16

310 33 7
                                    

မှန်တင်ခုံအရှေ့တွင်
မိန့်မိန့်ကြီးထိုင်နေကာ
မျက်ခုံးတန်းများကို
တွန့်ချိုးထားသူမှာ တစ်ခုခုကို
အလိုမကျသည့်ဟန်..၊

အင်္ကျီကြယ်သီးကိုသေချာတပ်လိုက်၍
နက်ခ်တိုင်တင်းနေအောင်ဆောင့်ကာ
ဆွဲချည်လိုက်သည်..။

ထိုကလေးနှင့်အတူမနေရတာ
တစ်ပတ်လောက်ပင်ရှိပြီ။
ဘယ်နှယ့်သူ့ကို
ချစ်တယ်လို့ပြောသွားတာတောင်
ဘယ်လောက်ကြာသေးလို့လဲ?

ကျောင်းကပွဲနီးပြီမလို့တဲ့လေ
မအားလို့သူ့ဆီတောင်ပြန်တောင်
မလာတော့။
လွမ်းရတဲ့သူကတော့ခက်ရချည်ရဲ့.။

ဒီနေ့တော့ကျောင်းကပွဲရှိသည်မို့
ထိုအဆိုးလေးနှင့်တွေ့ရတော့မည်လေ။
_______________________

ဂျောင်ဟိုဆော့တစ်ယောက်
ကရမည်ကိုတောင်မေ့နေလေလားမသိ။
ဝင်ပေါက်ကိုသာအာရုံစိုက်၍
တစ်စုံတစ်ယောက်အားလိုက်ရှာနေဟန်။

ပြီးကာမှစိတ်အေးသွားသည့်ပုံနှင့်
ကြည့်မိတော့
ဝင်ပေါက်မှာLambrohgini
ကားအနက်တစ်စီးထဲမှထွက်လာသော
သူသည် ဂုဏ်အပြည့်နှင့်
ခန့်ညားလွန်းကာ ဝတ်ထားသည့်
ကုတ်အနက်နှင့် အလွန်ပင်လိုက်ဖက်လှနေသည်..။

"ရောက်လာပြီလား ကိုကို
အဲ့ဒါဆိုကျွန်တော်သွားတော့မယ်"

ဘယ်လို?သူအခုမှရောက်တာလေ။

"အခုမှရောက်တာကို...
အနမ်းလေးဘာလေးတောင်မပေးတော့ဘူးလား?"

"ဘယ်လိုဖြစ်နေတာလဲ?
လူတွေရှိနေတယ်လေ!"

အသံတိုးတိုးနှင့်သာပြောနေရသောကြောင့်
သိပ်တော့မလွတ်လပ်လှ။

"ဒါဆိုလူတွေမရှိတဲ့နေရာသွားကြမလား?"

"လာမနောက်နဲ့နော်!
ကျွန်တော်သွားရတော့မယ်
ကျွန်တော်ဘယ်လောက်အကတော်လဲ
ဆိုတာကြည့်ထားလိုက်တော့"

နှာခေါင်းရှုံ့ပြကာ
ပြောသွားသော
ကလေးသည် ချစ်ဖို့ကောင်းနေသည့်
အတွက်ကြောင့် ဂျောင်ဂုတောင်ပြုံးမိ
သေးသည်..။

ဖျော်ဖြေမှုစတင်လေပြီ..
ဂျောင်ဟိုဆော့တို့အဖွဲ့သည်
Mainဖြစ်သောကြောင့်
ပိတ်ကားပွင့်လာသည်နှင့်
‌ဟိုဆော့တို့အရင်ကရသည်...။

LOVE[Jk×Jh]Where stories live. Discover now