်..။
'ဝဏ္ဏ..အကိုစည်သူမဟုတ်လားဘယ်လိုလုပ်..'
အကိုစည်သူက ဝဏ္ဏနဲ့အတူရှိနေတာပဲ။
'arrအကိုbossနောက်လိုက်လာတာ boss company မှာဘာထဖြစ်မှန်းမသိပဲခုံကိုလက်သီးနဲ့ထိုးချလိုက်တာလေ..'
အကိုစည်သူပြောမှ ကျနော်၊ကိုကို့ကိုစိုးရိမ်မိသွားတယ်။
'ဟင် ဟုတ်လား ကိုကို့ကိုကြည့်တော့ဘားမှမဖြစ်ခဲ့သလိုနဲ့..ဝဏ္ဏမင်းတစ်ယောက်ထဲအဆင်ပြေလား..ငါကိုကို့ဆီပြန်တော့မယ်'
ကျနော်လည်းဝဏ္ဏကိုမထားခဲ့ချင်ပင်မဲ့ ကိုကိုလည်းဒီလိုကိစ္စတွေဖြစ်ထားတော့၊ကိုကို့အနားမှာနေပေးပြီးနှစ်သိမ့်ပေးချင်တယ်လေ။
'bossကဘယ်မှာလဲ '
ကျနော်ကိုကို့ဆီပြန်တော့မယ်လို့ပြောလိုက်တာနဲ့ချက်ချင်းထမေးလာတဲ့အကိုစည်သူ။
'အိမ်မှာလေ ဘာလို့လဲ'
'အကိုလည်းလိုက်ခဲ့ချင်တယ်'
သူလည်းလိုက်ဖို့ဟန်ပြင်တော့။
'အကိုစည်သူ... ကျနော့်ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့ဗျာ..ဓနကပြန်မှာတဲ့လေ ကျနော်အထီးကျန်တာပေါ့ဗျ..'
ဝဏ္ဏက အကိုစည်သူ့လက်ကိုလှမ်းဆွဲလိုက်ရင်းမျက်နှငယ်လေးနဲ့ပြောနေတယ်လေ။
'ကျစ် မင်းဟာမင်းအထီးကျန်တာငါနဲ့ဘာဆိုင်လဲ အစောကတည်းကငါသွားတော့မယ်ဆိုတာကို bossဒီကိုပြန်လာမယ်လို့ပြောလို့ငါဆက်နေ နေရတာ'
ထင်သားပဲ ၊အကိုစည်သူက ဝဏ္ဏကိုအရင်နေ့ကကိစ္စကြောင့်ဒေါကန်နေခဲ့တာကို ဘယ်နှယ့်နးလွယ်လွယ်နဲ့စိတ်ပြေပါ့မလဲ။
'ကျနော် ဒဏ်ရာရထားတဲ့အချိန် ကျနော်ချစ်ရတဲ့သူကိုကျနော့်အနားရှိနေစေချင်တာအပြစ်လားအကို..'
အခုပဲသေတော့မဲ့ရုပ်မျိုးနဲ့ အားငယ်စွာပြောလာတဲ့ရှိုင်းဝဏ္ဏ။
'မင်းမျက်နှာကြီးနဲ့သနားစရာကောင်းအောင်လာလုပ်မနေနဲ့'
စည်သူကလည်းနည်းနည်းလေးမှသနားတဲ့ပုံမပေါ်ပါဘူး။
'အင်းပါ..ကျနော်အိပ်လိုက်အုံးမယ်နော်..ဗိုက်ကဒဏ်ရာကအရမ်းနာတာပဲ..ဓနမင်းပြန်တော့လေ..'
ဓနကိုလှမ်းအချက်ပြလိုက်တာမို့။
'မင်းအဆင်မပြေရင်ငါမပြန်တော့ဘူး..ငါ့ကို​ကိုကကြံ့ခိုင်ပါတယ် ဒါမဲ့မင်းကတော့အားနည်းတယ်မဟုတ်လား ငါမထားခဲ့ရက်ပါဘူးကွာ..ငါ့သူငယ်ချင်းလေးကသနားဖို့ကောင်းလိုက်တာနော် ချစ်နေရတဲ့သူကလည်း ရက်စက်လိုက်တာနော် ဒီလိုအခြေအနေရောက်တာတောင်သနားသမှုနဲ့ မညှင်သာပေးဘူး...ကျွတ်ကျွတ်...'
