[ Zawgyi ]
နာကျင်နေလည်းပဲ မှေးမှိန်သွားတဲ့ ထယ်ထယ်တို့သားအဖရဲ့ ကျောပြင်ကို ကျွန်တော်ဆက်မကြည့်ပဲ မနေနိုင်ခဲ့ပါ။ မမြင်ရတော့တဲ့ အဆုံးမှာတော့ ခေါင်းငိုက်စိုက်ချလျက် ငိုယိုနေရုံသာပေါ့။
ပြောင်လက်နေတဲ့ leather shoeတစ်စုံက မျက်စိရှေ့ကို ရောက်လာခဲ့ပြီး
“အစထဲက မင်းဟာမဟုတ်ခဲ့ဘူး”
စကားကို ဗရမ်းဗတာပြောနေတဲ့ ထိုလူကို ကျွန်တော်မုန်းတီးစွာ စိုက်ကြည့်ပစ်လိုက်တော့ သူက ဆက်ပြောလာတယ်။
“သူတို့က သားအဖအရင်းတွေမဟုတ်ဘူး”
“ဘယ်လို!”
“ဒါတင်မကဘူး.. မင်းရဲ့ ရည်းစားကောင်လေးက မကြာခင် ပါမောက္ခဂျွန်နဲ့ လက်ထပ်ရမယ့်လူ”
“ဘာတွေ.. ခများ ဘာတွေပြောနေတာလဲ.. “
ပီပီသသ ကြားနေရတဲ့ ထိုစကားလုံးတွေက ကျွန်တော် နားကြားမှားလို့ပဲ ဖြစ်မှာပါ။ ခေါင်းမာစွာ ငြင်းဆိုနေတဲ့ကြားကပဲ ဒါက ကျွန်တော့်ကို ရင်ဝဆောင့်ကန်လိုက်သလိုမျိုး နင့်ကနဲ ဖြစ်သွားစေပါသေးတယ်။ အတွေးတွေများပြီး လည်ထွက်လာတဲ့ ခေါင်းတွေကြောင့်
“အဟွန်း.. ကျွန်တော်မူးနေပြီ.. အခန်းကို ပြန်တော့မယ်”
အယောင်ယောင်အမှားမှားနဲ့ သဲသောင်ပြင်ပေါ်ကနေ ကျွန်တော်ကုန်းထတော့ ထိုလူက ဘောင်းဘီအိတ်ထဲ လက်ထိုးလျက် ရပ်ကြည့်နေပါတယ်။ ပြီးမှ
“ဒီပွဲမှာ မင်းက သနားစရာအကောင်းဆုံးဖြစ်နေတာပဲ mochi”
စီးကျလက်စ မျက်ရည်စတွေကို လက်ဖမိုးနဲ့ သုတ်ပစ်လိုက်ပြီး သူ့ကို စူးစူးကြီးစိုက်ကြည့်လိုက်ပါတယ်။
“စိတ်ထွက်ပေါက်အဖြစ် အသုံးချခံနေရတာကို ပျော်ပျော်ကြီး အသုံးတော်ခံပေးနေတယ်ပေါ့လေ .. ပါမောက္ခဂျွန်ကတော့ သူ့သားလေးကို .. ”
“မပြောနဲ့…. ဆက်မပြောနဲ့တော့… မသိချင်ဘူး”
“အဟွန်း.. “
လှောင်ပြောင်ရင်း ရပ်ကြည့်နေတဲ့ ထိုလူကြီးဆီက ဘာစကားကိုမှ ရင်မဆိုင်ရဲတော့ပဲ ကျွန်တော် ပြေးထွက်လာခဲ့ပါတယ်။ ထယ်ထယ်က ပါမောက္ခဂျွန်ရဲ့ သားအရင်းမဟုတ်ဘူးတဲ့လား..။ အစထဲက ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီးဖြစ်နေခဲ့တာမို့ ဒီစကားကို မျက်စိစုံမှိတ်ငြင်းနေလည်း မသိစိတ်က အမှန်ဆိုတာ လက်ခံပြီးနှင့်နေပါပြီ။
တစ်ခါတစ်ရံမြင်ရတတ်တဲ့ ထယ်ထယ့်လည်ပင်းက အနီကွက်တွေ.. လက်ဖမိုးပေါ်က ကိုက်ရာတွေ.. ကျောင်းလာတိုင်း နီရဲနေတတ်တဲ့ နှုတ်ခမ်းလှလှလေးတွေ.. သူ့အဖေကို မြင်တိုင်း မလုံမလဲဖြစ်သွားတတ်တဲ့ မျက်ဝန်းကျယ်လေးတွေ.. ဒါတွေအားလုံးက နှစ်ခါပြန်စဉ်းစားနေစရာမလိုအောင် တိကျနေတဲ့ သက်သေတွေပဲပေါ့။
