13

288 44 13
                                    

"ဒီလိုဗျာ.. ကမဲ့စင်ကနဲနဲလေးအခက်အခဲ
ရှိနေတယ်ဗျ.. နည်းနည်းလောက်ထပ်ကျယ်
လို့မရဘူးလားဗျာ?"
"ရတာပေါ့ဗျာ!ကျောင်းအုပ်သဘောအတိုင်း
စိတ်တိုင်းကျလုပ်ပါဗျာ"

ဂျောင်ဂုစကားပြောပြီးလို့အရှေ့ဘက်ကို
လှည့်လိုက်တော့ သူနှင့်မျက်နှာချင်းဆိုင်
တည့်တည့်တွင်ထိုင်နေသည့် ဟိုဆော့က
နှုတ်ခမ်းကြီးဆူကာကြည့်နေလေသည်..။

ဒါဘာဖြစ်နေတာလဲဆိုတာသူသိပ်သိတာပေါ့..။

ဟိုဆော့ ဟိုတစ်နေ့ကကိစ္စကြောင့်
ဂျောင်ဂုနှင့်မျက်နှာချင်းမဆိုင်
ချင်လောက်အောင်ရှက်နေသည်ကို
ဂျောင်ဂုက တမင်တကာ
အသဲယားစရာကောင်းအောင်
လုပ်ပြနေသလားထင်ရသည်...။

ဟိုဆော့အရှေ့မှာထိုင်နေပြီး
ခြေထောက်ကိုလာထိလိုက်
မျက်ခုံးပင့်ပြလိုက်နဲ့
ဒီလူကြီးတကယ်စိတ်ရှုပ်စရာ
ကောင်းရော့လားးး..။

အစည်းအဝေးပြီးပြီဆိုလို့
ပြန်သွားမည်ထင်ပါသည်..။
သို့သော်ဂျောင်ဂုက
ဟိုဆော့တို့အဖွဲ့အကလေ့ကျင့်တာကို
ကြည့်လို့ရသေးသည်ဆိုတော့
လာကြည့်နေသေးသည်..။

အကကတာကိုကြည့်တာလဲ
ကောင်းကောင်းမကြည့်
ဟိုဆော့ကိုသာရွှန်းရွှန်းစား
အကြည့်တွေနဲ့ကြည်နေသည်မို့
ဟိုဆော့မသက်မသာဖြစ်ရသေးသည်..။

တော်သေးသည်ပြောရမည်..။
ဂျောင်ဂုအလုပ်ကိစ္စတစ်ခုပေါ်လာလို့
ပြန်သွားရသည်လေ..။
_______________________________

ဟိုဆော့အိမ်ပြန်ရောက်လို့
ဂျောင်ဂုကပြန်မရောက်သေး
ဟိုဆော့ထိုအခါမှသာ ရင်ဘက်ကို
လက်နံ့အသာဖိပြီးတော်ပါသေးသည်ဟု
တွေးလိုက်သည်..။

အကတိုက်ရတာအရမ်းပင်ပန်းနေတာကြောင့်
ရေမိုးချိုးပြီးကုတင်ပေါ်လှဲကာအိပ်နေလိုက်သည်။

ဘယ်လောက်မှမကြာ...

မွန်းကျပ်လို့ထင်သည်..
ပြန်နိုးလာတော့ ရင်ခွင်ကျယ်ကြီး
တစ်ခုထဲရောက်နေကာနွေးထွေးလို့နေသည်..။

မျက်နှာချင်းဆိုင်အပေါ်ကိုမော့ကြည့်လိုက်တော့
နှစ်နှစ်ခြိုက်ခြိုက်အိပ်နေပြန်သေးသည်..။

LOVE[Jk×Jh]Where stories live. Discover now