ဝဏ္ဏဆံပင်လေးတွေးပွတ်သပ်လိုက်၊ဝဏ္ဏလက်လေးကိုနူးနူးညံ့ညံ့လေးကိုင်ကာ မျက်နှာငယ်လေးနဲ့​ပြောလိုက်၊လုပ်နေတဲ့သူကြောင့်စည်သူမနေနိုင်စွာထမေးပြီလေ။
'မင်းအက်လောက်ထိပြောနေရအောင်သူကဘာဖြစ်နေတာမို့လို့လဲ..'
'အကိုစည်သူမသိသေးဘူးလား သူကျည်ထိထားတာလေ ကျနော့်ကြောင့်ပါဗျာ ကျနော့်ကိုကယ်လိုက်လို့ သူ့ကိုမှန်သွားတာ အခုဆိုကျည်ဆံက ပြန်ထုတ်ဖို့အရမ်းခက်တယ်တဲ့လေ..အက်တော့...ဟင်းး..ငါ့သူငယ်ချင်းလေး ငါ့ကိုမထားခဲ့ရဘူးနော်...'
ကျနော်စကားကိုအကိုစည်သူယုံသွားပုံပေါ်ပါရဲ့ ။
'အက်လောက်တောင်လား...ပစ်တဲ့သူကိုမိပြီလား'
စိုးရိမ်စွာမေးလာခဲ့တယ်လေ။
'ဟင့်အင်း..ရဲတွေကိုတော့အကြောင်းကြားထားတယ်'
'ရှိုင်း...မင်းအရမ်းနာနေလား...sorryပါနော်ငါမသိလို့ပါ..ငါနေပေးမယ်လေ..စိတ်မကောင်းမဖြစ်တော့နဲ့'
အကိုစည်သူလည်း ဝဏ္ဏဘေးပြန်ထိုင်လိုက်ပြီးသူစောင့်ပေးမယ်တဲ့လေ။
'ရေဆာတယ် ဓန..'
'အေးငါယူပေး...'
'အကိုသွားယူပေးမယ် ဓနမင်းbossဆီပြန်လိုက်ပါ ရှိုင်းကိုအကိုစောင့်ပေးလိုက်ပါ့မယ်'
Mission Complete! ။
'ဟုတ်ကဲ့ပါအကိုကျေးဇူးပါဗျ ကျနော့်သူငယ်ချင်းကိုစောင့်ရှောက်ပေးပါနော်'
'ဟုတ်ပါပြီ..'
စည်သူရေသွားယူနေချိန်..။
'ဟေ့ကောင် သရုပ်ဆောင်တာပိရိချက် ကျေးဇူးကွာ..'
ဝဏ္ဏလည်းအားရဝမ်းသာနဲ့ထထိုင်ပြီးကျေးဇူးတွေလာတင်နေတယ်လေ။
'ဟဲဟဲငါကဘယ်သူလဲ'
ပုခုံးတွန့်ရင်းပြောလာတဲ့ဓန။
'ငါ့အချစ်ဆုံးသူငယ်ချင်းဓနရှိန်လေ..အာဝါးတောင်ပေးချင်လာပြီ..'
နှုတ်ခမ်းကြီးထော်ပြီးအနားကပ်လာတဲ့သူကြောင့် ၊ဓနတစ်ယောက် အနောက်ဆုတ်ထိုင်ကာဝဏ္ဏမျက်နှာကိုလက်နဲ့တွန်းလွှတ်ရင်း။
'အမလေးလေ..ဖယ်လိုက်စမ်း လာမနမ်းနဲ့ ငါ့ပါးကငါ့ကိုကိုအတွက်ပဲ'
'ပိုလိုက်တာ..သွားပြန်တော့ အကိုပြန်လာတော့မယ်'
'အေး အေး သားကြီးgoodluck'
'အေးချစ်တယ်fri'
ကိုကိုဘာလုပ်နေလောက်မလဲနော် ၊ခုံကိုလက်သီးနဲ့ထိုးတဲ့အကြောင်းက ဟိုကောင့်ကြောင့်ပဲဖြစ်ရမယ်..။
'ကိုကိုရေ...'
