"မေ...အာ..သခင်ငယ်လေး~"
"ကျောကဒဏ်ရာဘယ်လိုလဲအစ်ကိုအသေးလေး
သက်သာရဲ့လား~"
ဂျောင်ကုတစ်ယောက် သူ့ဆီလာတဲ့ထယ်ယောင်းကိုမြင်ပြီး
အရမ်းပျော်ရွှင်သွားဘေမဲ့သူများတွေရှိနေတာမို့
အမှားမလုပ်မိအောင်ထိန်းနေရတယ်။
"သက်သာတယ် ဒီမနက်လဲဆေးထပ်လိမ်းထားတယ်
မနက်ဖြန်ဆိုပျောက်ပြီ~"
"နားနားနေနေနေနော် အလုပ်တွေလုပ်မနေနဲ့
ပြီးတော့ဒီညကျွန်တော့်ဆီမလာနဲ့တော့~"
"ဟင်...ဘာ..ဘာဖြစ်လို့လဲ အစ်ကိုအမှားတစ်ခုခုလုပ်မိလို့လား~"
"မဟုတ်ပါဘူး ဘာအမှားမှမလုပ်ပါဘူး
ဒီတိုင်းစမ်းသပ်စရာလေးရှိလို့~"
"ဘာကိုစမ်းသပ်မှာလဲဟင်~"
"ကျွန်တော့်ရဲ့ကျန်းမာရေးကောင်းတာသေချာလား
စမ်းသပ်မလို့ဆောင်ကြာမြိုင်ကအပျော်မယ်နဲ့
ဒီညချိန်းထားတယ်~"
"အဲ့..အဲ့လိုလုပ်မှဖြစ်မှာလားဟင်~"
"အွန်း အတည်ပြုဖို့လိုအပ်နေလို့လေ~"
ထယ်ယောင်းကဘာမှမဖြစ်သလိုပုံမှန်အတိုင်းပြောနေဘေမဲ့
ဂျောင်ကုကတော့မျက်ရည်တွေဝဲပြီး
အသံတွေပါတုန်နေပြီ~
"အင်းပါ မောင့်သဘောပါဒါဘေမဲ့
နောက်ရက်တွေမှာအစ်ကို့ကိုခေါ်ဦးနော်
နေ့တိုင်းမဟုတ်ရင်တောင်တစ်ရက်ခြားနှစ်ရက်ခြားဖြစ်ဖြစ်~"
"အစ်ကိုအသေးလေးအသံတုန်နေတယ်
ကျွန်တော်နဲ့မတွေ့ရမှာအဲ့လောက်တောင်ကြောက်လား~"
"ကြောက်တယ် အရမ်းကြောက်တယ်~"
"နေရအဆင်မပြေတဲ့ပုံဘဲ ခနလောက်ဖက်ထားချင်လား~"
ထယ်ယောင်းကလက်နှစ်ဘက်ကိုဆန့်တန်းပေးတော့
ချက်ချင်းရင်ခွင်ထဲပြေးဝင်လာတဲ့ဂျောင်ကုက
ငိုချင်တာကိုအောင့်ထားရလို့ကိုယ်လုံးလေးတောင်တုန်နေပြီ~
"အဲ့လောက်ကြောက်မနေပါနဲ့
ကျွန်တော်ကအစ်ကိုအသေးလေးကိုနေ့တိုင်းတွေ့ခွင့်ပေးမှာပါ~"
"မောင်ကတိပေးနိုင်လား~"(အသံတိုးတိုးဖြင့်~)
"ပေးနိုင်တာပေါ့ ခရီးသွားတဲ့အချိန်ကလွဲပြီး
ကျန်တဲ့နေ့တွေဆိုနေ့တိုင်းခေါ်ပါ့မယ်~"
YOU ARE READING
~~ငွေ့~~{Complete}