"အရမ်းနာတယ်မဟုတ်လားအစ်ကိုအသေးလေး~"
"အွန်း..နာတယ်~"
"ဘာလို့ဘာမဟုတ်တဲ့မုန့်လေးအတွက်အရိုက်ခံနေတာလဲ
ဒီတိုင်းပြလိုက်ရင်ပြီးရောကို~"
"ပြလိုက်ရင် သူတို့ကမုန့်ကိုလဲယူသွားပြီး
ခိုးထားတာဆိုပြီးရိုက်ကြမှာလဲ အဲ့တာဆို
အရိုက်လဲခံရပြီးမောင်နဲ့လဲတွေ့ရမှာမဟုတ်ဘူးလေ
အခုလိုကျတော့အရိုက်ခံရဘေမဲ့မောင်နဲ့တွေ့ရတယ်လေ~"
"ကျွန်တော့်ကိုတော်တော်သဘောကျပုံဘဲ~"
"အများကြီးသဘောကျတယ်~"
"အဲ့လောက်သဘောကျရင်လဲ အစ်ကိုလတ်နဲ့မပတ်သက်ပါနဲ့လား~"
"ပတ်သက်တာမဟုတ်ဘူးမောင်ရဲ့ သခင်လတ်က
ခနခနလာနေတာ စကားပြန်မပြောလဲမကောင်းလို့~~"
"အဲ့တာဆို ဆေးရောင်ဘူးဆိုတာတွေကရော~"
"သခင်လတ်ပေးတဲ့လက်ဆောင်တွေပါ
တစ်ခုမှမသုံးရသေးပါဘူး~"
"လိမ်နေတာမဟုတ်လား~"
"မလိမ်ပါဘူး အခုယူပြဆိုရင်တောင်ယူပြရဲပါတယ်~"
ထယ်ယောင်းအထင်မလွဲစေရန်
အတင်းရှင်းပြနေတဲ့ဂျောင်ကုကသူ့ကျောကဒဏ်ရာ
နာနေတာတောင်ဘယ်ရောက်သွားလဲမသိ~
"ဟုတ်ပါပြီ အဲ့လောက်သေချာနေတော့ယုံလိုက်ပါ့မယ်~"
"အွန်း~ဟိုလေ မောင့်ကိုညတိုင်းတွေ့လို့ရမလားဟင်~"
"ရတယ်လေ ညနေအလုပ်ပြီးတာနဲ့ချက်ချင်းလာခဲ့
Appaတို့သံသယမဝင်အောင်အခန်းသန့်ရှင်းရေးလောက်တော့လုပ်ပေးဦး~"
"လုပ်ပေးမှာပေါ့ မောင်နဲ့တွေ့ရရင်ရပြီ
ကျန်တာဘာဘဲလုပ်ရလုပ်ရ~"
"ဒါနဲ့..အစ်ကိုအသေးလေးရဲ့မိဘတွေရော~"
"စစ်အကြီးအကျယ်ဖြစ်တုန်းကသေသွားပြီ
အဲ့တာကြောင့်အဖွားနဲ့ဘဲကြီးလာတာ~"
"စစ်ပွဲ မောင်မမှီလိုက်ဘူးထင်တယ်~"
"ဘယ်မှီမလဲအစ်ကိုတောင်အဲ့တုန်းကနှစ်နှစ်ကျော်ဘဲရှိသေးတာလေ~"
"အဲ့တုန်းကအရမ်းကြောက်နေမှာဘဲ~"
"ကြောက်တာပေါ့ အဖွားရှိနေလို့သာ~"
YOU ARE READING
~~ငွေ့~~{Complete}