'ဓနလေး ပြန်လာတာလား အစောကတစ်ခေါက်ပြန်လာသေးသလားလို့'
ကျနော်အိမ်ရောက်တာနဲ့အိမ်ကဝန်ထမ်းအဒေါ်ကြီးကဆီးကြိုရင်းမေးလာခဲ့တယ်လေ။
'ဟုတ်တယ် ကျနော်အစောက ကိုကို့ကိုလာပို့တာ အခုကိုကိုဘယ်မှာလဲ'
'သခင်လေး ရေစိမ်နေတယ်'
'awwဟုတ်ပြီဗျ ကျနော်ကိုကို့ဆီသွားလိုက်အုံးမယ်နော်'
'ဟုတ်ပါပြီရှင့်...'
ကျနော်လည်းထိုအဒေါ်အားနှုတ်ဆက်ပြီးကိုကို့ဆီတန်းလိုက်ခဲ့လိုက်တော့တယ်။ရေကန်အနားသာရောက်လာတယ်ကိုကို့ကိုမတွေ့တာမို့ စိတ်ပူပြီးရှာကြည့်မိတော့ ၊ကိုကိုရေထဲမှာ...ပြန်ပေါ်မလာဘူး..။
'ကိုကို!..'
ဗွမ်းး!!
'အဟွတ် အဟွတ်.. သေတော့မှာပဲ ဓန မင်းဘာလုပ်တာလဲ'
'ကိုကိုရေနစ်နေတာမဟုတ်ဖူးလား... '
'ဘယ်ကသာ ငါရေငုတ်နေတာဟ..အမလေး မင်းလုပ်မှငါအသက်ထွက်တော့မယ်'
ကျနော်တကယ် ကိုကိုရေနစ်နေတယ်လို့ထင်သွားမိတာ။ဒါမဲ့ကျနော်လုပ်မှကိုကိုသေမလိုဖြစ်သွားတယ်၊ဟိဟိ။
'ဟီး ဆောတီးပါဗျ..'
ကျနော်အက်လိုပြောလိုက်တာနဲ့ ကိုကို့မျက်နှာကချက်ချင်းတည်သွားပြီ။
'ပြန်ပြော'
'arr sorryပါဗျ..'
'အင်းနောက်တစ်ခါမျက်နှာပြောင်ပြီးငပိသံနဲ့ပြောရင် မင်းကိုရေထဲနှစ်ပြစ်မယ်'
​ကြောက်လိုက်တာ။မတော်တဆ English သံမပီသွားရုံလေးကို။
'ကိုကိုကလည်း..အယ် ကိုကိုဒီသီချင်းနားထောင်နေတုန်းပဲလား..'
🎤You look Perfect......tonight . baby..I dancing in the dark.....you between my arm..🎤
ကိုကိုအမြဲလိုလိုနားထောင်နေတက်တဲ့သီချင်းလေး။
'အင်း..ဒီတိုင်း..'
'ကျနော်နဲ့ကချင်လားကိုကို...'
ဓနက ကျနော့်ရှေ့မတ်တပ်ထရပ်လိုက်ရင်း ဘယ်ဘက်လက်လေးကမ်းကာခေါ်လာတာမို့။
'ဟင်..'
'ကျနော်အစကပြန်ဖွင့်လိုက်မယ်...'
'ငါမကချင်...'
🎤I found a love..for...me...🎤
'ကျနော့်ကိုယုံပါ...'
'အင်း...'
ကရတာပိုပြီးသက်တောင့်သက်သာရှိသလိုပဲ...၊လေထဲလွင့်နေသလို ပေါ့ပေါ့ပါးပါးနဲ့၊ ဓန လက်ဖဝါးကြီးကြီးတွေကကျနော့်လက်သွယ်သွယ်တစ်ဖက်ကိုကိုင်ထားပြီးကျန်တစ်ဖက်က ကျနော့်ခါးကိုဖွဖွလေးကိုင်ထားတယ်..။ကျနော်လည်းပဲ လက်တစ်ဖက်ကိုဓန ပုခုံးပေါ်ကိုတင်ထားရင်း..စည်းချက်ညီညီယိမ်းနွဲ့ကာ..ကနေမိတယ်...။

''ကြွေ'' (Completed) Onde histórias criam vida. Descubra agora