(19)

2.5K 243 21
                                    

Zawgyi
.
.
.
Appaလက်ရာကင်းရှင်းစွာပင် ပင်လယ်ဘက်ကို တစ်ယောက်တည်းထွက်လာခဲ့ပြီး တည်းခိုမည့်hotelကစလို့ ကိုယ့်ခြေကိုယ့်လက်နှင့် Bookingချိတ်လိုက်သည်။

Appaနှင့် ဆုံဆည်းခဲ့သည်ကစလို့ အရာရာကို appaအရိပ်အောက်ကနေ အဆင်သင့်ရရှိခဲ့သည်။
Ommaရှိတုန်းကပင် မရဖူးတဲ့ ဂရုစိုက်မှုတွေအပြင် လိုလေသေးမရှိတဲ့ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှုတွေဖြစ်သည်။

အရွယ်ရောက်လာသည်နှင့်အညီ Appaအကူအညီမပါဘဲ ခြေဆန့်ကြည့်ချင်သည်။ ဖြည်းဖြည်းချင်း ထိုအရိပ်အောက်ကနေ လျှောထွက်ကြည့်ချင်ခဲ့သည်။

စိတ်ပြေလက်ပျောက်ခရီးတို၏ ဆုံမှတ်က ပြီးခဲ့တဲ့အခေါက် အုပ်စုလိုက်သွားခဲ့သော ဆော့ချိုကမ်းခြေပဲဖြစ်သည်။

ဒီတစ်ခေါက်တော့ အချိန်တစ်ပတ်မျှယူထားသည်မို့  Appaရောက်မလာခင် ဆော့ချိုတစ်ဝိုက် သွားလာကြည့်ဖို့တွေးထားခဲ့သော်လည်း စိတ်ကူးတွေက ပူပေါင်းတွေအလား။

ကားပြတင်းပေါက်ကတစ်ဆင့် ဘေးဘီဝဲယာကိုငေးနေရင်း အတွေးတွေက မချမ်းမြေ့နိုင်ပါ။

Appaနှင့် ရန်ဆိုတဲ့မိန်းကလေးတို့က ဘယ်လောက်ပဲ ကွာရှင်းထားသည်ဆိုဆို သူတို့နှစ်ဦးကြား သားလည်းရှိနေပြီမို့ တစ်နည်းမဟုတ်တစ်နည်း တွေ့ဖို့ရှိလာမယ်ဆိုတာ အစထဲက ကြိုသိပြီးသားအကြောင်းအရာတစ်ခုဖြစ်သည်။

သို့ပါသော်လည်း မကွာရှင်းခင်က ရန့်အပေါ် အားနာမိသလောက် အခုချိန်မှာတော့ ရန်တစ်ယောက် အိမ်ကိုပေါက်ချလာခြင်းအား မနှစ်မြို့လှပါ။

ကြားထဲ သားတောင် တစ်နှစ်ခွဲခါနီးခဲ့ပြီ တစ်ခေါက်တလေတောင် လာမကြည့်ခဲ့ဘဲ အခုမှ ဗြုန်းစားရောက်လာခြင်းက မရိုးရှင်းပါ။

အိမ်မှာတည်းဖို့တောင်းဆိုတော့ Appaရဲ့ အကျင့်အရ ငြင်းခဲ့မယ်လို့ထင်ထားခဲ့ပေမယ့် လက်ခံလိုက်သည်။

ဒီပိတ်ရက်မှ လျှာလျှာရှည်ရှည် တစ်ယောက်ထဲခရီးထွက်မယ်ပြောခဲ့တဲ့ပါးစပ်ကို အကြိမ်ကြိမ် ပြန်ရိုက်နေမိသည်။

အဲ့ဒီအစ်မကြီးက ဘယ်တုန်းကမှ မရိုးသားခဲ့တာမို့ ကျွန်တော်ဒီကိုလာနေတုန်း အခွင့်ရေးယူပြီး appaကို ကပ်တော့မယ်ဆိုတော့ မြေကြီးလက်ခတ်မလွဲပါလေ။

🔥ᴀᴘᴘᴀ🔥// KV //Where stories live. Discover now