အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။

ابدأ من البداية
                                    

"သူတို့ရဲ့ ကင်းလှည့်လမ်းကြောင်းက ဟာကွက်မရှိဘူး။ ဒါပေမယ့် တစ္ဆေဇီးကွက်တွေ မရှိသရွေ့ ကိုယ်တို့ ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်တယ်" ကုဖေးတိက စုယန်ထံ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ဒါပေမယ့် အကြီးအကဲက ဘယ်တော့စမလဲဆိုတာ ကိုယ်တို့မသိဘူး။ ဟေးယွီတပ်ကို ကမောက်ကမဖြစ်အောင် လုပ်နိုင်သ၍ ကိုယ်တို့ရဲ့ အခွင့်အလမ်းက ပိုမြင့်မားလာလိမ့်မယ်"

စုယန်သည် မိစ္ဆာဂိုဏ်းရှိ တားမြစ်နယ်မြေကို ခိုးဝင်သောအခါက ကင်းလှည့်ပုံနှင့် ပတ်သတ်၍ အတွေ့အကြုံအချို့ ရရှိခဲ့သည်။ ယခု စုန်းဖြူမျှော်စင်၏ ခံစစ်မှာ အင်အားမများလှကြောင်း သူပြောနိုင်၏။

ကုဖေးတိ၏ စကားကိုကြားသည်နှင့် သူချက်ချင်းခေါင်းညိတ်လိုက်သည်။

"ဂိုဏ်းချုပ် လှုပ်ရှားနေသည်ဖြစ်စေ၊ မလှုပ်ရှားသေးသည်ဖြစ်စေ နောက်ထပ် အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်လောက်ဆို သူတို့ရဲ့ လှည့်ကင်းလမ်းကြောင်းက ဒီကနေဖြတ်သွားလိမ့်မယ်... အဲဒီအခါမှ ကိုယ်တို့ အရှေ့က ကင်းထောက်တွေကိုရှင်းမယ်"

ကုဖေးတိ လှည့်ကြည့်လိုက်သည့်အခါ စုယန်သည် သူ၏ရင်ဘက်ပေါ်မှ ဇာမဏီကျောက်စိမ်းဆွဲသီးကို ပွတ်သပ်နေလေ၏။ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"ဇာမဏီကျောက်စိမ်းမှာ အပြောင်းအလဲ တစ်ခုခုရှိလို့လား?"

စုယန်က ခေါင်းခါပြီး "ဘာမှမဟုတ်ပါဘူး။ နှင်းတွေအရမ်းကျနေတာကြောင့်များလားတော့မသိဘူး.. လွန်ခဲ့တဲ့ရက်တွေကထက် ပိုပူလာတယ်"

ထိုစကားကိုကြားတော့ ကုဖေးတိရဲ့အမူအရာက လေးနက်လာခဲ့သည်။

"အရာဝတ္ထုတစ်ခုက သူ့ရဲ့ကန့်သတ်ချက်ကိုရောက်လာတဲ့အခါ ထူးဆန်းလာတတ်တယ်... ဖြစ်နိုင်တာ သူ့ရဲ့ အကျိုးသက်ရောက်မှုက ကုန်တော့မယ်နဲ့တူတယ်။ အဲ့လော့ကွေးက လှုပ်ရှားမှုတစ်ခုခု ရှိလာသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ်တို့ နောက်အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်အတွင်း အရှေ့ကင်းစခန်းကို ဖြတ်ကျော်မယ့် အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)حيث تعيش القصص. اكتشف الآن