(12)

5.4K 501 34
                                    

[ Zawgyi ]

.

.

မွန်းကြပ်တဲ့အိမ်မက်ကြီးကနေ ကျွန်တော် နိုးထလာတော့ မျက်တောင်တွေကို တဖျက်ဖျက်ခတ်ကြည့်လိုက်တယ်။ မျက်တောင်ခတ်မိတဲ့ လှုပ်ရှားမှုလေးကတင် ကျွန်တော့်ဦးခေါင်းတစ်ခုလုံးကို တင်းကြပ်ကာ နာကျင်နေစေပါတယ်။

အားနဲ့ကုန်းထလိုက်တော့ ခြေတွေလက်တွေ ပျော့ဖက်နေတာကို ခံစားမိလိုက်ပြီး ပြန်လဲကျသွားရပါတယ်။ ဘုန်းကနဲ ပြုတ်ကျသွားတဲ့ ကျွန်တော့်ခန္ဓာကိုယ်နဲ့အတူ ကျွန်တော့်စိတ်ဓာတ်တွေပါ ပူးကပ်ပါသွားကြတယ်။

အားပါတဲ့လှုပ်ရှားမှုကြောင့် ကျွန်တော့်ကိုယ်က နာကျင်မှုတွေ တိုးလာခဲ့ပြီး အထူးသဖြင့် ဝမ်းဗိုက်နေရာက ထိုးအောင့်လာခဲ့ပါတယ်။

တံခါးဖွင့်သံကြားလိုက်ရပြီး တဂွက်ဂွက်နဲ့ အနားကိုတိုးလာတဲ့ ဖိနပ်သံ..

"အခုနေ မလှုပ်ရှားတာက မင်းအတွက် အသင့်တော်ဆုံးလို့ ငါထင်တယ်.. အကယ်၍ အားတွေရှိနေသေးတယ်ဆိုလည်း ကင်မ်ထယ်ယောင်းနောက်ကို လိုက်သွားပေါ့.. ငါမတားပါဘူး"

ထိုလူကြီးရဲ့ ခနဲ့တဲ့တဲ့စကားသံကို ကျွန်တော် ပြန်မတုန့်ပြန်နိုင်ခဲ့ပါ။ အဲ့ဒီချိန်တုန်းက ထိုလူကြီးသာ ဝင်မလာခဲ့ရင် ကျွန်တော့်မှာ ထယ်ထယ့်ကို ထပ်တွေ့နိုင်မယ့် အခွင့်အရေးတောင် မရှိနိုင်တော့ဘူးမလား..

"ခများ.. "

ပါးစပ်ဟလိုက်တော့ နှုတ်ခမ်းပေါ်က ဒဏ်ရာတွေက ဒုက္ခပေးလာပါတယ်။

"ဘာလို့ ကျွန်တော့်ကို ဝင်ကယ်တာလဲ.. "

"ပစ်ထားလိုက်လို့ ရတာပဲမလား"

အတန်ကြာ သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရပြီး

"မင်းကို ငါ လူသိရှင်ကြားလက်ထပ်ထားတာ.. ဆိုးလ်တက္ကသိုလ်ရဲ့ လူခြေတိတ်တဲ့ ပန်းခြံဘက်မှာ အရိုက်သတ်ခံလိုက်ရတဲ့ Min Yoongiရဲ့ပူပူနွေးနွေး သတို့သားဆိုတဲ့ သတင်းကြီး တက်လာမှာကို မလိုလားဘူး.. "

ဒီတော့ ကျွန်တော်က အနေအထိုင်မတတ်ခဲ့တာပေါ့လေ..

"မင်း နှာခေါင်းရိုးကျိုးသွားလို့ သတိမေ့နေတုန်းကပဲ ငါ surgeryတစ်ခါတည်း လုပ်ခိုင်းလိုက်တယ် ရက်နည်းနည်းလောက် ပက်တီးနဲ့ ဆက်နေလိုက်ဦး"

🔥ᴀᴘᴘᴀ🔥// KV //Where stories live. Discover now