သနားစရာကောင်းလိုက်တဲ့ ငါ့ရဲ့ထယ်ထယ်လေး.. ဘယ်လောက်တောင် မွန်းကြပ်နေခဲ့လိုက်မလဲ။ ဒါကြောင့်ပဲ ငါ မင်းနှုတ်ခမ်းကို နမ်းမယ်လုပ်တိုင်း အရမ်းလန့်နေခဲ့တာလား။ မင်းအဖေဆိုတဲ့ လူကြီးက စိတ်ဒဏ်ရာတွေပေးနေခဲ့တာလား။
ကျွန်တော်သိတယ်။ ထယ်ထယ် အဲ့ဒီလူကြီးနဲ့ နေရတာ မပျော်မှန်း။ အစကတော့ ဖအေကို အရမ်းကြောက်ရတဲ့ သားတစ်ယောက်လို့ပဲ ထင်ခဲ့မိလို့ ဘာမှမလုပ်နိုင်ခဲ့ပေမယ့် အခုကတော့ ကွာခြားသွားပြီ။ ထယ်ထယ့်ကို အဲ့ဒီငရဲတွင်းကနေ ကျွန်တော်ရအောင်ဆွဲထုတ်မယ်။ ခိုးပဲပြေးရ ပြေးရ။
__________
သောင်းကျန်းမယ်လို့ ထင်ထားပေမယ့် အဲ့လိုမဟုတ်ခဲ့ပဲ တစ်လျှောက်လုံး ကျွန်တော့်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း appaက တည်ငြိမ်နေခဲ့ပါတယ်။ ဖြစ်နိုင်တာက တစ်နေရာရောက်မှ အေးဆေးပြဿနာရှာတာမျိုးလည်း လုပ်ချင်လုပ်ပါလိမ့်မယ်။ ကျွန်တော့်ခေါင်းထဲမှာတော့ မင်းနီးစကားသံတွေကိုပဲ ကြားယောင်နေပါတယ်။
မင်းနီးအတွက်တော့ ထင်ကြေးသပ်သပ်ပဲဆိုပေမယ့် ကျွန်တော်ကတော့သိနေပါတယ်။ appaဆိုတာ ကျွန်တော်နဲ့ပတ်သတ်လာရင် ဘာမဆိုလုပ်မယ့်လူတစ်ယောက်မို့ အခု မင်းနီးလက်ထပ်လိုက်ရတာလည်း appaပယောဂပါကိုပါနေမယ်ဆိုတာ သေချာပေါက် သိနေပါတယ်။
ကျွန်တော့်ကြောင့်နဲ့ မင်းနီးက အခုလို အပူတပြင်း လက်ထပ်လိုက်ရတယ်ပေါ့။ မဟုတ်ရင်တောင် အသက်ရှူပေါက်အနေနဲ့ အသုံးချမိနေလို့ ဘယ်လိုပြန်ဆပ်ရမယ်မသိဖြစ်နေခဲ့တာ အခုတော့ ကျွန်တော့်မှာ မင်းနီးအပေါ် အကြွေးအများကြီး တင်နေခဲ့ရပြီ။
တစ်ခါမှမဖြစ်ဖူးတဲ့ စိတ်ပျက်ခြင်းတွေ ကျွန်တော့်ဆီ ဝင်ရောက်လာခဲ့ရပါတယ်။ ဘေးမှာထိုင်နေတဲ့ appaကို စောင်းငဲ့ကြည့်တော့ ဘာတွေကြံစည်နေပြန်သလဲမသိ နောက်ကိုမှီရင်း မျက်လုံးတွေမှိတ်ထားပါတယ်။ ကျွန်တော့်မှာသာ အပူတွေနဲ့ ခါးတောင် မချနိုင်ပဲ တောင့်တောင့်ကြီး ထိုင်နေမိတာပါ။
ခြံဝန်းကြီးတစ်ခုစီ ကျွန်တော့်တို့ကားကြီး ဝင်ရောက်လာခဲ့ပါတယ်။ ကြည့်ရတာ အပန်းဖြေစံအိမ်ကြီးတစ်လုံးဖြစ်ပုံရပါတယ်။ appaက ကျွန်တော့်ကို အထဲက အခန်းတစ်ခုဆီ ဆွဲခေါ်လာခဲ့ပါတယ်။
အခုချိန်ထိ တည်ငြိမ်နေသေးတဲ့ appaကို ကျွန်တော် နားမလည်နိုင်ပါ။ ပုံမှန်အတိုင်းဆို ကျွန်တော့်ကို ပြဿနာရှာရတော့မယ်မလား။ အချိန်လည်းမနည်းတော့ဘူး အိပ်ဖို့ပဲ ကျန်တော့တာကိုလေ။ ကျွန်တော်က appaပြဿနာရှာမှာကို စောင့်ပြီး ဒီတစ်ခါတော့ စကားသေချာပြန်ပြောဖို့ လုပ်ထားခဲ့တာပါ။
“မမေးတော့ဘူးလား”
