(7.15)

5.1K 630 34
                                    

Unicode

အားမြောင်၏ ပွင့်ထွက်လာသည့် ဒေါသစကားကိုကြားသည့်အခါတွင် ရွှယ်ရင်းရင်း၏မျက်နှာမှာလူသေကောင်ကဲ့သို့ဖြူစုတ်သွားသည်။ တစ်ခြားလူတွေ၏ ထင်ကြေးအမျိုးမျိုးဖြင့် အံ့ဩရွံရှာနေသည့်အကြည့်တွေကြားထဲမှာပင် ရွှယ်ရင်းရင်းဟာ အထစ်ထစ်အငေါ့ငေါ့ဖြင့် အလောတကြီးရှင်းပြလာသည်။

"နင်....နင်မဟုတ်တာတွေလာမပြောနဲ့...."

"မဟုတ်တာတဲ့လား!.....ဒါကိုရှင်ဘယ်မျက်နှာနဲ့များပြောထွက်နိုင်တာလဲ!!...ကျွန်မ မောင်လေးရဲ့အသက်သေးသေးလေးက ရှင့်ဂုဏ်သတင်းကို ထိခိုက်သွားမှာစိုးရိမ်လို့လား"

ရွှယ်ရင်းရင်း၏ လက်ဖဝါးအတွင်း၌ ချွေးစေးတွေပြည့်နှက်နေပြီး သူမ ငိုချင်စိတ်ပြင်းထန်လာသည်။ ဘာကြောင့် သူမကို အနိုင်ကျင့်နေကြတာလဲ။

သူမအဖေ သူမဘက်က ကာပြောပေးမလားဟူသည့် ရည်မှန်းချက်လေးနှင့် ရွှယ်အမတ်ကြီးဆီ အားကိုးတကြီးလှည့်ကြည့်လိုက်သော်လည်း ရွှယ်အမတ်ကြီးကိုကြည့်ရသည်မှာ စိတ်နဲ့လူနဲ့ကပ်ဟန်မရသေးပဲ ဝိဥာဥ်လွင့်နေသလိုပင်။ ဇာတ်လိုက်မ ရဲ့ ဦးနှောက်မရှိပုံက သူမအဖေရင်းကို သူမကိုယ်တိုင် ချောက်နက်နက်ထဲတွန်းချခဲ့သည့် ဖြစ်ရပ်ကို မေ့လျော့သွားပုံဖြင့် သူမကိုကာကွယ်ပေးမည်ကိုတောင် မျှော်လင့်စောင့်စားနေသေးသည်။

ရွှယ်အမတ်ကြီး၏ စိတ်လွတ်နေသည့်မျက်လုံးတွေဟာ ဒေါသထွက်နေသည့် အားမြောင်ကို ကြည့်ရင်း ကြောင်တောင်တောင်ဖြစ်နေသည်။ သူ့သမီး၏ ထိုလုပ်ရပ်ကို သူလုံးဝမသိခဲ့ချေ။

အားမြောင်ရဲ့မောင်လေးသေဆုံးသွာစဥ်က ရွှယ်ရင်းရင်းပြောခဲ့သည်မှာ ထိုကလေးငယ်မှာ မတော်တဆ ရေထဲပြုတ်ကျပြီး အချိန်မှီမကယ်ဆယ်နိုင်ခဲ့တာကြောင့် ငါးရက်ကြာ အပြင်းအထန်ဖျားနာပြီး သေဆုံးခဲ့သည်ဟုသာ သိထားသည်။ ထိုအကြောင်းကိုလည်း သူ့သမီးကိုယ်တိုင် မျက်ရည်လည်ရွှဲဖြင့် သနားစရာကောင်းသည်ဟူ၍ ငိုယိုကာ လာပြောခဲ့ခြင်းဖြစ်သည်။ အခုတော့ သူဘယ်လောက်ထိတုံးအ မှန်းနားလည်လာသလိုပင်။

system 091 Where stories live. Discover now