1🎥

1.3K 62 37
                                    

"Hey...! Gem Gem ဒီနေ့မင်းရဲ့ထူးခြားတဲ့နေ့ဘဲနော် စိတ်လှုပ်ရှားနေလား.?"

အခုန်မြန်နေသောဘယ်ဘက်နားရှိနှလုံးသားလေးအားလက်ဖြင့်ဖိရင်း Manager ကိုပြုံးပြလိုက်သည်။

"ဟုတ်..နည်းနည်းပါ မာမီ"

"ရော့ အအေးလေးသောက်ပြီးစိတ်တည်ငြိမ်အောင်နေလိုက် မာမီလုပ်စရာရှိတာလေးလက်စသတ်လိုက်အုန်းမယ်နော် ခနနေမင်းနဲ့သရုပ်ဆောင်မဲ့ထိပ်တန်းမင်းသားရောက်လာလိမ့်မယ် နာမည်တော့မှတ်မိပါတယ်နော် Gem Gem "

"အွမ်း... Fourth Nattawat Jirochtikul မမှတ်မိစရာအကြောင်းမရှိပါဘူး ရုပ်ရှင်လောကမှာဟုန်းဟုန်းတောက်နာမည်ကြီးနေတဲ့ မင်းသားဘဲကို"

"ဟုတ်ပါပြီ ဒါဆိုစိတ်ချမယ်နော်သားလေး မာမီသွားပြီ"

ပုခုံးကိုပုတ်ကာထွက်သွားခဲ့သော မန်နေဂျာအားပြုံးပြလိုက်ရင်း လက်ထဲသို့ထည့်သွားသောအအေးလေးကိုသောက်နေလိုက်သည်...

သူနာမည်က Gemini Norawit Titicharoenrak..!တက်သစ်စသရုပ်ဆောင်လေးတစ်ယောက်....ဝါသနာပါတာကြောင့် သရုပ်ဆောင်ရွေးပွဲတွင်ဝင်ပြိုင်ခဲ့ရာမှအရွေးခံခဲ့ရပြီးနောက် ဒီကိုရောက်လာခဲ့ခြင်း...CEOက သူ့အားတက်သစ်စဟူ၍မခွဲခြား အရမ်းသဘောကောင်းသောမန်နေဂျာတစ်ယောက်ထားပေးသည့်အပြင် ဝါရင့်သရုပ်ဆောင်များနှင့်တန်းတူဆက်ဆံသလို သရုပ်ဆောင်အကိုအမစီနီယာတွေကလည်း သူ့ကိုသဘောကျနှစ်သက်ကြသည်...ခင်မင်ကြသည်..တစ်ခြားရယ်တော့မဟုတ်...သူပုံစံဟာဒီတိုင်းကြည့်မည်ဆိုလျှင် cute type နဲ့တောင်နည်းနည်းခပ်ဆင်ဆင်...ရုပ်ခံလေးကလည်းချစ်စရာကောင်းတာကြောင့် အကုန်လုံးကဝိုင်းချစ်ကြသည်...ခဏလေးအတွင်းမှာပင် fanအ‌ေမြာက်အများရရှိခဲ့ပြီး ချစ်စရာနတ်သားလေးတစ်ပါးဟုခေါ်ဝေါ်ခဲ့ကြသည်အထိ...မြင်ရသူတိုင်း သူ့အား Green flag လို့ထင်သွားကြတာများပါသည်...သူဟာ ရောက်ရောက်ချင်းမှာပင်အချစ်ခံလေးဖြစ်ခဲ့ရပြီး ကုမ္ပဏီကစီနီယာအကုန်လုံးနဲ့ထိတွေ့ပြောဆိုခဲ့ဖူးသည်ဆိုသော်လည်း ကုမ္ပဏီရဲ့အကျော်ကြားဆုံးဖြစ်တဲ့ နာမည်ကျော်မင်းသား Fourth Nattawat jirochtikul ကိုတော့ movieထဲမှာလွဲရင် အပြင်မှာတစ်ခါမျှမတွေ့ခဲ့ဖူးပါ မတော်တဆများတွေ့မိမလားအထင်နှင့်ကုမ္ပဏီကိုနေ့တိုင်းလာခဲ့သော်လည်း အရိပ်အယောင်လေးပင်မတွေ့..သို့သော်ရုတ်တရက်သူ့ဆီသို့ရောက်ချလာသောကံကြမ္မာကပေးလိုက်သည့်အခွင့်အရေးတစ်ခုကြောင့် သူမှာ Fourth Nattawat နဲ့အတူဇာတ်ကားရိုက်ဖို့ဖြစ်လာသည်..ထိုဖိတ်စာလေးရောက်လာသည့်အချိန်ကစပြီးအခုချိန်ထိသူစိတ်လှုပ်ရှားနေဆဲ....

Actor Lover ♪Where stories live. Discover now