ကျွန်တော့်အမေးကြောင့် တံခါးနားကို ရောက်နေတဲ့ appaခြေလှမ်းတွေ တန့်ကုန်ပါတယ်။
“ဘာလို့ မမေးသေးတာလဲ.. မင်းနဲ့ Jiminက ဘာတွေလဲလို့.. သူမင်းကို ဘာလို့ နမ်းလိုက်တာလဲလို့.. “
ပြန်လှည့်ကြည့်လာတဲ့ appaမျက်ဝန်းတွေက ဒေါသတွေကို ချုပ်တီးထားဟန်ပါ။
“ဒါမှမဟုတ် အစထဲက သိနေပြီးသားမို့ မထူးဆန်းတော့တာလား appa”
“နောက်မှပြောကြရင် မကောင်းဘူးလား.. ဒီနေ့ မင်းလည်း ပင်ပန်းလာတာပဲ.. နားတော့ ကိုယ် ဘေးအခန်းမှာရှိနေတယ်”
“ဘာလို့ အဲလိုလုပ်ရက်ရတာလဲ”
ဇွတ်ထွက်သွားဖို့ လုပ်နေတဲ့ appaခြေလှမ်းတွေက ကျွန်တော့်စကားလုံးတွေဆီက ရှောင်ပြေးချင်နေပုံပါ။ လူတွေက ကာကွယ်ပေးရမယ့်အရာရှိရင် ပိုပြီးသန်မာလာကြတယ်တဲ့။
ကျွန်တော်လည်း အဲ့လိုပဲနဲ့တူပါတယ်။ မင်းနီးကို မကာကွယ်နိုင်လိုက်ပေမယ့် မင်းနီးကြောင့်ပဲ ကျွန်တော် စေ့စေ့တောင် မကြည့်ရဲခဲ့တဲ့ appaကို မေးခွန်းတွေ တသီကြီးမေးချလိုက်ပါတယ်။ မင်းနီးတစ်ယောက် ကျွန်တော့်အတွက်နဲ့ စတေးလိုက်ရသလိုဖြစ်သွားရတယ်မဟုတ်လား။
“အဲ့ဒီအစား.. မတွေ့နဲ့တော့ ပြောလိုက်ပါလား.. မတွဲရဘူးလို့ တားလိုက်ပါလား.. မဟုတ်ရင် appaက သူ့ကို အခြားလူနဲ့ လက်ထပ်ရအောင် လုပ်လိုက်မှာလို့ ကြိုပြီးပဲဖြစ်ဖြစ် ခြိမ်းခြောက်ခဲ့ပါလား.. ဒါဆိုရင် ကျွန်တော် appaအလိုကျ လိုက်နာချင် လိုက်နာဦးမှာပဲမလား.. ဘာလို့ ဒီလိုကြီး လုပ်ချလိုက်ရတာလဲ.. မင်းနီးဘဝကို appaက ဘာမို့လို့လဲ.. “
ပြောရင်း ကြမ်းပြင်ထက် ဆောင့်ကြောင့်ထိုင်ကာ ငိုချလိုက်မိပါတယ်။ နာကျင်ပြီး ကူကယ်ရာမဲ့နေတဲ့ မင်းနီးပုံစံလေးကို ကျွန်တော့်မျက်လုံးထဲက ထုတ်လို့မရခဲ့ပါဘူး။
မင်းနီးနှုတ်ခမ်းထက်က ပေါက်ရာတွေက ပါးလွှာစွာဖုံးအုပ်ထားတဲ့ lip glossကြောင့် သိပ်မသိသာပေမယ့် အတွေ့အကြုံရှိပြီးသား ကျွန်တော်ကတော့ မြင်နေရပါတယ်။ အမြဲတမ်း ပြုံးနေတတ်တဲ့ ကျွန်တော့်ရဲ့မင်းနီးက မှုန်မှိုင်းနေခဲ့ရှာပါတယ်။
မွန်းကြပ်ခြင်းရဲ့အရသာကို ဘယ်သူတွေထက်မဆို ကျွန်တော်က ကောင်းကောင်းကြီးသိတာမို့ မင်းနီးကိုပါ မခံစားစေချင်ပါ။ ကျွန်တော်တစ်ယောက်ဆိုရင် လုံလောက်ပါပြီ။ မနှစ်မြို့တဲ့အရာတွေကို အတင်းအကြပ် လက်ခံရတာမျိုးက ကျွန်တော်တစ်ယောက်ဆိုရင်ပဲ လုံလောက်နေပါပြီ။ ဒါတွေအားလုံးက ကျွန်တော့်အပြစ်တွေပဲမဟုတ်လား။
ယူကြုံးမရငိုကြွေးနေတဲ့ ကျွန်တော့်ကို appaက သိုင်းဖက်လာခဲ့ပါတယ်။ appaကိုယ်လုံးကြီးကလည်း တုန်ယင်နေသလိုလို..
