"မောင့်ရဲ့နေ့လယ်စာများလား မဖြစ်နိုင်ပါဘူး
နေ့လယ်စာကိုထမင်းစားမှာပေါ့ ဒါကအချိုတည်းဖို့ဖြစ်နိုင်တယ်~"

လိုက်ပေးဖို့လဲမဖြစ်နိုင်တဲ့အခြေနေမှာ
သူ့ကိုပေးဖို့ရည်ရွယ်ခဲ့မှန်းမသိတဲ့cookieလေးတွေကို
ပြန်ထုပ်ရင်းထယ်ယောင်းအပြန်ကိုသာစောင့်နေတဲ့ဂျောင်ကု~

"ညကျရင် မောင်ငါ့ကိုခေါ်ပါ့မလားတောင်မသိဘူး~"

"ဂျောင်ကု မြေးရေ အဖွားကိုအပ်ထဲအပ်ချည်လာထည့်ပေးပါဦး~"

"Nae~"

မုန့်ထုတ်လေးကိုသေချာသိမ်းကာ
သူ့အဖွားကိုအလုပ်သွားကူတဲ့ဂျောင်ကုက
အလုပ်တွေပြီး ထမင်းစားပြီးတာနဲ့ထယ်ယောင်းအကြောင်းကိုစဥ်းစားနေမိပြန်ပြီ~

"ခနနေဆိုပြန်လာတော့မယ်ထင်တယ်
အရင်ကြိုပြီးသွားစောင့်နေရင်ကောင်းမလား~"

အတွေးနဲ့အတူဂျောင်ကုကမုန့်ထုပ်လေးကိုယူကာ
အိမ်ရှေ့အပေါက်ဝနဲ့မလှမ်းမကမ်းမှာရပ်စောင့်နေလေရဲ့~

*ဘယ်ခေတ်ကိုရောက်ရောက် ချမ်းသာတာကတကယ်ကောင်းတာဘဲ ဂျိုဆွန်းခေတ်ရောအခုခေတ်ရော
မောင်ကချမ်းသာတဲ့အိမ်ကမို့တော်ပါသေးတယ်~*

"ဟဲ့!..နင့်လက်ထဲကဘာလဲ~"

"ဟင်..ဘာ...ဘာမှမဟုတ်ပါဘူး~"

အိမ်တော်ရဲ့အစေခံအကြီးအကဲအမျိုးသမီးက
သူ့အနားရောက်လာတာမို့ ဂျောင်ကုတစ်ယောက်
မုန့်ထုပ်လေးကိုအင်္ကျီထဲထည့်ဖွက်လိုက်တယ်။

"ဘာခိုးထားတာလဲပြစမ်း!"

"ဘာမှမခိုးထားပါဘူး~"

"မလိမ်နဲ့~"

"တကယ်ပြောတာပါ မလိမ်ပါဘူး~"

"အဲ့တာဆို ဘာလဲပြလေ~"

"ဟင့်အင်း~"

မုန့်ထုပ်ကိုပြပြီးထယ်ယောင်းဟာလို့ပြောလိုက်ရင်
မိန်းမကြီးကယူသွားမှာမို့ဂျောင်ကုတစ်ယောက်
မုန့်ထုပ်ကိုလုံးဝမပြ~

*မောင်နဲ့တွေ့ရမှဖြစ်မယ်~*

"ဒီလောက်ခေါင်းမာတဲ့ကောင် ကြိမ်တုတ်ယူခဲ့စမ်း!"

~~ငွေ့~~{Complete}Where stories live. Discover now