2

400 32 0
                                    


ဝူရှစ်ခေါ်ရာနောက်လိုက်ခဲ့သည်မို့ခနအကြာမှာတော့dream on ဟုအမည်ရသောbarတစ်ခုသို့ရောက်ခဲ့လေပြီ။
"ဟျောင့်!အထဲဝင်မယ်လာ.."
ဝူရှစ်ကလက်ကိုဆွဲပြီးခေါ်လာသည်မို့မိမိမှာကြောင်အအနှင့်ပင်ပါသွားရလေသည်...
barထဲဝင်သည်နှင့်လုံခြုံရေးအစောင့်များကဟိုဆော့တို့သူငယ်ချင်းနှစ်ယောက်ကိုခေါင်းအစခြေအဆုံးကြည့်တော့သည်
ဟိုဆော့တို့မှာကျောင်းအ..ကျီနှင့်ပင်လာသည်မို့လိမ်ပြော၍တော့မရ
"ကောင်လေးတွေ။ မင်းတို့ကအသက်မပြည့်သေးတော့barထဲဝင်လို့မရဘူး စိတ်မကောင်းပါဘူး အသက်ပြည့်တဲ့အချိန်ကျမှပြန်လာခဲ့ပါ"
"ဟိုးဟိုး.."
ဝူရှစ်မှာဆရာကြီးစတိုင်လ်နှင့်ကြောင်အ‌ေနသည့်ဟုိဆော့ကိုလက်ဖြင့်အနောက်ကိုသွားရန်အချက်ပြလိုက်ပြီး ကဒ်တစ်ခုထုတ်ပြလိုက်တယ်
အဲ့ဒါကချွဲလုပ်ငန်းစု/ချွဲမျိုးရိုးတွေဘဲပိုင်ဆိုင်ခွင့်ရှိတဲ့ကဒ်....
လုံခြုံရေးအစောင့်ကထိုကဒ်ကိုကြည့်ကာ မျိုးရိုးကြီးကလာတာကိုသိသွားဟန်ဖြင့်..
"တောင်းပန်ပါတယ် သခင်လေး"
ဟုဆိုကာ ခါးကို90°ကိုင်း၍ဝူရှစ်အားလေးစားဟန်ဖြင့်ဉီးညွတ်တော့သည်..
"မလိုပါဘူး"
ဝူရှစ်ကထိုသို့ပြောလိုက်တော့ လုံခြုံရေးအစောင့်က
"ဝင်လို့ရပါပြီ သခင်လေး"
"ကျေးဇူးဗျာ"
ဝူရှစ်ကအထဲဝင်သွားတော့ ဟိုဆော့ကပါလိုက်ဝင်ဖို့လုပ်တော့ လုံခြုံရေးအစောင့်က
"စိတ်မကောင်းပါဘူး ကောင်လေးမင်းကတော့ဝင်လို့မရဘူး"
ထိုသို့ပြောလိုက်တော့ ဝူရှစ်ကအနောက်လှည့်ကာ
"သူကကျနော်နဲ့အတူလာတာ
ကျနော့်သူငယ်ချင်း ဝင်ခိုင်းလိုက်ပါ"
ထိုအခါမှလုံခြုံရေးအစောင့်မှာရှက်သွားဟန်ဖြင့်
"ဟုတ်ကဲ့ပါ သခင်လေး
ဒီကသခင်လေးလဲဝင်လို့ရပါပြီ"
barကိုပထမဆုံးရောက်ဖူး၍လားမသိ ဝင်ဝင်ချင်းမှာပင်ခေါင်းမူးသွားရသည်မှာ ဂျောင်ဟိုဆော့

************************
မီးရောင်မှိန်မှိန်တွေရဲ့အောက်မှာ‌ေ‌ခတ်‌ေပါ်djသီချင်းဖြင့်ကခုန်နေကြသောလူတစ်ချို့..ဝိုင်ကိုအရသာခံသောက်ကာအပျုိမယ်များနှင့်ပျော်ပါးနေသောသူဌေးတစ်ချို့..VIP roomများဆိုသည်မှာရိုက်သတ်၍ပင်မကုန်နိုင်...မည်သူမဆိုကြည့်လိုက်တာနှင့်သိနိုင်သည်။Dream Onဟူသောbarသည်လူကုန်ထံများသာလာနိုင်မည်ဆိုတာကိုပင်။
ထို‌bar၏ပိုင်ရှင်မှာမည်သူနည်းဟုမေးမည်ဆိုလျှင်....
မည်သူမျှမတုံ့မဆိုင်း ကြီးကျယ်လှပါသော Jeon gp၏ဆက်ခံသူ
"Jeon Jungguk"ဟုပင်ဖြေကြလိမ့်မည်။
က။ှ်မျှလောက်ကြီးကျယ်သောသူ..
စီးပွားရေးလောကတွင်မသိသူမရှိသလောက်အလား..
ထိုသူသည်မိန်းကလေးတို့၏အသဲစွဲ
ရုပ်ရည်ချောမောသည်။
ယောင်္ကျားပီသသည့်ခန္ဓာကိုယ်နှင့်
ရင်အုပ်ကျယ်များသည်တစ်သက်စာခိုနားရင်တောင်လုံလောက်မည့်ပုံ‌မပေါ်...မေးရိုးများမှာလဲထင်ရှားလှစွာ..ထိုသူ၏မျက်လုံးများမှာကြည့်မိသည်နှင့်စွဲမက်ချင်စရာကောင်းလှသည်မှာအမှန်...မျက်ခုံးထူထူများမှာအမြဲလိုလိုတွန့်ချိုးထား၍တစ်ခုခုကိုအလိုမကျသဟန်...ပိရိသေသပ်နှုတ်ခမ်းပါးများမှာအမြဲလုိလုိအရယ်အပြုံးမရှိတင်းတင်းစေ့ထားလျက်..ထိုမျှလောက်ပြည့်စုံသောသူအားမလိုချင်သူသည်ရူးနေသည်ဟုပင်ထင်ကြလိမ့်မည်။
ထိုသူမှာ"ဂျွန်ဂျောင်ဂု"ပင်

