"သခင်လေး ဆွဲလှည်းစောင့်နေပါပြီ
ကျောင်းချိန်နောက်ကျနေပါလိမ့်မယ်~"
"အွန်း လာခဲ့မယ် အဲ့တာဆိုကျွန်တော်သွားတော့မယ်နော်အစ်ကိုအသေးလေး~"
"ကရုစိုက်သွားနော်မောင်~"
ထယ်ယောင်းရဲ့အထိန်းတော်ကခေါ်လာပြီမို့
ဂျောင်ကုမလွတ်ပေးချင်တဲ့ထယ်ယောင်းကို
လွတ်ပေးလိုက်ရပြီ~
"အစ်ကိုဂျောင်ကုက သခင်ငယ်လေးနဲ့ရင်းနှီးတာလား~"
"မဟုတ်ပါဘူး သခင်ငယ်လေးကအရမ်းကိုကြင်နာတတ်သူမို့ပါ~"
"ကျွန်တော်တို့တော့အဲ့လိုမမြင်ဖူးပါဘူး
ပြုံးတာတောင်တစ်ခါမှမမြင်ဖူးဘူး~"
"ပြုံးတာတော့အစ်ကိုလဲတစ်ခါမှမမြင်ဖူးဘူး
ပုံမှန်ရုပ်တည်နေတာနဲ့ အလိုမကျလို့မျက်နှာထားတင်းနေတာဘဲမြင်ဖူးတယ်~"
"ဟုတ်တယ်နော်သခင်ငယ်လေးကဘယ်တော့မှမပြုံးဘူး
အချစ်နဲ့မတွေ့သေးလို့များလား~"
"အချစ်?"
"အင်လေ အချစ်နဲ့တွေ့တဲ့လူတိုင်းက
ပျော်စရာတွေတွေ့ပြီးပြုံးနိုင်ကြလို့လေ~"
*မောင်သာငါ့ကိုပြန်ချစ်ရင်ကောင်းမယ်
ဒါဘေမဲ့မဖြစ်နိုင်ပါဘူးလေ ငါကယောကျာ်းတစ်ယောက်မို့
မောင့်အတွက်မိသားစုနဲ့ဂုဏ်သိက္ခာတွေမပေးနိုင်ဘူး~*
ဂျောင်ကုတစ်ယောက်ထယ်ယောင်းအကြောင်းတွေးရင်း
တစ်ခြားအစေခံတွေကိုအလုပ်ကူနေဘေမဲ့
အရင်နေ့ကလိုလန်းဆန်းတက်ကြွမနေ~
"ဒီကျောင်းကိုဂျပန်ကျောင်းသူလေးတွေ
ထပ်ရောက်လာတယ်နော် ကူညီပေးလိုက်ကြဦး~"
"Nae~"
ထယ်ယောင်းတို့ကျောင်းကဂျပန်တွေဖွင့်ထားတဲ့ကျောင်းမို့လို့
ဂျပန်လူမျိုးကိုရီးယားဂျပန်ကပြားတွေကများတယ်။
ကိုရီးယားလူမျိုးစစ်စစ်တွေက
တစ်ယောက်နှစ်ယောက်သာပါပြီး
အဲ့လူတွေကအကြီးအကဲတွေရဲ့သားတွေဖြစ်တဲ့အပြင်
ကိုရီးယားမိန်းကလေးတွေကစာသင်ခွင့်လုံးဝမရှိ~
စာသင်ခွင့်ရတဲ့အထက်တန်းလွှာကိုရီယားလူမျိုးယောကျာ်းလေးတွေကလဲကျောင်းမှာသူတို့ရဲ့ကိုရီးယားနာမည်ကိုသုံးခွင့်မရှိဘဲသူတို့ပေးထားတဲ့Japanနာမည်ကိုသာသုံးရတယ်။
YOU ARE READING
~~ငွေ့~~{Complete}