(1)

22.5K 848 53
                                    

[ Zawgyi ]

        ကျွန်တော် ကျောင်းမှာ ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်နဲ့ ခင်ခဲ့ရတယ်..။ သူက ဒီနေ့မှ ကျောင်းပြောင်းလာခဲ့တာလေ..။ သူက Jeon Taehyungတဲ့..။ အဲ့ဒီကောင်လေးက ချစ်စရာကောင်းအောင် ပြုံးတတ်သလို ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေလည်း သူ့မှာ ပိုင်ဆိုင်ထားသေးတာ..။

        အထက်တန်းကျောင်းသားဘဝမှာ ကျွန်တော်က အခြားသူငယ်ချင်းတွေလိုမျိုး ကောင်မလေးတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် မဖြစ်ခဲ့ပါဘူး..။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဘေးမှာ ဘယ်သူနဲ့မှ ယှဉ်မရအောင် ချစ်စရာကောင်းတဲ့ ဒီသူငယ်ချင်းလေးရှိနေလို့ပါပဲ..။ ပြုံးလိုက်တိုင်း လေးထောင့်ပုံလေးဖြစ်ဖြစ်သွားတဲ့ အဲ့ဒီနှုတ်ခမ်းပါးလေးကို သဘောကျလွန်းလို့ ကျွန်တော် ဘယ်လိုလုပ်ရပါ့..။

        ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်က ကျောင်းမှာ အမြဲတမ်း တတွဲတွဲဖြစ်ခဲ့တော့တာပါပဲ..။ စာမရလည်းအတူတူ.. အပြစ်ပေးခံရလည်းအတူတူ.. အရာရာဟာ ထယ်ထယ်နဲ့ဆိုတော့ ပျော်ရွှင်ဖွယ်အတိ..။ ကျွန်တော်က သူ့ရဲ့ လေးထောင့်ပုံနှုတ်ခမ်းပါးလေးတွေကို ချစ်လိုက်တာလို့ ပြောရင် သူကတော့ မင်းရဲ့ လက်သန်းသေးသေးလေးကို ချစ်လိုက်တာလို့ အကျယ်ကြီး အော်ပြောလာပါလိမ့်မယ်..။

        သူက ချစ်စရာကောင်းသလောက် သူ့အဖေ Jeon Jungkookဆိုတဲ့ လူကြီးကတော့ ဆန့်ကျင်ဘက်.. သိပ်ကို ကြောက်စရာကောင်းပါတယ်..။ နေ့တိုင်း အချိန်အတိအကျ ကျောင်းလာကြိုတတ်သလို ကျွန်တော်က ပြုံးပြရင်လည်း လူကို စူးစိုက်ကြည့်ရင်း အကဲခတ်နေတတ်သေးတာ..။ ထယ်ထယ့်အဖေက ထယ်ထယ့်အမေမဆုံးခင်ထဲက မပေါင်းကြတာလို့ ကျွန်တော် ဆရာမတို့ဆီကတစ်ဆင့် ကြားထားရပါတယ်..။ အရမ်းခန့်ညားပြီး ထင်းနေတဲ့ ထယ်ထယ့်အဖေက ကျောင်းက လူလွတ်ဆရာမတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတာမို့ မစုံစမ်းပဲ ကြားခဲ့ရတာပါ..။

        ကျောင်းဆင်းချိန်တိုင်းမှာ ထယ်ထယ့်အဖေကြီးက လာကြိုတတ်လို့ ကျွန်တော် ထယ်ထယ့်အနား မကပ်ရဲခဲ့ပေမယ့် ထယ်ထယ့်အဖေက ထယ်ထယ်တို့တူဝရီးနဲ့ တစ်အိမ်ထဲမနေတာမို့ ကျောင်းပိတ်ရက်တွေဆိုရင်တော့ ကျွန်တော် အမြဲသွားလည်တတ်ပါတယ်..။

🔥ᴀᴘᴘᴀ🔥// KV //Kde žijí příběhy. Začni objevovat