10

321 40 13
                                    

ဂျောင်ဂုပြောလိုက်သည့်စကားကြောင့် မျက်လုံးများ ဝိုင်းစက်ကာ ပြန်ကြည့်လာသည့် အကောင်ပေါက်လေး
...အူယားလွန်းလို့ဘယ်လိုတောင်လုပ်ရပါ့မလဲ?

"အားးးး!!..ရှက်ပါတယ်ဆို!ဘာတွေလာပြောခိုင်းနေတာလဲ?!"
ဟိုဆော့ ခရမ်းချဉ်သီးအလားပေါက်ထွက်တော့မည့်မျက်နှာဖြင့်ထအော်တော့သည်..။
"ဟ!ဟ! မခေါ်ဘူးလားရတယ် ကိုယ်လဲမလွှတ်ပေးဘူး!"
"ဟာ! ခင်များတော်တော်ယုတ်မာတာဘဲ"
"မယုတ်မာရသေးပါဘူး!ယုတ်မာစေချင်လို့လား
ကိုယ့်ကို?"
ဟိုဆော့ကိုခေါင်းအစခြေအဆုံးကြည့်ကာထိုသို့ပြောလာသည်..
"ဗျ...~ဗျာ!"
"ခေါ်မှာလား မခေါ်ဘူးလား?"
စကားကိုခပ်ပြတ်"နှင့် တို"ရှင်း"သာပြောတတ်သော ဂျောင်ဂုသည် ဟိုဆော့နှင့်မှ အတော်ပင်စကားများနေကာရစ်နေလေသည်....
ထိုအချိန်တွင်..ဂျောင်ဂုဖုန်းမှ ထမြည်တော့သည်..
(A/N-အ‌ချိန်ကောင်းလေးကိုဝင်ဖျက်)

"ဖုန်း~ဖုန်းလာနေပြီ..အရေးကြီးတယ်ထင်တယ် ကိုင်လိုက်လေ!"
ဟိုဆော့မျက်နှာတွင် ပြုံးရိပ်ယောင်များသန်းကာ
ဂျောင်ဂု၏အနောက်မှဖုန်းအားလက်ညိုးထိုးကာ
ပြောသည်...။
ထို့နောက် ဂျောင်ဂု ဖုန်းအားယူကာ ကိုင်လိုက်လေတော့ ဟိုဆော့မှာ လွတ်လပ်ရေးရသွားဟန်ဖြင့်
ဂျောင်ဂုအခန်းထဲမှ အသားကုန်ပြေးကာထွက်သွားလေတော့သည်..။
ဂျောင်ဂု၏ စိတ်ထဲတွင်တော့ ကံကောင်းသာပေ လို့ပေါ့ဟူကာ တွေး၍ သိပ်တော့အလိုမကျလှပေ..။
_______________________________
_________
'တီ..!တီ.တီ!'
ဟိုဆော့ နှိုးစက်အသံကြောင့် နိုးသွားကာ နာရီကိုကြည့်မိလေတော့...
နံနက်4:30ပင်ဖြစ်သည်..။
အရင်က ၅နာရီခွဲလောက်မှသာထတတ်သောသူသည်
ဂျောင်ဂု အိမ်တွင် အလုပ်"နေရပြီမလို့
စော"ထနေရခြင်းပင်ဖြစ်သည်..။
ဟိုဆော့ အိပ်ယာထက်မှထ၍ မျက်နှာသစ်၊သွားတိုက်
အပြီး ဂျောင်ဂု အခန်းဆီသို့
တံခါးကိုအသာအယာကျဉ်း"လေးဖွင့်ကာ ချောင်းကြည့်မိတော့ ဂျောင်ဂု အိပ်ယာတွင်ရှိမနေ
ရေချိုးနေပုံရသည် မို့ဟိုဆော့ အတွက်တော့ အခွင့်အရေးပင်ဖြစ်သည်..
မနေ့ညက ဖြစ်ခဲ့သောကိစ္စကြောင့် ဟိုဆော့ ထမင်းတောင်ဆင်း၍ မစားနိုင်..
ရှက်စိတ်ကြောင့်ဖြစ်မည်ထင်သည်..၊ဂျောင်ဂု နှင့် မျက်နှာချင်းဆိုင်ရမည်ကို ကြောက်နေမိသည်မှာအမှန်။

LOVE[Jk×Jh]Where stories live. Discover now