“အဲဒါမို့ နောက်တစ်ခါ ကိုယ့်ကွယ်ရာမှာ မဆိုးနဲ့တော့.. ဟုတ်ပြီလား.. မင်းကြိုက်တဲ့သူနဲ့ အပေါင်းအသင်းလုပ်ပါ.. ဒါပေမယ့် ဒီလိုမျိုး ဆက်ဆံရေးတွေကိုတော့ ကိုယ်လက်ခံမှာမဟုတ်ဘူး..”
ထုံးစံအတိုင်း ကျွန်တော့်ကို လေသံပျော့လေးနဲ့ ခြိမ်းခြောက်ပါတယ်။ ကြမ်းတမ်းတဲ့စကားတွေ ဆိုလေ့မရှိတဲ့ appaနှုတ်ခမ်းထက်က ချိုမြတဲ့စကားလုံး လှလှတွေကိုတော့ ကျွန်တော် မလိုက်နာလို့ မရခဲ့ပါ။ ဒါတွေက အမိန့်ဖြစ်နေခဲ့တယ်မဟုတ်လား။
“လိမ္မာတယ် အိပ်လိုက်တော့.. မနက်ဖြန် ဆိုးလ်ကို အတူပြန်ကြမယ်.. မင်းကျောင်းသွားချင်ရင်လည်း သွားပါ..Park Jiminနဲ့တွေ့ချင်ရင်လည်း တွေ့.. ဒါပေမယ့် လိမ္မာရမယ်နော် ကလေးလေး”
အဓိပ္ပာယ်က ရှေ့မဆက်နဲ့ပေါ့။
ကျွန်တော့်ကို အိပ်ရာထက်မှာ ချပေးကာ နောက်ကနေ ကျစ်နေအောင် ပွေ့ဖက်ထားပါတယ်။ အရင်ကတော့ appaဘက်က လေသံအေးလေးနဲ့ တားမြစ်လာရင် တုန်နေအောင် ကြောက်ရပေမယ့် အခုတော့ ကြောက်တာထက် ကျော်လွန်ပြီး စိတ်ပျက်နေခဲ့မိပါပြီ။
ကျွန်တော့်နောက်ဆီကနေ ခုန မင်းနီးနမ်းလိုက်တဲ့ ပါးပေါ်ကိုလည်း တဖွဖွ နမ်းလိုက် လျက်လိုက် လုပ်နေပါသေးတယ်။ လွှမ်းမိုးလွန်းတဲ့ အပြုအမူတွေနဲ့ ဆန့်ကျင်ဘက် တုန်ယင်နေတဲ့ appaအသက်ရှူသံတွေကတော့ ဘာကိုဆိုလိုချင်နေသလဲ ကျွန်တော် မသိပါ။
ဖြည်းဖြည်းချင်းပဲ appaအနမ်းတွေကြားမှာ ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရပါတယ်။ ပါးပေါ်က မျက်ရည်စီးကြောင်းတွေကတော့ appaအနမ်းတွေနဲ့ ရောပါကုန်တာမို့ မျက်ရည်လက်ကျန်ရယ်လို့ မရှိခဲ့တော့ပါ။
__________
ဆိုးလ်ကိုပြန်ရောက်တာနဲ့ ချက်ချင်း ကျွန်တော် ကျောင်းသွားဖို့လုပ်ပါတယ်။ မင်းနီးနဲ့တွေ့ချင်နေလို့ပါ။ မင်းနီးကို တောင်းပန်စကားလည်း မဆိုရသေးသလို ဝန်ခံစကားတွေလည်း မဆိုရသေးဘူးလေ။
တကယ်တော့ မနေ့ညက appaနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးအမှန်ကို မင်းနီးကို ပြောလိုက်တော့မလို့ပါ။ ဒါပေမယ့် ဘာမှမပြောရသေးခင်မှာပဲ appaရောက်လာခဲ့လို့ အရာမရောက်လိုက်ပါ။
ကျောင်းကိုရောက်တာနဲ့ ကျွန်တော် စိတ်လှုပ်ရှားစွာ မင်းနီးဆီ ဖုန်းခေါ်လိုက်ပါတယ်။ ကျွန်တော့်ဘက်ကမှ စမခေါ်ရင် မင်းနီးကို လုံးဝမခေါ်ဖို့ တောင်းဆိုထားရတာမို့ ဖုန်းထဲမှာ ကျွန်တော့်ဆီက အထွက်callလေးတွေပဲ ရှိပါတယ်။ ဖုန်းဝင်သွားပြီး ခဏအကြာမှာ မင်းနီးဆီအသံလေးကို ကြားလိုက်ရပါတယ်။
“ဟယ်လို”
“မင်းနီး..”
