Parts 💭 19 (U&Z)

Start from the beginning
                                    

ရွှေကူမှားမှန်းသိသည်ကြောင့် ရွှေကူအကိုလေးစကားတွေကိုချေပပြောဆိုဖို့ စဉ်းစားမရအကြပ်ရိုက်နေရသည်။

"စူပါမန်းထင်နေတာလား ဟမ်.. ဘာလဲဒီလမ်းက ကားတွေဆိုင်ကယ်တွေကိုပလပ်စတစ်အရုပ်လေးတွေလို့ထင်နေတာလား.. "

"မဟုတ်ပါဘူး"

"ဘာမဟုတ်တာလဲ ဒီမျက်မှန်နဲ့ညကြီးမောင်းလာတဲ့သတ္တိကိုတော့ချီးကျူးတယ်ကွာ တဂယ်ချီးကျူးတယ် မျက်မှန်ကဘာလို့တပ်ထားသေးတာလဲ မြင်ရတယ်မလားချွတ်ထားလေ"

ဆူငေါက်ရင်းရွဲ့တဲ့အဆင့်ထိရောက်လာသည့်အခါ ရွှေကူမျက်ရည်လေးတွေထိန်းမရဝေ့ဝဲလာရတော့သည်။ ရွှေကူကမှားမှန်းသိပါပြီဆိုမှ အကိုလေးကအတင်းကြီးပြောနေတော့ဝမ်းနည်းမိသွားပါသည်။ အန်တီလေးတို့လိုရွှေကူဘာပြောပြောနားမထောင် ထင်ချင်ရာထင်တွေးချင်ရာတွေး ပြောချင်တာပြောနေသည့်အခြေနေကြီးကိုလဲ ရွှေကူရုတ်တရက်တွေးမိသွားတော့သည်။

"အဲ့ရှေ့ကကားကကိုယ့်ကားဟုတ်မနေရင်ကောင်မလေးမင်း.. အမ်း.. ကိုယ်မပြောတော့ဘူး ဘာမှမပြောတော့ဘူး"

ကွန့်မြူးစိတ်တို၍ရှေ့တည့်တည့်ပြန်ကြည့်လိုက်ကာ နောက်သို့မှီချစိတ်တို့ဖြေနေရတော့သည်။ ကိုယ်သာဘရိတ်အုပ်မမြန်ခဲ့ရင် မင်းကိုယ့်ကားနဲ့တိုက်နေလောက်ပြီကောင်မလေး။ ကိုယ်သေလောက်အောင်စိတ်ပူပြီးမောင်းလာခဲ့တာကလဲ ကိုယ်တိုင်ကောင်မလေးကိုကားနဲ့တိုက်မိတော့မလို့လေကွာ။ ကိုယ်ဘယ်လိုစိတ်လျှော့ရတော့မှာလဲအခု။

နားထဲတရှုံ့ရှံ့နှင့်အသံလေးကြားရသည်ကြောင့် ကွန်းမြူးကောင်မလေးကိုချက်ချင်းပင်လှည့်ကြည့်လိုက်တော့ ခေါင်းလေးငုံ့ပြီးငိုနေတာဖြစ်လေသည်။

"ဘာဖြစ်တာလဲကောင်မလေး ဟမ်ထိခိုက်မိတဲ့နေရာရှိလို့လား "

ခေါင်းသာရမ်းပြ၍လူကိုတော့ကြည့်မလာပေ။

"ရွှေကူကအဆင်ပြေလောက်တယ်ထင်ပြီးမောင်းလာလိုက်တာပါ အကိုလေးကဖုန်းထဲမှာရွှေကူ့ကိုလာခေါ်မယ်လို့လဲမပြောဘူးလေ ရွှေကူကဘယ်သိမလဲ "

ဟုတ်သားပဲ ကွန့်မြူးဘယ်နေရာမှာလဲမေး၍ လာခေါ်ပါမယ်စောင့်နေပါလို့မပြောမိပဲဖုန်းတန်းချပစ်ခဲ့တာလေ။

True Love 💭 (Completed)Where stories live. Discover now