(18)

2.4K 218 11
                                    

Zawgyi

.
.
.
“အွမ်း.. အွန်း.. ဟမ့်.. အား!! ဖယ်စမ်း.. “

“အာ့.. Jimin!!”

အိပ်နေတုန်း အနှောင့်ယှက်ခံလိုက်ရလို့ ကျွန်တော့်ရှေ့ကလူကို မီရာဆံပင်မွှေးတွေ ဆောင့်ဆွဲပစ်လိုက်ပါတယ်။

ဒါကလည်း အခြားသူမဟုတ်။ ဟိုလူကြီးသာ။

“သောက်အဖိုးကြီး.. ကိုယ့်ဟာကိုယ်နေနော်.. လူကို လာလာမထိနဲ့”

“ကိုယ့်ယောက်ျားကိုယ်ထိတာ မင်းပြောစရာမလိုဘူး”

“ကိုယ့်အိမ်ထောင်ဖက်ဖြစ်နေလည်း သဘောတူညီမှုမရရင် အသားတောင်ထိခွင့်မရှိဘူး.. နားလည်လား.. တရားစွဲပစ်လိုက်မှာ ခင်ဗျားကြီး”

“လင်လင်ချင်းကို ကြီးကျယ်ပြန်ပြီကွာ.. အာပုတ်စော်နံနေတဲ့ မင်းပါးစပ်လေးကို ကိုယ်ကလွဲဘယ်သူနမ်းမှာလဲ”

“ဘာပြောတယ်!! အိပ်နေရင် ဘယ်ပါးစပ်ကများ မွှေးနေလို့လဲ.. လူယုတ်မာကြီး”

“အိပ်မနေလည်း မင်းကတော့ သွားမှန်မှန်မှမတိုက်တာ.. ကဲပါ.. ဘယ်လိုနေနေ ကိုယ်ကြည်ဖြူပါတယ် ချာတိတ်ရယ် မရှက်ပါနဲ့”

“ခင်ဗျားနော်.. ချီးစကားတွေလာပြော.. အေး လာစမ်းပါ ဒီတစ်ခေါက်တော့ သူသေကိုယ်သေချပစ်မယ်”

ကျွန်တော် ဒေါသတကြီးလိုက်တော့ သောက်အဖိုးကြီးက အမြင်ကတ်စရာကောင်းအောင် သူ့သွားသေးသေးတွေပေါ်အောင် ရယ်ပါတယ်။

သူရဲဘောကြောင်တဲ့လူစုတ်ကြီးက ဝမ်းဝမ်းထိုးမယ်ဆို ဘယ်တော့မှပြောမရ.. သူ့ဘော်ဒီကတ်တွေသာ ခေါ်ချလိုက်တာပင်။

အလကား ငကြောက်ကြီး.. သူသတ္တိမရှိတာ လူမသိအောင် smartကျကျတွေးခေါ်တယ်က အမြဲပြောသည်။

အခုလည်း ထိုဘော်ဒီကတ်တွေကိုခေါ်ရန် လက်ဖျောက်တီးဖို့ လက်ကိုမြှောက်နေပြီ။

“ဟိတ်လူကြီး!.. သွား သွား.. ဘယ်သူနဲ့မှမချဘူး.. အလကား ငကြောက်ကြီး”

“ကိုယ်က ပိုက်ဆံရှိတယ်လေ.. ကိုယ့်ကိုတိုက်ခိုက်ချင်နေတဲ့လူတွေကို တုန့်ပြန်ဖို့ ပိုက်ဆံပေးပြီးငှားထားတာ..”
“မင်းမှာရော ရှိလား”

🔥ᴀᴘᴘᴀ🔥// KV //Where stories live. Discover now