"သားငယ်လေးကျန်းမာရေးပြန်ကောင်းလာတာကောင်းလိုက်တာ ကုမရတော့ဘူးလို့တောင်ထင်ထားတာ~"
"ကျွန်တော်လဲအဲ့လိုဘဲထင်ထားတာ ဒါဘေမဲ့
အခုကောင်းသွားပြီလေ~"
"အင်းပါ စားစား ပြီးရင်ကျောင်းသွားရမယ်မဟုတ်လား~"
"Nae~"
အရမ်းကိုပျော်ရွှင်နေတဲ့ထယ်ယောင်းက
ထမင်းစားပြီးတော့ကျောင်းသွားဖို့ပြင်ကာ
cookieကြီးကြီးသုံးချပ်ကိုသတင်းစာနဲ့ထုပ်ပြီး
ဂျောင်ကုကိုပေးပို့အနောက်ဆောင်ဆီအရင်သွားတော့သူ့အစ်ကိုလတ်ကသူ့ထက်အရင်ရောက်နေတာ~
"သူကဒီမှာဘာလာလုပ်တာလဲ~"
"မနေ့ကကိုယ်ပေးတဲ့ဆေးရောင်ကိုသုံးကြည့်ပြီးပြီလား
အရောင်ကဘယ်လိုလဲလှရဲ့လား~"
"အင်း လှပါတယ်~"(တာဝန်ကျေ)
*ဘာလဲ အစ်ကိုအသေးလေးကအစ်ကိုလတ်နဲ့လဲ
ပတ်သက်နေတာလား~*
"သဘောရောကျရဲ့လား~"
"ဟုတ်ကဲ့ သဘောကျပါတယ်~"(စိတ်မပါလက်မပါ)
"တောက်စ်!"
"ဟင်?...မောင်!"
တောက်ခေါက်သံနဲ့အတူတစ်ခုခုပစ်ချလိုက်တဲ့အသံကြောင့်
ဂျောင်ကုနောက်လှည့်ကြည့်တော့ထယ်ယောင်းက
တားချိန်တောင်မရလိုက်ဘဲ လှည့်ထွက်သွားပြီ~
"လိုက်မသွားနဲ့တော့ လိုက်လဲမှီမှာမဟုတ်ဘူး~"
"ဒါကကျွန်တော့်ကိစ္စထင်တယ်~"
သူ့ကိုဆွဲတားတဲ့သခင်လတ်ဆီကနေရုန်းထွက်ပြီး
ထယ်ယောင်းပစ်ချသွားတဲ့သတင်းစာထုပ်လေးကိုကောက်ကာအတင်းပြေးလိုက်သွားတဲ့ဂျောင်ကု~
"မောင်...ခနလေးစောင့်ပါဦး~"
ဂျောင်ကုအော်ခေါ်ရင်းပြေးလိုက်သွားဘေမဲ့
ထယ်ယောင်းကမြင်းလှည်းပေါ်တက်ပြီး
ထွက်သွားပြီမို့မမှီလိုက်တော့~
"မောင်ရောက်နေတာငါမသိလို့စိတ်ဆိုးသွားပုံဘဲ
သခင်လတ်ကလဲဘာလို့ခနခနလာနေမှန်းမသိဘူး~"
ဂျောင်ကုတစ်ယောက်
စိတ်ပျက်လက်ပျက်နဲ့သူ့ရဲ့အဆောင်လေးဆီသွားကာ
သတင်းစာထုပ်လေးကိုဖြည်ကြည့်တော့
cookieမုန့်လေးတွေကကျိုးကြေလို့~
YOU ARE READING
~~ငွေ့~~{Complete}