3

331 39 0
                                    

ဒီနေ့ Dream on barတွင်ပြုပြင်စရာအနည်းငယ်နှင့် ဝန်ထမ်းတစ်ချို့အားစောင့်ကြည့်ရန် ကိုယ်တိုင်ပင် barသို့လာခဲ့လိုက်‌တော့သည်..
အတွင်းရေးမှူးနှင့်ကြည့်ခိုင်း၍ရသော်လည်း
ဂျွန်ဂျောင်ဂုဆိုသူသည် အလုပ်ကိုတိ"ကျ"လုပ်တတ်သူဖြစ်၍ အလုပ်မအားရင်တောင်တစ်ခါတစ်ရံတော့ လာကြည့်သေးသည်လေ..
Barတစ်လျှောက်ဝေ့ဝဲပတ်ကြည့်ရင်းနှင့်တွေးမိသည်မှာ ဒီလိုစတိုင်လ်ကျမိမိုက်တဲ့barတစ်ခုကို တည်ဆောက်နိုင်တဲ့ငါက အချဉ်တော့မဟုတ်ဘဲကိုး...
Dream on barသည် ဂျွန်ဂျောင်ဂုကိုယ်တိုင် ခေါင်းအစခြေအဆုံးကိုယ်တိုင် ဒီဇိုင်းဖော်ကာ ပင်"ပန်း"နှင့်တည်ဆောက်ထားသော barတစ်ခုဖြစ်၍ဂျောင်ဂု ဖန်တီးခဲ့သမျှထဲတွင် ထိုbarသည် သူ၏အကြိုက်ဆုံးbarတစ်ခုဆိုလဲမမှား...
Barတစ်ခုလုံးကို ပတ်ကြည့်ရင်းနှင့်Toiletနားကိုရောက်တော့ "မနေချင်ဘူး ကျွန်တော့်ကိုလွှတ်ပေးပါ တောင်းပန်ပါတယ်"
ဝေ"ဝါး"နှင့်ကြားနေရသောအသံဖြစ်တာကြောင့် Toiletနားကို ပိုလို့တိုးမိတော့
"ဟက်!!တစ်ညပါဘဲကွာ..ပျော်စေရမယ်"
အန္တရာယ်တို့ကျရောက်လာတော့မည်ကိုသိသောကြောင့် ဂျောင်ဂုToiletထဲသိုအပြေးအလွှားဝင်ကာ ကောင်လေးငယ်"တစ်ယောက်အား ‌မကောင်းကြံနေသော သူ၂ဉီးကို ပိတ်ထိုးပြစ်လိုက်သည်...
ဘယ်လိုလူ့အမှိုက်တွေကများ ငါ့barကိုလာရဲတာလဲ..
......
ဖိမှိတ်ထားသောမျက်လုံးအစုံတို့အားဖွင့်ကြည့်မိလေတော့ မိမိအားအန္တရာယ်ပြုရန်ကြံရွယ်ထားသော သူ၂ဉီူမှာ သွေးအလူး"ဖြင့်အော်ဟစ်လျက်..
ချောမောသည့် မျက်နှာဖြင့်မလိုက်ဖတ်စွာ တွန့်ချိုးနေသောမျက်ခုံးတန်းများဖြင့်.. ရင်အုပ်ကျယ်"များကိုပိုင်ဆိုင်ထားသောထိုယောင်္ကျားသည် မနာလိုဖွယ်ရာအတိ... စူးရဲသောအကြည့်တို့သည် ဂျောင်ဟိုဆော့ ဆီသို့ရောက်လာကာ..
"ကျစ်!ယောင်္ကျားလေးဖြစ်ပြီးဗရုတ်ကျလိုက်တာ"
ထိုသို့အလိုမကျစွာပြောရင်း အပြင်ထွက်ရန်အပြု
"ဘာလဲ? ခင်ဗျားက မကူညီချင်ရင် မကူညီနဲ့လေအခုတော့ ဘာဖြစ်တယ်လေး ညာဖြစ်တယ်လေးနဲ့"
ဂျောင်ဂုတကယ်ပင်အံ့ဩမိပါသည် မိမိကိုကူညီထားသူအားကျေးဇူးမတင်သည့်အပြင် အပြစ်ပါတင်နေသည်လေ...
"ဟ..ဒီမှာချာတိတ်! မင်းဒီကို အသက်မပြည့်ဘဲနဲ့လာတာ ခုချက်ချင်းရဲခေါ်ပြီး ဆွဲထုတ်သွားလို့ရတယ်နော်!"
အရင်စကားကိုပြတ်"နှင့်ရှင်း"သာ ပြောတတ်သောဂျောင်ဂုသည် ဂျောင်ဟိုဆော့နှင့်တွေ့မှပင် စကားများနေရသည်တဲ့လေ...အဓိပ္ပာယ်မရှိလိုက်တာ.။
"ဘာလား ဝင်လို့ရလို့တောင်ဝင်လာတာပါနော် ခင်ဗျားကိုကမှ ဗရုတ်ကျတာ ကူညီပြီးတော့လေပေါ်မြောက်နေလိုက်တာများ"
ဂျောင်ဂုခပ်ဟ"သာရယ်မိတော့သည်။ပြောစရာစကားတို့ပင်ပျောက်သွားရှာပြီလေ..
"ဘာရယ်တာလဲ"
"ဘာမှမဟုတ်ပါဘူး ကူညီတဲ့သူကိုကျေးဇူးမတင်တဲ့အပြင်ပြန်စွာနေလို့ အံ့ဩလို့ပါ"
"အော် ကျေးဇူးတင်ရမှာလား ဟုတ်ကဲ့ ကျွန်တော့်ကိုကူညီပေးတဲ့အတွက် ကျေးဇူအထူးတင်ရှိပါတယ်ခင်ဗျာ"
ဟိုဆော့ရွဲ့၍သာ ကျေးဇူးတင်လိုက်ပြီး အပြင်သို့သာထွက်လာလိုက်တော့သည်..
ဂျွန်ဂျောင်ဂုမှာတော့ကြောင်အလျက် တည်ငြိမ်ပါတယ်ဆိုတဲ့ဂျောင်ဂု imageတောင်ထိခိုက်သွားသလိုပင်...