“ထယ်.. ထယ်ထယ်!”
“ငါ အခု”
“မင်း ဘယ်မှာလဲ ငါအခုထွက်ခဲ့မယ်”
“ငါ စာကြည့်တိုက်ရှေ့မှာ”
“ဟုတ်လား ငါက အတန်းရှေ့က ပန်းခြံထဲမှာ.. အခုပဲ အဲ့ဒီဘက်ကို ပြေးခဲ့မယ်”
စိတ်လှုပ်ရှားပျော်ရွှင်နေတဲ့ မင်းနီးအသံလေးကြောင့် ကျွန်တော်ပြုံးလိုက်မိပါသေးတယ်။ ခဏနေတော့ မင်းနီးရောက်လာခဲ့ပါတယ်။ အနောက်ကနေ ဝတ်စုံအနက်နဲ့လူကြီးတစ်ယောက်ရောပေါ့။ မင်းနီးက အဲ့ဒီလူကြီးကို အာရုံထဲမထည့်ဖို့ပြောပြီး ကျွန်တော်တို့တွေ တိတ်တဆိတ်စကားပြောဖို့အတွက် တစ်နေရာကို ထွက်ခဲ့ကြပါတယ်။
appaက အိုဆာကာကို ပြန်ရမှာမို့ ကျွန်တော် မင်းနီးနဲ့ စိတ်အေးလက်အေးတွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း နောက်ကပါလာတဲ့လူကြီးက မင်းနီးအမျိုးသားထည့်ပေးလိုက်တာဆိုတော့ စကားပြောရတာ မလွတ်လပ်လောက်ပါ။
ကျောင်းဝန်းထဲက သစ်ပင်တွေအုံ့ဆိုင်းနေတဲ့ဘက်ကို ထွက်ခဲ့ကြပြီး အရွက်တွေမိုးပြီး သေချာမမြင်ရတဲ့ ခုံတန်းလေးမှာ ထိုင်လိုက်ကြပါတယ်။ ဟိုလူကြီးက အလိုက်တသိ ခပ်လှမ်းလှမ်းမှာနေခဲ့ပေးလို့ ကျွန်တော်အသက်ရှူချောင်သွားရပါတယ်။ ဒီလိုဆို ကျွန်တော်တို့ပြောစကားတွေ သူမကြားရတော့ဘူးးလေ။ ဒါကို မြင်တော့ မင်းနီးက အားနာစွာနဲ့
“miyan.. ငါ ငြင်းလို့မရလို့ ခေါ်လာခဲ့ရတာ.. အဲ.. သူက ခေါ်လာတာပေါ့ကွာ”
“အော.. အဆင်ပြေရဲ့လား မင်း.. “
“အင်း.. ဒါပေါ့.. ငါက ဘယ်သူမို့လဲ.. “
ခပ်မြူးမြူးဆိုလာတဲ့ မင်းနီးမျက်နှာလေးက ဝင်းပလို့။ ကျွန်တော်နဲ့ တွေ့ရတာကို ပျော်နေပုံပါ။
“ငါတို့ ဒီနေ့ အတန်းလည်း မမှီလိုက်ဘူး အချိန်က ကိုးလို့ကန့်လန့်နဲ့”
“ဒါဆို တစ်နေရာသွားကြမလား.. မင်းစားချင်တာတွေ ငါဝယ်ကျွေးမယ်လေ”
“တော်ပြီ.. assignmentရှိတယ်ဆို ဘယ်ဟာလဲပြော”
“အော တကယ်က မရှိပါဘူး မင်းမလာမှာစိုးလို့ လျှောက်ပြောလိုက်တာ”
“မင်းကတော့လေ”
“မင်း ဒီနေ့မလာဘူးဆိုလို့ ငါ စိတ်ညစ်ညစ်နဲ့ ထိုင်နေတာလေ.. ဘယ်လိုဖြစ်ပြီး ထွက်လာတာလဲ.. ပါမောက္ခဂျွန်က ဘယ်လိုကြောင့် လွှတ်လိုက်တာလဲ”
“အင်း.. appaက အိုဆာကာကို ပြန်ရမှာ.. ငါ့ကို မင်းနဲ့ရှေ့မဆက်ပဲ ပေါင်းလို့ရတယ်တဲ့”
“သိသွားတာပဲ.. မင်း .. မင်းကို သူဘာတွေလုပ်သေးလဲဟင်.. အဆင်ပြေလား ငါညက စိတ်မထိန်းနိုင်ပဲ နမ်းလိုက်မိတယ်”
“ဟင့်အင်း.. ဘာမှမလုပ်ပါဘူး အဲ့ဒါတွေထားပါ.. မင်းကရော ဟိုလူကြီးပြောတော့ မင်္ဂလာဦးညမို့ နောက်နေ့ ကျောင်းမသွားရဘူးဆို .. ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
ကျွန်တော်ပြောလိုက်တော့ ချက်ချင်း ရှုံ့မဲ့သွားကာ
“အလကား.. မင်းရှေ့မို့ ငါသိက္ခာကျအောင် တမင်ပြောတာပါကွာ.. ညက တခြားစီအိပ်ကြတာရယ်.. မင်း ဘာမှစိတ်မပူနဲ့ ဟုတ်ပြီလား”
ပြုံးပြုံးလေးနဲ့ ဘာမှစိတ်မပူဖို့ ပြောနေတဲ့ မင်းနီးမျက်နှာလေးကို ကျွန်တော် အသာထိန်းကိုင်လိုက်ပြီး တည်ငြိမ်စွာနဲ့
“ငါ မင်းကို ပြောစရာရှိတယ် မင်းနီး.. ပြောစရာထက် ဝန်ခံစရာပေါ့..”
