"အင်းပါ~"

နှစ်ယောက်သားစကားလေးပြောရင်း
ဂျောင်ကုရဲ့ကျောပြင်ကိုဆေးထည့်လို့လဲပြီးရော
ဝတ်စရာအင်္ကျီလဲမရှိတော့သလိုရှိရင်လဲဝတ်လို့မရ~

"ဒီညဒီမှာဘဲအိပ်သွားလိုက်တော့~"

"မဖြစ်ဘူးလေ အဖွားစောင့်နေမှာ
ပြီးတော့အလုပ်လဲကူရဦးမယ်~"

"အဲ့တာဆိုလဲသွားလိုက်တော့~"

ထယ်ယောင်းစိတ်ဆိုးသွားပြန်တော့လဲ
ဂျောင်ကုကမနေနိုင်ဖြစ်ကာ
အမြန်လေးထယ်ယောင်းလက်ကိုဆွဲထားမိပြန်ပြီ~

"မောင် စိတ်မဆိုးပါနဲ့နော် အခုပြန်သွားပြီး
ညကိုပြန်လာခဲ့မယ်လေ~"

"ခနနေဆိုညရောက်တော့မှာလေ
အခုတစ်ခါတည်းနေထားတော့~"

"မောင်~~အင်းပါ~"

ဂျောင်ကုဆက်မငြင်းဘဲလက်ခံလိုက်တာနဲ့
ထယ်ယောင်းကပြန်ပြုံးလာပြီးဂျောင်ကုရဲ့ခါးလေးကို
လက်နှစ်ဖက်နဲ့ဆွဲဖက်လိုက်သေး~

"အစ်ကိုအသေးလေးရဲ့အသားတွေအေးနေတယ်
အင်္ကျီဝတ်မှဖြစ်မယ်~"

"ရတယ်မောင် ဒီအတိုင်းလေးဘဲနေပေး~"

ထယ်ယောင်းရဲ့ရင်ခွင်နွေးနွေးထဲနေနေရတဲ့ဂျောင်ကုက
အေးတဲ့ဒဏ်ကိုခုခံနေနိုင်ပြီး
ကျောပြင်ကနာကျင်တဲ့ဒဏ်ကိုလဲမေ့နေပြီ~

"ဒီလောက်လေးနဲ့ရရဲ့လား ရာသီဥတုကအေးတယ်နော်~"

"ရပါတယ် မောင့်ရင်ခွင်ကနွေးနေတယ်~"

"အဲ့တာဆိုခန ပိုနွေးသွားအောင်~"

ပြောပြောဆိုဆိုနဲ့ထယ်ယောင်းက
အပေါ်long coatရဲ့ကြယ်သီးကိုဖြုတ်
အတွင်းcoatအင်္ကျီကြယ်သီးကိုဖြုတ်နောက်ဆုံး
ရှပ်အင်္ကျီကြယ်သီးတွေကိုပါဖြုတ်ကာ
ဂျောင်ကုရဲ့လက်ကိုသူ့ရဲ့အင်္ကျီတွေအတွင်းထဲကနေ
ကျောပြင်ကိုဖက်စေလိုက်တော့သူ့ရင်ဘတ်နဲ့ဂျောင်ကုရင်ဘတ်ကကပ်လျှက်~

"နွေးလိုက်တာမောင်ရယ်~"

"အစ်ကိုအသေးလေးရဲ့ခန္ဓာကိုယ်ကအေးနေတယ်~"

"ဟုတ်တယ်ရသီဥတုကြောင့်လေ
ဒါဘေမဲ့မောင့်ကြောင့်နွေးနေပါပြီ~"

~~ငွေ့~~{Complete}Where stories live. Discover now