အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။

Start from the beginning
                                    

စုယန်: "ကောင်းပြီ"

ထူထပ်သော တိမ်တိုက်များက ကောင်းကင်ကို လွှမ်းခြုံထားသောကြောင့် မှောင်စပျိုးနေပြီဖြစ်သော ကောင်းကင်ကြီးသည် ပို၍ပင် မည်းမှောင်လာသည်။ ကြီးမားသော နှင်းပွင့်များသည် ပိုထူထပ်လာကာ လူတိုင်း၏ အမြင်အာရုံကို ဖုံးကွယ်ထားသည်။

ကုဖေးတိနှင့် စုယန်တို့သည် ပတ်ဝန်းကျင်အခြေအနေများကို အကဲခတ်ကာ မိမိတို့ကိုယ်ကို ဖုံးကွယ်ထားရင်း ၎င်းတို့၏ အတွင်းအားကို ထိန်းကျောင်းခဲ့သည်။

ခဏကြာပြီးနောက် စုန်းဖြူမျှော်စင်အပြင်ဘက်ရှိ ကင်းလှည့်အဖွဲ့သည် အရှေ့ဘက်ဂိတ်တံခါးဝကို ဖြတ်ကျော်သွားကြသည်။

ကုဖေးတိသည် စုယန်၏လက်ကို ညင်သာစွာ ညစ်လိုက်သည်။ စုယန်သည် ၎င်းကို သတိပြုမိပြီး သူ၏ 'မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်း'ကို အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တံခါးအရှေ့ဘက်ကို စောင့်ကြပ်နေသော ဟေးယွီကင်း‌ထောက်များဆီသို့ ရောက်သွားခဲ့လေ၏။

ဟေးယွီကင်းသမားက အသံမထွက်လာခင် စုယန်သည် လည်ပင်းကို လက်နဲ့ခုတ်ချလိုက်ပြီး သတိလစ်သွားစေသည်။ စုယန်သည် ထိုသူအား လဲကျမသွားစေရန် အလျင်အမြန်ထိန်းလိုက်ပြီး သူ၏ဓားကို သစ်သားနံရံအဟကြားသို့ ထိုးစိုက်ကာ ကင်းထောက်၏ နောက်ကျောကို ဖမ်းထောက်ထားလိုက်သည်။

ဤနည်းဖြင့် တစ်ဖက်ရှိ ကင်းထောက်က လှမ်းကြည့်လျှင်ပင် နှင်းများကြား၌ ပုံမှန်အတိုင်း ရပ်နေသည့် မြင်ကွင်းကိုသာ မြင်ရမည်ဖြစ်သည်။

တစ်ဖက်တွင် ကုဖေးတိသည် ကင်းလှည့်အဖွဲ့များကြားရှိ အချိန်ကွာဟချက်ကို ထောက်လှမ်းပြီးနောက် အလျင်အမြန် ခိုးဝင်ခဲ့သည်။

အစောင့်များ သတိပြုမိပြီး ဝိုင်းရံခံရခြင်းမှ ရှောင်ရှားရန် ၎င်းတို့နှစ်ဦးသည် ကင်းလှည့်လမ်းကြောင်းအတိုင်းလိုက်ကာ တွေ့သမျှ ရန်သူအားလုံးကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ဤဆုံးဖြတ်ချက်သည် သူတို့နှင့် တွေ့သူတိုင်း အသက်မရှင်ကျန်ရဟူသည့် သဘောပင်။

စုယန်သည် ဤဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ အနည်းငယ် တွန့်ဆုတ်နေသေးသော်လည်း သူတို့မှာ အခြားရွေးချယ်စရာမရှိကြောင်း သိပေ၏။ ယခုအချိန်သည် သူ့စိတ်ဆန္ဒကို ဦးစားပေးလို့မရနိုင်ပေ။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now