“မင်းနဲ့ မင်းအဖေအကြောင်းကိုလား ထယ်ထယ်”
“ဪ. မင်းသိပြီးပြီပေါ့ ဟိုလူကြီးပြောပြတာပဲမလား”
“အင်း.. “
“ငါတောင်းပန်ပါတယ် မင်းအပေါ်မှာ မရိုးသား..”
“ရှူး.. မင်းက ဘာလို့မရိုးသားရမလဲ.. မင်းအတွက်လည်း ခက်ခဲနေတယ်မလား.. အကြောင်းအရင်းကို ဂဂနနမသိပေမယ့် မင်းပျော်မနေတာကိုတော့ ငါသိတယ်.. အနည်းဆုံးတော့ အပြင်မှာပဲဖြစ်ဖြစ် မင်းကို အဖော်ပြုပေးနိုင်လို့ ငါကျေနပ်ပါတယ်”
မင်းနီးစကားတွေက တောင်းပန်ဖို့လုပ်ထားတဲ့ ကျွန်တော့်ကို ဆွံ့အသွားစေပါတယ်။ သူအဲ့လောက်ထိတောင် ကျွန်တော့်အပေါ်မှာ… ဟား.. နည်းနည်းလောက်ပဲ ဖြစ်ဖြစ်အပြစ်ပြောပါတော့လား.. ဒါဆို ကျွန်တော်လည်း နည်းနည်း အသက်ရှူချောင်ရအောင်လေ။
“မင်း.. မင်း ငါ့ကို “
“ငါ မင်းကို ချစ်တယ်လေ.. မင်း ဘယ်လိုအနေအထားမျိုးမှာပဲ ဖြစ်ဖြစ် ငါမင်းကိုချစ်တယ်”
“Jimin.. “
“အဲဒါမို့.. ငါ့ကို မစွန့်ပစ်လိုက်ပါနဲ့.. ငါသိတယ်.. ငါအခု လက်ထပ်ပြီးသွားပြီမို့ မင်းဘက်က နောက်ဆုတ်တော့မယ်ဆိုတာ.. “
မျက်ရည်တွေအဝိုင်းသားနဲ့ မင်းနီးကို ကျွန်တော် ဘယ်လိုပြန်ပြောရမလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းနီးက တစ်ဖက်မှာ အိမ်ထောင်သည်ဖြစ်နေပြီလေ။ ကျွန်တော်က ဘယ်လိုစိတ်နဲ့။
“ကျေးဇူးပြုပြီး ကျောင်းမှာပဲဖြစ်ဖြစ် အရင်လိုလေး နေခွင့်ပေးပါကွာ.. နော်”
ဒါက ဖြစ်သင့်ရဲ့လား။ ပထမတော့ မသိလိုက်ပဲ appaရဲ့ တိတ်တိတ်ပုန်းမယားနေရာကို ရောက်ခဲ့ပြီးပြီ။ အခုကရော.. နောက်ထပ် တိတ်တိတ်ပုန်းပဲလား။
ငြင်းလိုက်ဖို့ကလည်း မင်းနီးမျက်ရည်တွေက ကျွန်တော့်ကို ဟန့်တားနေပြန်တယ်။ ကျွန်တော့်ကံကြမ္မာကိုက ဒီလိုနေရာမှာရှင်သန်ဖို့ ရေးဆွဲပြီးသား ဖြစ်နေလေသလား။ ဘယ်လိုပဲဖြစ်ဖြစ် မင်းနီးနေရာကကြည့်ရင် သူ့အတွက်လည်း အသက်ရှူစရာက ကျွန်တော်ပဲရှိနေတယ်ဆိုတာ နားလည်ပါတယ်။
ဒါပေမယ့် ကျွန်တော့်ဘက်က ကြည့်ရင်လည်း နောက်ထပ် ကာမပိုင်ယောက်ျားတစ်ယောက်နဲ့ မပတ်သတ်ချင်တော့ပါဘူး။
“မင်းနီး.. ကျေးဇူးပြုပြီး နားလည်ပေးပါ.. ငါတို့ မဖြစ်နိုင်ဘူးလေ.. ငါနောက်ထပ် .. သူများယောကျာ်းနဲ့ ဖောက်ပြန်သလိုကြီး မဖြစ်ချင်ဘူး.. ငါအဲလိုကြီး မလုပ်ချင်ဘူး”