**********************
barထဲသို့ပထမဆုံးရောင်ဖူးသည်မို့လားမသိဟိုဆော့မှာမသောက်ဘဲနှင့်မူးနေရသည်။
"ဟျောင့်!မင်းကိုလာတွေဘဲသောက်နေတော့မှာလား ငါ့လိုဘီယာလေးဘာလေးမသောက်ချင်ဘူးလား"
"တော်ပါကွာ..ဒီမှာကိုလာသောက်တာတောင်လူကမူးချင်နေပြီ..အိမ်လဲပြန်ရတော့မှာ"
"မင်းကလဲထပ်နေပါအုံးကွာ ဒီလိုချစ်ဖို့ကောင်းတဲ့သူငယ်ချင်းလေးကိုတစ်ယောက်ထဲထားခဲ့လို့ရမလား"
"တော်ပါ..ငါအိမ်သာသွားချင်တယ်
အိမ်သာဘယ်မှာလဲ"
"ဟိုဘက်နားလေးမှာ အမြန်သွား ငါသွားကလိုက်အုံးမယ် ဟဲဟဲ"
အိမ်သာရှိရာဘက်အားညွှန်ပြပြီးဝင်ကရန်ပြုနေသော ဝူရှစ်အား ဟိုဆော့မချဉ်တချဉ်ရုပ်နှင့်ပင်ပြန်ကြည့်မိသည်။
အိမ်သာသွားပြီးဘေဇင်မှာလက်ဆေးနေတုန်း..
လူမိုက်ပုံထင်ရသည့်သူနှစ်ယောက်
လက်မောင်းများမှာလဲ တက်တူးအပြည့်နှင့် မိမိခန္ဓာကုိယ်ထက်လဲ၂ဆလောက်ကြီးသေးသည်
ထိုသို့သောသူများသည် toiletထဲကဘေဇင်ဘောင်တွင်မှီကာဆေးလိပ်သောက်နေသည်
မိမိကကြောင်အအနှင့်သွားကြည့်မိတော့ ထိုသူ၂ယောက်ကပြန်ကြည့်လာသည်မို့ ကြက်သီးထသွားရသည်
ကြောက်စရာလဲကောင်းသည်မို့အိမ်သာထဲကအမြန်ပြေးထွက်ရန်အပြု
မိမိလက်‌ေကာက်ဝတ်အားဆွဲကာနံရံနှင့်ကပ်လိုက်သောသူ
လူမိုက်၂ယောက်ထဲမှတစ်ယောက်က"ကောင်လေး..တစ်ယောက်ထဲလာတာလား?ကိုယ်တို့နဲ့တစ်ညလောက်အတူနေမလား?"
ရီသဲ့"လုပ်ကာထိုသို့ပြောသည်
ထိုအခါဟိုဆော့က
"မနေချင်ဘူး ကျနော့်ကိုလွှတ်ပေးပါ တောင်းပန်ပါတယ်"
"ဟက်!!တစ်ညပါဘဲကွာ..ပျော်စေရမယ်!"
ထိုသို့ပြောပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသည့်မျက်နှာဖြင့် ဟိုဆော့ ၏မျက်နှာနားသို့နီးကပ်လာသည်မို့ ဟိုဆော့မျက်လုံးအစုံတို့ကို ဖိမှိတ်လိုက်လေသည်...
"အားးးး!"
ဖိမှိတ်ထားသောမျက်လုံးအစုံတို့ကိုဖွင့်ကြည့်မိလေတော့ မိမိကိုအန္တရာယ်ပြုရန် ကြံရွယ်ထားသောသူ၂ဉီးမှာ တစ်စုံတစ်ယောက်၏လက်ထဲတွင် သွေးအလူး"ဖြင့် နာကျင်စွာအော်ဟစ်လျက်.....
*********TBC>>>>>
Author(Van Hervis)
*See you in next part*

LOVE[Jk×Jh]Where stories live. Discover now