9

315 37 11
                                    

ညဖက်အိပ်စက်ခြင်းများပြီးလို့ နံနက်ခင်းသို့တစ်ဖန်ပြန်ရောက်လာခဲ့ပြန်ပြီ...။
ဂျောင်ဂု အိပ်ယာထက်မှထ၍ ပါးရိုးပေါ်မှဒဏ်ရာအားကပ်ထားသော ပလာစတာအားဉီးစွာကိုင်၍ပြုံးမိသည်
...
ဒီနေ့အလုပ်သွားရမည်ဖြစ်သောကြောင့်ဂျောင်ဂု ရှပ်အင်္ကျီအဖြူကို သာကြယ်သီးသုံးလုံးလောက်ဖြုတ်၍ ကုတ်အား လက်မှကိုင်ကာအောက်သို့ဆင်းလာတော့..။

ထမင်းစားစားပွဲပေါ်သို့ ပေါင်မုန့်ကြက်ဉနှင့်နွားနို့ခွက်အား တင်ပေးနေသောဟိုဆော့ကဂျောင်ဂုကိုတွေ့တော့...
"အလုပ်သွားတော့မို့လား မနက်စာစားသွားအုံးလေ ကျွန်တော်ပြင်ပေးထားတယ်"
ဂျောင်ဂု ထိုအသံအားကြားမှ စားပွဲတွင် ဝင်ထိုင်ကာ
ဟိုဆော့ကျောင်းအင်္ကျီ ဝတ်ထားသည်ကို တွေ့တော့
"ဒီနေ့ကျောင်းသွားရမယ်မှတ်လား ကိုယ်လိုက်ပို့ပေးမယ်!"
"ရပါတယ်"
"မရပါဘူး ကိုယ်လိုက်ပို့မယ် လွယ်အိတ်ယူတော့!"
ထိုအခါမှ ဟိုဆော့ ပါးစပ်ပိတ်သွားကာ လွယ်အိတ်ယူ၍ သွားမည်အလုပ်...
"ခင်များ အင်္ကျီကို ဘယ်လိုဝတ်ထားတာလဲ?"
ရှပ်အင်္ကျီအဖြူအား ကြယ်သီးသုံးလုံးလောက်ဖြုတ်ထား၍ နက်ခ်တိုင် သေချာမဝတ်ထားပါဘဲ ကုတ်အားထပ်ဝတ်ထားသည့်ဂျောင်ဂုကြောင့်...ဟိုဆော့စကားစလိုက်ရသည်..။
"ဟင်?ဒီလိုဘဲ ဝတ်နေကျလေ.."
ဂျောင်ဂု ကြောင်အစွာ ပြောမိတော့..
ဟိုဆော့ဂျောင်ဂု အနားအားကပ်ကာ နက်ခ်တိုင် ကိုသေသပ်သွားအောင်ပြင်ပေးမိတော့...
၇လက်မလောက်ပုနေတဲ့ ဟိုဆော့က အ‌ေါ်မနည်းမော့နေရသည်မို့ ဂျောင်ဂုခါးအား နည်း"ကိုင်းပေးလိုက်သည်...။
နက်ခ်တိုင်‌ပြင်ပေးနေတဲ့ကောင်လေးကို ငုံ့"ကြည့်မိတော့ လဲဂျောင်ဂုပြုံးမိသားပဲလေ...
_____________________________
______________
ဟိုဆော့ကိုကျောင်းသို့လိုက်ပို့ပေး၍ဂျောင်ဂု ကုမ္ပဏီသို့ရောက်လာခဲ့သည်.....
ဂျောင်ဂုကုမ္ပဏီသို့ရောက်၍ ဘယ်မှမကြာ ကုမ္ပဏီမှဖုန်းဝင်လာသည်မို့ ကိုင်လိုက်တော့...
"ဟယ်လို!စီအီးအိုဂျွန်ဂျောင်ဂုလားခင်ဗျ?"
"ဟုတ်ပါတယ်..၊ဘာများပြောချင်လို့လဲမသိဘူးဗျ?"
ပုံမှန်ဆို အလုပ်ကမ်းလှမ်းရင်လဲ အတွင်းရေးမှုးကင်မ်အား ဆက်ပြီးမှ ဂျောင်ဂုနှင့်တိုက်ရိုက်ဆက်သွယ်၍ ရသော်လည်း အခုဖုန်းက ဘယ်လောက်တောင်အရေးကြီးလို့လဲ တိုက်ရိုက်ဆက်သွယ်လာသည်မို့
ဂျောင်ဂုစဉ်းစား၍မရ..
"ဆန်းဟွာ အထက်တန်းကျောင်းကပါခင်ဗျ! ကျွန်တော်တို့ ဟိုတစ်ခေါက်က ပြောထားတဲ့ကိစ္စပါ
အခုလာမဲ့အပတ် စနေနေ့မှာ ကျောင်းpartyရှိပါတယ်ဗျ အဲ့ဒါ စီအီးအိုဂျွန် ကုမ္ပဏီ နဲ့တွဲဖက်ပြီး စပွန်ဆာပေးဖို့ တောင်းဆိုထားတာပါ စဉ်းစားပေးမယ်လို့ပြောထားလို့ပါဗျ!"
"အော်..ဟုတ်ကဲ့"
ဂျောင်ဂု မေ့လိုက်လေခြင်း...ဟိုတစ်နေ့ထဲက ပြောထားတဲ့ကိစ္စအား စဉ်းစားပေးမည်ပြော၍ ဂျောင်ဂု ပြန်၍အဖြေမပေးမိသေးဘူးလေ...
စဉ်းစားလိုက်တော့လဲ ဆန်းဟွာအထက်တန်းကျောင်းက သူ၏ ဘေဘီတက်နေသည့်ကျောင်းဖြစ်သည်မို့...
"ကျွန်တော် မနက်ဖြန်လာခဲ့ပါမယ်..စာချုပ်စီစဉ်ထားလိုက်ပါ!"
"‌ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဂျွန်ဂျောင်ဂုရှီး!"

LOVE[Jk×Jh]Where stories live. Discover now