(10)

6.6K 530 25
                                    

[ Zawgyi ]

Dweee… Dweee… Dweee… (vibrate)

“ပြော”

“ဥက္ကဌ.. အမျိုးသားဖြစ်သူက ဟိုကောင်လေးနဲ့တွေ့ဖို့သွားနေပါတယ်”

“အားရှ်.. အဲဒါ ငါနဲ့ဘာဆိုင်လဲ”

“အာ.. တစ်ခုခုထူးခြားရင် ဖုန်းဆက်ဆိုလို့..”

“ထားလိုက်..”

“အာ.. လက်ကိုင်နေကြပြီ”

“ဘာ!”

“ဟို လက်ကိုင်ပြီး ထွက်သွားကြပြီဗျ”

“sibal.. ဒီကောင်တွေတော့ နှစ်ယောက်လုံး သေကုန်တော့မှာပဲ တောက်.. “

~~tu.. tu.. tu~~ call ended ..

__________

** warning **
** sexual content alert below**

“appa!!.. appa!! အဲလိုမလုပ်ပါနဲ့.. တော်ပါတော့.. တော်ပါတော့ .. မင်းနီးကို အီးဟီး.. “

ခန္ဓာကိုယ် တည်ဆောက်ပုံအရ ကွာခြားတဲ့အပြင် အသက်အရွယ်လည်း ကွာနေတော့ appaရဲ့ထိုးချက်တွေကို မင်းနီးမတုန့်ပြန်နိုင်ရှာ။ အတင်းဝင်တားပေမယ့် ကျွန်တော့်ရဲ့ဖြစ်တည်မှုက လေလိုပါပဲ။

ခုန အပြင်မှာစောင့်နေခဲ့တဲ့ ဝတ်စုံနက်နဲ့လူကြီး ပြေးဝင်လာပြီး appaကို အားနဲ့ဖယ်လိုက်မှ မင်းနီးပေါ်က ဆင်းသွားခဲ့ပါတယ်။ ကျွန်တော်အပြေးသွားထူလိုက်တော့ မင်းနီးမျက်နှာက ရစရာမရှိအောင် အထိုးခံထားရပြီးလို့ သွေးတွေဗွက်ချာရမ်းနေပါတယ်။

“မင်းနီး.. မင်းနီး.. “

ကျွန်တော် ဘာလုပ်ပေးရမှန်းမသိဖြစ်နေတုန်းမှာပဲ မင်းနီးကိုပွေ့ထားတဲ့ ကျွန်တော့်ကိုယ်က appaရဲ့ အတင်းဆွဲဖယ်ခြင်းကိုခံရပါတယ်။ ကြည့်လိုက်တော့ ခုနဝတ်စုံနက်နဲ့လူကြီးက အဝေးမှာ လဲကျနေပါတယ်။

“ဘာလုပ်နေတာလဲ.. မလုပ်နဲ့ မလုပ်ပါနဲ့.. appa.. appa.. ကျွန်တော်တောင်းပန်ပါတယ်.. မင်းနီးကို မလုပ်ပါနဲ့ဗျာ.. အားဟား.. “

🔥ᴀᴘᴘᴀ🔥// KV //Tempat cerita menjadi hidup. Temukan sekarang