****************************

အိမ်ပြန်ရောက်လို့ ရေမိုးချိုးပြီး အိပ်ယာဖွေး"ထက်သို့ ပင်ပန်းနေသောခန္ဓာကိုယ်တစ်ခုလုံးအား ပြစ်ချလိုက်ကာ ‌ေတွးမိတွေးရာ တွေးမိလေတော့...
"ဒီလူကဘာလဲဟ မကူညီချင်ရင် မကူညီနဲ့လေ သူဘဲကူညီပြီးတော့ အမျိုးမျိုးပြောနေတာ ဘာတဲ့
ယောင်္ကျားလေးဖြစ်ပြီးဗရုတ်ကျလိုက်တာတဲ့ ဂျောင်ဟိုဆော့ကိုများ အံ့ဩဘ ကံဘောဇ"
Barမှာ‌ေတွ့ခဲ့သည့်ထိုသူအကြောင်းတွေးမိလေတော့ဟိုဆော့ သိပ်၍ပင်မကျေနပ်....
အတွေးများကိုဖျက်ကာ အိပ်တော့မယ်အပြု
မိမိဖုန်းကို အမည်မသိနံပါတ်တစ်ခုမှ ခေါ်လာသည်လေ...
ဂျောင်ဟိုဆော့ ဖုန်းအားကိုင်၍
"ဟယ်လို..appaပါ.."
ထိုအသံကြားသည်နှင့်တပြိုင်နက် ဟိုဆော့ဖုန်းအား ချက်ချင်းချလိုက်သည်...
ဘယ်လိုလူကများ သူ့အပြစ်သူမသိလေဘဲ ကိုယ့်ကိုယ်ကိုယ် အဖေလို့ခေါ်ထိုက် တယ်လို့ ထင်နေသေးတာလဲ
အံ့ဩမှုများအဆုံးမသတ်မိ...မျက်လုံးအိမ်အတွင်းမှမျက်ရည်တို့မှာ ပါးပြင်နု"ပေါ်သို့တစ်စနှစ်စ ကျနှင့်နေပြီလေ......

*********TBC>>>>>

LOVE[Jk×Jh]Where stories live. Discover now