ကျွန်တော်ပြောလိုက်တော့ စိတ်ထိခိုက်သွားတဲ့ မင်းနီးက အပင်ကို လက်သီးနဲ့ထထိုးပါတော့တယ်။
“မလုပ်ပါနဲ့.. အဲလိုတွေ မလုပ်ပါနဲ့ကွာ.. ငါမှားတာပါ.. မင်းကို မျှော်လင့်ချက်အမှားတွေ ပေးမိတဲ့ ငါမှားတာပါ.. အဲလိုမလုပ်ပါနဲ့.. အဲ့ဒီအစား ငါ့ကို ထိုးလိုက်ပါလား မင်း”
“မင်း ငါ့ကိုစောင့် ထယ်ထယ်.. ငါ အဲ့ဒီလူဆီက သေချာပေါက် ရအောင် ရုန်းထွက်ခဲ့မယ်.. ပြီးရင် မင်းကိုပါ ပါမောက္ခဂျွန်ဆီကနေ ဆွဲထုတ်ပေးမယ်.. သေချာပေါက်စောင့်နေ.. “
နောက်တော့ အတန်ကြာသည်အထိ ကျွန်တော်တို့နှစ်ဦး တိတ်ဆိတ်စွာ ထိုင်နေမိကြပါတယ်။
“ငါတို့ ဟိုတုန်းကလိုပဲ နေလို့ရပါတယ် .. မင်းနဲ့လည်း ငါ မခွဲနိုင်ဘူးလေ.. မင်းနီး”
ကျွန်တော်တို့တွေက အထက်တန်းတစ်လျှောက်လုံးလည်း နှစ်ယောက်ထဲ ပေါင်းလာကြတာမို့ ရည်းစားတွေအဖြစ် မတွဲခင်ကပင် ဖက်လဲတကင်းရှိကြတာပါ။ ကျွန်တော့်ပါးကို သူစိတ်ထင်ရင် ထင်သလို နမ်းတတ်ပြီး ကျွန်တော်လည်း အဲလိုပါ။ ပိတ်ရက်တွေ သူကျွန်တော့်ဆီလာတိုင်း လက်ချင်းယှက်ကာ မွေ့ယာပေါ် ခုန်ပေါက်ကစားခဲ့ကြတာလည်း ခပ်များများ။ အဲဒီလိုကျွန်တော်တို့နှစ်ဦးက ရင်းနှီးတာထက်ကို ပိုပါတယ်။
“ဒီတစ်နေ့ပဲ ဖြစ်ဖြစ် ငါ့ကို နမ်းခွင့်ပြုပေးမလား ထယ်ထယ်.. ငါမင်းနှုတ်ခမ်းသားလေးတွေနဲ့ ထိတွေ့ဖူးချင်တယ်”
“ဟင်”
အဖြေပြန်မပေးရခင်မှာပဲ ရီဝေဝေ မင်းနီးအကြည့်တွေက ကျွန်တော့်ဆီ ချဉ်းကပ်လာတဲ့အခါ မငြင်းရက်တော့ပါဘူး။ သူကျွန်တော့်ကို တကယ်ချစ်ရှာတဲ့အပြင် အခုလို အခြားတစ်ယောက်နဲ့ အတင်းအကြပ် ယူလိုက်ရတော့ ကျွန်တော့်ကို တမ်းတနေမိမှာပဲ။
စတွဲလာတဲ့ လတွေမှာ ကျွန်တော့်ဘက်က ရှောင်ဖြစ်ခဲ့တယ်ဆိုတာ ဒီတိုင်း လက်မခံနိုင်လို့မဟုတ်ပဲ ပိုင်ရှင်ရှိပြီးသား ကျွန်တော့်နှုတ်ခမ်းတွေအတွက် မင်းနီးကို အားနာနေခဲ့မိလို့ပါ။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော့်ဘက်က ပေးဆပ်သင့်တယ်မလား။
