(17)

5.2K 369 113
                                    

[ Zawgyi ]

.

ကလေးချစ်တတ်တဲ့ ငါက Jungkookသားလေးကိုလည်း ဒိုင်ခံထိန်းနေကျမို့ အခုလည်း ငါ့လက်ထဲမှာတင် အိပ်ပျော်နေပြီ။

အင်း Jungkookသားလို့သာ ပြောရတာ.. တကယ်က Taehyungရဲ့ သားပါလေ။ အမျိုးသားနှစ်ယောက်ရဲ့ မျိုးရိုးဗီဇတွေကို ပေါင်းစပ်ပြီး သန္ဓေသားဖန်တီးမှု သုတေသနက အခုထိမှ မအောင်မြင်သေးပဲကို။

Jungkook ခေါင်းမာတဲ့ကောင်က ကလေးရဲ့သုတ်ပိုးနဲ့ သူဖန်တီးထားတဲ့ မျိုးရိုးဗီဇမြင့်တဲ့ မမျိုးဥကို နှစ်ခု ပေါင်းစပ်ပြီး ရလာတဲ့ သန္ဓေသားကို သူ့အရင်မိန်းမကိုယ်ထဲမှာ ကြီးထွား‌ခိုင်းခဲ့တာ။

ခွင့်ပြုချက်မရှိလေ။

တစ်ဖက်ကအမျိုးသမီးအတွက်ကတော့ သူJungkookအပေါ်မှာ လုပ်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရက်တွေနဲ့စာရင် အခု Jungkookလုပ်ရက်က ဘာမှမဟုတ်သေးပါဘူး။

ငါအားနာမိတာက Taehyungကိုပဲ။ သူ့မှာ လူကြီးတောင် ကောင်းကောင်းမဖြစ်သေးဘူး။ သူမသိတဲ့ သူ့မျိုးဆက်လေးက ဘေးကိုရောက်နေပြီလေ။

ကဲပါ.. ဘယ်လိုပဲဖြစ်ဖြစ် ငါနဲ့Joonက ဘေးကနေ အမြဲစောင့်ရှောက်ပေးနေမှာပဲကို.. မပူရပါဘူးလေ။ Taehyungက တစ်နည်းနည်းနဲ့တော့ Joonနဲ့ သက်ဆိုင်နေတာကိုး။

Jungkookတို့နှစ်ယောက် လွတ်လပ်ရအောင် ကလေးကို သွားမပို့တော့ပဲ Joonနဲ့ ငါတို့နှစ်ယောက်ကြားလေးမှာတင် သိပ်လိုက်တော့ဖို့ ဆုံးဖြတ်ပြီး ငါရေချိုးဖို့ပြင်လိုက်တယ်။

တံခါးဖွင့်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဝင်လာတဲ့သူက Joon။ မျက်နှာက သိပ်မကောင်းဘူး။

စောစောက ငါတို့အဖွဲ့ meetingပြီးတော့ အခန်းထဲမှာ Joonက Jungkookနဲ့ ကျန်နေခဲ့တာ ဘာတွေများ ဖြစ်လာခဲ့လို့ပါလိမ့်။

ငါအတွေးများနေတုန်းမှာ Joonက အိပ်နေတဲ့ ကလေးရဲ့ပါးကို တရွှတ်ရွှတ်လာနမ်းနေတယ်။

"အာ ကလေးက အခုမှ အိပ်သွားတာကွာ.. Joon..နောက်ကိုဆုတ်စမ်း"

"hyung... ကလေးက Taehyungရဲ့သားဆိုတော့ ကျွန်တော်နဲ့ တစ်နေရာရာမှာ တူမှာပါနှော.. ကျွန်တော့်သွေးသားဆိုတော့ ထယ်လေးလိုပဲ ကျွန်တော်နဲ့ မျက်နှာမတူရင်တောင် အကျင့်စရိုက်ဖြစ်ဖြစ်တော့ တူလောက်မှာပါနှော.."

🔥ᴀᴘᴘᴀ🔥// KV //Where stories live. Discover now