"မခိုးဘူး..ဟင့်...တကယ်မခိုးဘူး~"
"ဒါဆိုဘာလို့နင်ဖွက်ထားတာကိုမပြရဲတာလဲ~"
"ဒီမှာ သခင်ငယ်လေးမနက်ကကျန်ခဲ့တဲ့ဟာ
သခင်ငယ်လေးကိုပြန်ပေးမလို့~"
ဂျောင်ကုကအင်္ကျီထဲဖွက်ထားတဲ့မုန့်ထုပ်လေးကို
ထယ်ယောင်းကိုပြန်ပေးတော့ထယ်ယောင်းတစ်ယောက်
မနက်ကစိတ်တိုတိုနဲ့သူပစ်လိုက်တဲ့မုန့်ဖြစ်နေလို့
ပိုပြီးဒေါသထွက်လာရတယ်။
"ဒါမနက်ကငါကျန်ခဲ့တာဟုတ်တယ်
မင်းတို့တွေကသက်သေမရှိဘဲလူတစ်ယောက်ကို
သူခိုးလို့စွပ်စွဲပြီးသွေးထွက်တဲ့အထိရိုက်နှက်နေတာက
မင်းတို့ကိုယ်မင်းတို့ဘာလို့ထင်နေတာလဲ~"
"တောင်း...တောင်းပန်ပါတယ်သခင်ငယ်လေး~"
"မင်းတို့တွေအကုန်ဒီမှာဒူးထောက်နေကြ
ငါကထလို့ရပြီမပြောမချင်းထဖို့မစဥ်းစားနဲ့!"
"Na..Nae~"
ပြောပြီးတာနဲ့ထယ်ယောင်းက
မကျေမနပ်ဖြစ်နေကြတဲ့အိမ်စေတွေကိုလျစ်လျူရှုကာ
ဂျောင်ကုလက်ကိုဆွဲကာသူ့အခန်းထဲသို့~
"မောင် ဒီမှာမောင့်ရဲ့..ဟင် သွေးထွက်နေတယ်~"
မုန့်ထုပ်ပြန်ပေးဖို့လုပ်ချိန်ထယ်ယောင်းရဲ့လက်သန်းက
သွေးထွက်နေတာမြင်ပြီးအမြန်လေးဆွဲကိုင်လိုက်တဲ့ဂျောင်ကု~
"အရမ်းနာနေလားမောင် ရေဆေးပြီးဆေးထည့်ရအောင်နော်~"
"ခဗျား..ကိုယ့်ဒဏ်ရာကိုယ်ရောမြင်ရဲ့လား
ဒီလောက်သွေးတွေထွက်နေတာမနာဘူးလား!~"
"ဟင့်အင်း မောင့်လက်ကပိုနာမယ့်ပုံဘဲ~"
*မောင်နာကျင်တာကိုမြင်ရတာက
အစ်ကို့နှလုံးတစ်ခုလုံးကိုနာကျင်စေတယ်မောင်~*
"အရူးလိုလုပ်မနေနဲ့တော့ ဒဏ်ရာတွေကိုဆေးလိမ်းပေးမယ်
ထိုင်ခုံမှာထိုင်လိုက်~"
"မောင့်ကိုအရင်လိမ်းပေးမယ် အဲ့တာမှစိတ်အေးရမှာ~"
သူ့ကျောကဒဏ်ရာထက်ထယ်ယောင်းလက်ကဒဏ်ရာလေးကို
ပိုပြီးစိတ်ပူနေတဲ့ဂျောင်ကုကတကယ်ထယ်ယောင်းဆေးလိမ်းပြီးမှသူအလိမ်းခံတာ~
ESTÁS LEYENDO
~~ငွေ့~~{Complete}