ထူပြည့်ပြည့် နှုတ်ခမ်းသားတွေ ကျွန်တော့်ဆီ လာရောက်ထိကပ်ချိန်မှာ မင်းနီးအကြည့်တွေက ကျွန်တော့်မျက်ဝန်းတွေကို ငေးကြည့်နေတုန်းပါ။ ငြင်သာစွာ စုပ်ယူခံလိုက်ရပြီး နှုတ်ခမ်းနှစ်လွှာမှာ အပေါ်တစ်လှည့် အောက်တစ်လှည့် မင်းနီးနှုတ်ခမ်းသားတွေဆီ ပျော်ဝင်သွားပြီးတဲ့နောက် အားကောင်းလာတဲ့ အနမ်းတွေက ကျွန်တော်တို့နှစ်ဦးကို ပတ်ဝန်းကျင်နဲ အဆက်အသွယ်ဖြတ်လိုက်သလိုပါ။
ရှည်ကြာတဲ့ အနမ်းတွေက အမျှင်မပြတ်ပဲ ကျွန်တော်လည်ပင်းသားတွေဆီ ဆင်းသက်လာမှ အသိဝင်ပြီး တားရပါတော့တယ်။ appaသိရင် ကျွန်တော် အပြစ်ပေးခံမှာမို့။
“မင်းနီး.. မင်းနီး.. တော်တော့.. appaမြင်သွားလိမ့်မယ်”
“အော.. miyan.. ပြွတ်စ် ဟီးဟီး”
ပြောပြောဆိုဆို နှုတ်ခမ်းကို ထပ်နမ်းပြန်ပါတယ်။ မင်းနီးဟာလေ လက်ထဲကို တစ်ခါမှ မစားဖူးတဲ့ lollipopချောင်းကြီး ကိုင်ထားရလို့ ပျော်ရွှင်နေတဲ့ ရုပ်နဲ့ပါ။
“ပြွတ်စ် ပြွတ်စ် ပြွတ်စ်.. ချစ်တယ် ထယ်ထယ်.. မင်းကို အရမ်းချစ်တယ်”
ကျွန်တော်က အခုဆိုရင် လက်ထပ်ပြီးသား နောက်ထပ် ယောက်ျားတစ်ဦးနဲ့ ဖောက်ပြားမိပြန်ပြီပေါ့။ ဒီအတွေးတွေကို ဝင်မလာအောင် မောင်းထုတ်ပေမယ့်လည်း မရ။ တဆစ်ဆစ်နဲ့ ကျွန်တော့်ခံနိုင်ရည်တွေကို တိုက်စားနေခဲ့တာမို့ ဘယ်အချိန်မှာ ပြိုလဲသွားမလဲ မသိပါ။
အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ရှေ့က မင်းနီးကို တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်လို့ နောက်လန်ကျသွားတာကို တွေ့လိုက်ရပါတယ်။ အလန့်တကြား ထထူမယ်အလုပ် ကျွန်တော့်ထက်ဦးသွားတဲ့လူတစ်ယောက်က မင်းနီးအင်္ကျီကို လက်တစ်ဖက်နဲ့ ကိုင်မြှောက်ကာ ပယ်ပယ်နယ်နယ် ထိုးကြိတ်နေခဲ့ပါပြီ။
လန့်ဖြန့်သွားတဲ့ကြားကပဲ ရင်းနှီးပြီးသား ကျောပြင်ကျယ်ကြီးကြောင့် ကျွန်တော် သိလိုက်ရပါပြီ။ အဲ့ဒီလူက ကျွန်တော့်appaတစ်ဖြစ်လည်း ကျွန်တော့်ပိုင်ရှင် Jeon Jungkookဆိုတာ။
YOU ARE READING
🔥ᴀᴘᴘᴀ🔥// KV //
Fanfictionɴᴀᴍᴇ - ᴀᴘᴘᴀ ᴄᴀꜱᴛꜱ - ᴊᴊᴋ ᴀꜱ ᴊᴇᴏɴ ᴊᴜɴɢᴋᴏᴏᴋ, ᴋᴛʜ ᴀꜱ ᴊᴇᴏɴ ᴛᴀᴇʜʏᴜɴɢ, ᴘᴊᴍ ᴀꜱ ᴘᴀʀᴋ ᴊɪᴍɪɴ, ᴍʏɢ ᴀꜱ ᴍɪɴ ʏᴏᴏɴɢɪ ᴏᴛᴘ - ᴛᴀᴇᴋᴏᴏᴋ, ʏᴏᴏɴᴍɪɴ, Namjin ##I don't own this cover photo## #fully credit to original photo editor## ...