အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။

Start from the beginning
                                    

အဲ့လော့ကွေး၏ ကင်းထောက်များသည် တိုက်ကွက်အချို့ကို လုပ်ဆောင်နိုင်ပုံရပြီး အချင်းချင်း၏ သိုင်း လှုပ်ရှားမှုများကိုလည်း ပံ့ပိုးပေးသည်။ ထို့အပြင်
စုယန်နှင့် ကုဖေးတိ၏ အတားအဆီးများကို ဖြတ်ကျော်ရန် ကြိုးပမ်းမည့်သူ အမြဲရှိနေ၏။ ၎င်းတို့နှစ်ဦးစလုံးသည် ကင်းထောက်လေးဦး၏တိုက်ခိုက်မှုများကို ကျော်လွှားရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း ထွက်ပြေးရန်အခွင့်အရေးကို ဆုပ်ကိုင်ထားရန်လည်း လိုအပ်သည်။ ဤတိုက်ပွဲဟာ လုံးဝ ရိုးစင်းသည်တော့ ဟုတ်မနေချေ။

စုယန်သည် 'မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်း'ကို အသုံးပြုကာ 'ဇီးပင်နီအားယစ်မူးစွာခုတ်ထစ်ခြင်း'၏ သေစေနိုင်သောတိုက်ခိုက်မှုများနှင့်အတူ ပေါင်းစပ်အသုံးပြုလိုက်သည်။ ထိုမှသာ ခက်ခဲစွာ လွတ်မြောက်ရန် ကြိုးစားနေသော ကင်းထောက်ကို သတ်ပစ်နိုင်ခဲ့၏။

တိုက်ပွဲ အနည်းငယ် ကြာမြင့်လာသည်နှင့် သူတို့နှစ်ဦးသည် တဖြည်းဖြည်း အသာစီးရခဲ့သည်။ များမကြာမီပင် ကင်းထောက်များသည် တောင့်မခံနိုင်တော့ဘဲ နောက်ဆုံးတွင် ဓားချက်အောက်၌ အားလုံးသေဆုံးသွားကြတော့၏။

ကုဖေးတိသည် စုယန်အား ဘေး၌ရပ်နေစေပြီး သူသည် လူသေလောင်းများ၏ ကိုယ်ပေါ်၌ ဓားချက်တချို့ ထပ်မံထည့်သွင်းကာ ထန်းယွင်စံအိမ်နှင့် မိစ္ဆာဂိုဏ်း၏ ခြေရာလက်ရာများကို ဖုံးကွယ်ထားခဲ့သည်။ သူတို့သည် အလောင်းများကို မြှုပ်နှံရန် ကြိုးပမ်းအားထုတ်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။ ပထမအချက်မှာ ၎င်းတို့၏ တိုက်ပွဲခြေရာများသည် ထင်ရှားလွန်းသောကြောင့် နှင်းများနှင့် အပေါ်ယံမြေလွှာများ ရှုပ်ပွနေပြီး ကောင်းစွာ မဖုံးဖိနိုင်တော့ပေ။ ဒုတိယ အကြောင်းရင်းကတော့ ....... သူတို့သွားရာလမ်းမှာ ဝံပုလွေတစ်ကောင်၏ ခြေရာများကို တွေ့ရှိခဲ့ခြင်း ဖြစ်ပေ၏။ ထိုနေရာရှိ သွေးနံ့များမှာ အလွန်ပြင်းပြီး သားကောင်ရှားပါးသော ဆောင်းရာသီတွင် ဤ‌သို့သော သွေးနံ့က သားရဲတိရစ္ဆာန်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ယူဆသောကြောင့်ဖြစ်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now