"ဒီတစ်ခေါက် ငါ့လက်ရည်တိုးတတ်လာပြီဆိုတာပြောရဲတယ်....အနည်းဆုံးတော့ အရင်ချိန်တွေလို အိုးပေါက်ကွဲတာမျိုး မဖြစ်လောက်ပါဘူး...."

"....."

ရှောင်ကျန့်ဟာ သက်ပြင်းအသာချလိုက်ရင်း ဟယ်စုန့်နန်၏ပုခုံးကိုခပ်သာသာပုတ်လိုက်သည်။ သူ့ပါးစပ်ကိုဖွင့်ဟလိုက်ပြီးနောက် သာယာငြိမ့်ညောင်းသည့်ခပ်သာသာအသံလေးတစ်ခုက ကပ်ပါလာသည်။

"မင်းဘေးဖယ်နေလိုက်တာပိုကောင်းလိမ့်မယ်ထင်တယ်"

ဟယ်စုန့်နန်၏တတ်ကြွနေသည့်မျက်နှာလေးမှာ ချက်ချင်းညှိုးငယ်သွားသည်။

"ဒါ...ဒါပေမယ့် ငါလည်းမင်းကိုကူချင်တယ်လေ..."

"ကောင်းပြီ....ဒါဆို ကြက်သွန်ခွာပေး"

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင်။

ရှောင်ကျန့်ဟာ ကြက်သွန်ခွာနေသည့် ဟယ်စုန့်နန်ကိုပါးစပ်အဟောင်းသားဖြင့်ကြည့်နေလေသည်။ အခန်းထဲက တစ်ခြားသော Omega နဲ့ Beta တွေတောင် ဟယ်စုန့်နန်၏အဖြစ်ကိုကြည့်ရင်းတစ်ခစ်ခစ်ခိုးရယ်နေကြ၏။

လက်ထဲတွင်ကြက်သွန်နီတစ်လုံးနှင့် ဓားတစ်ချောင်းကိုကိုင်ရင်း ဂရုတစိုက် နွှာနေသည့်ဟယ်စုန့်နန်၏ မျက်လုံးထဲကနေ မျက်ရည်တွေပိုးပိုးပေါက်ပေါက်စီးကျနေသည်။ ရေတာတမံကျိုးသလိုမျက်ရည်စီးကြောင်းကြီးကိုကြည့်ရင်း ရှောင်ကျန့်ဟာ သူ့ကိုယ်သူ ဟယ်စုန့်နန်ကိုအတင်းအဓမ္မ ခိုင်းစေနေသည့်လူဆိုးကြီးလိုခံစားလိုက်ရသည်။

"တောင်းပန်ပါတယ်...ငါ.....ကြက်သွန်က အရမ်းမွှန်လွန်းတယ်....ဝူး....."

ရှောင်ကျန့် : "....."

နောက်ဆုံးတွင် ရှောင်ကျန့်မှာ ဟယ်စုန့်နန်၏ကြက်သွန်မွှန်လို့ကျတဲ့မျက်ရည်တွေကိုမကြည့်ရက်နိုင်တော့တာကြောင့် ဝက်သားနှပ်ကိုသူကိုယ်တိုင်ဒိုင်ခံချက်ဖို့ဆုံးဖြတ်လိုက်သည်။

ရှောင်ကျန့်ရဲ့လက်ကအရမ်းမြန်သည်။ ထိပ်တန်းအဆင့်ကျွမ်းကျင်စားဖိုမှုးလိုမျိုး အသီးအရွက်တွေကို ခပ်သာသာဖြတ်တောက်သွားပြီး ဝက်သားနှပ်ချက်သည့်ဟန်ပန်မှာ အရမ်းမိုက်လွန်းတာကြောင့် ဆရာမ အပါအဝင် တစ်ခြားသောကျောင်းသား၊ကျောင်းသူတွေအားလုံးရှောင်ကျန့်နား ဝိုင်းအုံလာကြသည်။

system 091 Where stories live. Discover now