(5)

6.9K 556 74
                                    

[ Zawgyi ]

ဇာတ်လမ်းသဘောအရ ရေးထားရတာဖြစ်လို့ အောက်ကအခန်းမှာ JKကို မဆဲကြဖို့ မေတ္တာရပ်ခံပါတယ်.. ဇာတ်ကောင်တိုင်းမှာ သူ့အကြောင်းပြချက်နဲ့သူ ရှိတာမို့ စိတ်ရှည်ရှည်ပဲ စောင့်ဖတ်ပေးဖို့ တောင်းဆိုပါတယ်နော်။

ဒီနေ့ ကျွန်တော်ကျောင်းကို လွတ်လပ်စွာ ရောက်ရှိလာခဲ့ပါတယ်။ အကြောင်းကတော့ appaတစ်ယောက် အိုဆာကာကို ပြန်သွားလို့ပါပဲ။ အနားမှာ ထိန်းချုပ်နေတဲ့ appaမရှိလို့ လွတ်လပ်နေခဲ့ပေမယ့် ကျွန်တော့်ရဲ့စိတ်တွေကတော့ ပေါ့ပါးမနေတဲ့အပြင် အနည်းငယ်တောင် ညှိုးနွမ်းနေပါသေးတယ်။ ဘာလို့လဲဆိုတော့ appaဒီတစ်ခေါက် အိုဆာကာကိုပြန်တာ သူ့မိန်းမ ကလေးမွေးတော့မှာမို့ လချီကြာအောင် သွားနေဖို့ဖြစ်လာတာကြောင့်ပါ။

ညကအထိကို ကျွန်တော်appaရင်ခွင်ထဲမှာ မျက်ရည်တွေနဲ့ အိပ်စက်ခဲ့ရပါသေးတယ်။ ဝန်မခံချင်ပေမယ့် ဝမ်းနည်းနေတဲ့ ကျွန်တော့်ကို ကြားထဲမကြာကြာ ပြန်လာပြီး ကြည့်ပါမယ်လို့ ကတိပေးသွားတဲ့ appaက တကယ်တော့ ကျွန်တော့်ကို မယုံကြည်တဲ့အတွက် လာရောက်စစ်ဆေးဖို့သာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အပေါ်ထားတဲ့ appaအချစ်တွေသာ ရိုးရှင်းမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ။ အခုလို မရိုးရှင်းပဲ အရောင်တွေပါတဲ့ အချစ်တွေကိုတောင် ကျွန်တော်အခြားတစ်ယောက်နဲ့ မမျှဝေချင်ဘူးလို့ ခံစားနေရပါတယ်..။

အခုမွေးလာတော့မယ့်ကလေးကို appaကျွန်တော့်ထက် ပိုချစ်သွားရင် ကျွန်တော်ဘယ်လိုလုပ်ရပါ့။ appaကို မုန်းလိုက်တာ။ ကျွန်တော့်ကိုလည်း အမြဲတမ်း အနိုင်ယူနေလျက်နဲ့ သူ့မိန်းမဆီကိုလည်း အကြင်နာမပျက် ဂရုစိုက်နေသေးတာ။ တကိုယ်ကောင်းဆန်သလို တွေးနေမိတယ်ဆိုပေမယ့် appaက တကယ်ဆို တစ်ဖက်ဖက်ကို ပြတ်ပြတ်သားသား ရွေးချယ်သင့်တယ်မဟုတ်လား။ ကလေးမွေးပြီးတဲ့အခါ ထိုအမျိုးသမီးနဲ့ ကွာရှင်းမယ်လို့တော့ ပြောပေမယ့် ကျွန်တော်မယုံကြည်ပါ။ အခုနေတောင် သိပ်ကြင်နာပြနေမှတော့ ကလေးမွေးပြီးတဲ့အခါ ထိုကလေးက သူတို့နှစ်ယောက်ကြားက သံယောဇဉ်ပေါင်းကူး တံတားဖြစ်လာဦးမယ်လေ။

🔥ᴀᴘᴘᴀ🔥// KV //Onde histórias criam vida. Descubra agora