12

316 41 1
                                    

'ကလင်!ကလင်!'
တံခါးဘဲလ် ပွင့်ဟသံနှင့်အတူ ကောင်တာမှ
မျက်လုံးများမှေးသည်အထိပြုံးကာ
စကားစမည်ပြောနေကြသော
သူနှစ်ဉီးတို့၏အကြည့်မှာ ပွင့်ဟလာသော
တံခါးဆီသို့....။

ဝူရှစ် ကော်ဖီဆိုင်ထဲသို့ဝင်သွားသည်နှင့်အတူ
ကောင်တာမှ ဂျီမင်ဟျောင်းနှင့် စကား
စမည်ပြောနေသော...
တည်တံ့သည့်ရုပ်ရည်နှင့် ခပ်ချော"
မျက်နှာဘေး ရှိသည့်ထိုသူအား
ကြည့်လိုက်မိလေတော့ ဆွဲမက်ချင်စရာ
ကောင်းလှသည့်မျက်ဝန်းများဖြင့်
အကြည့်ချင်းဆုံစေသည်..။
ထိုယောင်္ကျားသည် နှာခေါင်းချွန်"
ဖြောင့်စင်းလှသော နှာတံနှင့်
အနောက်တိုင်းကုတ် အညိုအား စတိုင်ပန်
အနက်နှင့်တွဲဝတ်ထားသည်မှာ
အလွန်ကြည့်ကောင်းနေ၍ ဝူရှစ်ပင်
မနာလိုချင်တော့...။

ဝူရှစ်ကောင်တာသို့ ခပ်တန်း" ပင်
ဝင်သွားလိုက်ကာ ဂျီမင်းဟျောင်းအား
စကားစမိသည်..။
"ဟျောင်းရေ.. ကျွန်တော့်ကို
ချိစ်ကိတ် လေးပေးပါဗျာ.."

"ဘယ်လိုဖြစ်လာတာတုန်း ဝူရှစ်ရ!
မျက်နှာလည်းမကောင်းပါလား?"
အနည်းငယ် စိတ်ညစ်နေပုံပေါ်နေသည့်
မျက်နှာအား စိုးရိမ်နေဟန်ဖြင့်
မေးလိုက်တော့ ပြောလာသည်မှာ
"ဘာမှမဟုတ်ပါဘူးဗျာ...ပင်ပန်းလို့ပါ"
"ကဲ..ဟျောင်းကို ပြေားစမ်းပါဉီး
ဘယ်လိုတွေပင်ပန်းရတယ်ဆိုတာ.."

ဂျီမင်း ဘေးနားမှထိုလူအား
သတိပင်မပြုမိ ဝူရှစ်နားသို့လျှောက်သွားကာ
စားပွဲတစ်ခုတွင်ဝင်ထိုင်ရန်ခေါ်သွားတော့သည်..။
ကျန်ခဲ့သောသူမှာ ကြောင်အမ်း"ဖြင့်သာ
ပြီးကာမှ ဂျီမင်းသတိရသွားဟန်ဖြင့်
အနောက်လှည့်ကာ ကျန်ခဲ့သူအား
စားပွဲတွင်လာထိုင်ရန် လက်ဖြင့်အချက်ပြလာသည်
မို့ ထိုသူလဲထိုစားပွဲတွင် ဝင်ထိုင်လိုက်တော့...။

"ကျွန်တော်အခုလာတာက dream on
ဘားမှာ လာမဲ့အပတ်စနေနေ့လုပ်မဲ့ ပါတီအတွက်
လာဖိတ်တာ...
ကျွန်တော်လဲအကအဖွဲ့ထဲဝင်ထားတယ်..
ရက်ကနီးနေပြီဆို‌တော့ နဲနဲ ပင်ပန်းတာပေါ့ဗျာ
နေ့တိုင်း စာတောင်မသင်နိုင်ဘဲ အကဘဲလေ့ကျင့်
နေရတာ.."
ဝူရှစ် အနည်းငယ်စိတ်ညစ်နေဟန်
မျက်နှာဖြင့် ချိတ်စ်ကိတ်အား စား၍ပြောလာသည်..။
"ဟျောင်းတို့‌လာခဲ့မယ်လေ..ဟိုဆော့ရော
ပါတယ်မလားအဖွဲ့ထဲ?"
"အင်းပါတယ်သူကmainဘဲလေဗျာ"
"‌အော်...ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ်
သူကဟျောင်းရဲ့ ကျောင်းတုန်းကသူငယ်ချင်း
ပတ်ခ်ဆောဂျွန်းတဲ့.. ပါတီကျရင် သူ့ကိုလဲ
ခေါ်ခဲ့မယ်လေ.."
ဂျီမင်း ဆောဂျွန်းအား ကြည့်ကာ
ဝူရှစ်နှင့်မိတ်ဆက်ပေးတော့..
ဆောဂျွန်းက သူ၏လက်အားကမ်းပေးကာ
ပါးချိုင့်များပေါ်၍ မျက်လုံးများမှေးသည်
အထိ ပြုံးပြကာ..
"ကိုယ်ကပတ်ခ်ဆောဂျွန်းပါ..
တွေ့ရတာဝမ်းသားပါတယ်."
ဝူရှစ် ဆောဂျွန်း၏လက်အား ပြန်ကိုင်၍
"ကျွန်တော်က ချွဲဝူရှစ်ပါ
‌တွေ့ရတာဝမ်းသာပါတယ်"

LOVE[Jk×Jh]Where stories live. Discover now