15

324 39 8
                                    

'အချစ်'ရဲ့စတင်ခြင်းက
ပျော်ရွှင်စရာကောင်းခဲ့သလို
အဆုံးသတ်ကနာကျင်စရာ
ကောင်းတယ်..။

'အချစ်'ဆိုတာအတွက်
အရာရာကိုပေးဆပ်နိုင်ခဲ့သလို
အရာရာကိုစွန့်လွှတ်နိုင်ခဲ့တယ်..။

'ခင်များကိုကျွန်တော်မုန်းတယ်!'
မျက်ထောင့်နီများဖြင့်
သူ့အားစေ့စေ့ကြည့်ကာ
ထိုစကားကိုထပ်ဖန်တလဲလဲ
ပြောနေခဲ့သော
ထိုကောင်လေးသည်
သူမည်မျှလောက်နာကျင်နေသည်ကိုမသိပါ..။

ဒီစကားတစ်ခွန်းကြောင့်နဲ့
လေတိုက်ရာလွင့်နိုင်သည်..။
နက်ရှိုင်းလှပါသောပင်လယ်သမုဒ္ဒရာများပင်
မလွန်ဆန်နိုင်
သူ၏အချစ်သည်ဤမျှလောက်
နက်ရှိုင်းခဲ့သည်..။

'ချစ်တယ်ကလေး....
ကိုယ်တောင်းပန်ပါတယ်..။'
'ကိုယ့်ကိုမမုန်းလိုက်ပါနဲ့!'

မျက်လုံးအစုံတို့ပွင့်ဟလာကာ
မရှိသည့်အားကို
မနဲဆွဲယူ၍ထလိုက်တော့
လက်မှာတွယ်ထားသော
ပိုက်များကစိတ်ရှုပ်စရာ
ထိုပိုက်များကို‌ဆွဲဖြုတ်ကာ
ထဖို့ကြံတော့...။

"မဖြစ်ပါဘူး!ဘော့စ်!
မထနဲ့!"

အတွင်းရေးမှုးကင်မ်မှ
ဆေးအိတ်အားကိုင်ကာ
အမြန်ပြေးလာ၍
ဂျောင်ဂုကိုအနားယူစေသည်..။

"ဘော့စ် ဒီမှာဘဲနေနော်!
ကျွန်တော် ဆရာဝန်သွားခေါ်လိုက်အုံးမယ်"

"ဂျောင်ဟိုဆော့!~ဂျောင်ဟိုဆော့
ဘယ်မှာလဲ?~ငါ့ကလေး...!"

စိုးရိမ်တကြီးဖြင့်မေးလာသော
ဂျောင်ဂုသည် အားပင်မရှိ
လေသံကိုသာ
မနည်းအော်၍ပြောနေရသည်..။

"ဗျာ! ဘော့စ်ရယ်အနားယူလိုက်
ပါဉီး! ဖြစ်မှဖြစ်ရလေဘော့စ်ရယ်"

"ဂျောင်ဟိုဆော့ ကိုခေါ်ပေးလို့~"

"ဟုတ်~ဟုတ်ကဲ့ပါ‌ဗျာ!"
_______________________________

"ဘယ်လိုဖြစ်တာလဲ?
အဖိုးရ! သူကအဲ့လိုလူမှမဟုတ်ဘဲ"

ဟိုဆော့ရောက်လာလို့
ဂျောင်ဂုကဆေးအရှိန်ကြောင့်
အိပ်ပျော်နေတော့
အိမ်တော်ထိန်းအဖုိးကိုဘဲ
မေးရတော့တယ်..။

"ဒီလိုပါ မြေးရယ်...
မြေးထွက်သွားတဲ့နေ့က
သူတစ်ယောက်ထဲကမ္ဘာပျက်နေခဲ့တာ
ပန်းအိုးတွေကိုခွဲသံကြားတော့
အဖိုးတို့လဲစိတ်ပူပြီး
အပေါ်ကိုတက်ကြည့်တော့
ဒီကလေးက သူ့လက်သူ
ပန်းအိုးကွဲစနဲ့ဖြတ်ထားတယ်လေ.."

LOVE[Jk×Jh]Donde viven las historias. Descúbrelo ahora