(6.1)

6.8K 668 63
                                    

Unicode

ဇိမ်ခံကားကြီးကအလွန်အမင်းကျယ်ဝန်းသည့်ခြံကြီးတစ်ခုအတွင်းသို့ဝင်ရောက်လာသည်။တောထဲမှာလာဆောက်ထားသည့်အိမ်ဖြစ်သည်နှင့်အညီဘေးပတ်လည်၌သစ်ပင်တွေသာရှိပြီးလူလည်းပျက်၏။

ခြံဝန်းထဲစဝင်လာချိန်ကတည်းကဇိမ်ခံကားကမနားတမ်းမောင်းနှင်နေသည်မှာနာရီဝက်နီးပါးကြာမှလိုရာရောက်လေတော့သည်။၎င်းမှာဧရာမနန်းတော်ကြီးကဲ့သို့အနောက်တိုင်းရဲတိုက်တစ်ခုဖြစ်သည်။မည်သူကရောဒီလိုတိုးတတ်နေသည့်၂၁ရာစုကြီးမှာဒီလောက်ထိရှေးဟောင်းဆန်ပြီးကြီးကျယ်ခမ်းနားသည့်ရဲတိုက်ကြီးတစ်ခုရှိကြောင်းသိကြမည်နည်း။

ရဲတိုက်ကြီးမှာကြီးကျယ်ခမ်းနားသည်မှာမှန်သော်လည်းပုံမှန်နှင့်မတူစွာအနည်းငယ်ညှို့မှိုင်းနေသလိုခံစားရစေ၍ကြက်သီးထဖွယ်ကောင်းလှသည်။

ကားမောင်းသမားကပရော်ဖက်ရှင်နယ်ဆန်စွာကားရပ်ပြီးသည်နှင့်ရှောင်ကျန့်ကထဲကဆင်းဖို့ရန်လုပ်သည်။ဒါပေမယ့်သူ့ခန္ဓာကိုယ်မှာကားတံခါးဝမှအနည်းငယ်တစ်နေသေးသည်။

ရှောင်ကျန့်မှာအနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသော်လည်းကားမောင်းသမားမှာလှောင်ပြောင်ရယ်မောမလာ၍သာတော်သေးသည်။မဟုတ်ရင်သူ့မှာရေမရှိတဲ့ချောင်းထဲခေါင်းနှစ်ပြီးသတ်သေချင်စိတ်တောင်ပေါက်သွားလောက်သည်။

ကားထဲမှာရုပ်ပျက်ဆင်းပျက်မဖြစ်စေရန်အနည်းငယ်တိုးထွက်ခဲ့ရသည်။ကားထဲမှာဆင်းသည်နှင့်ဇိမ်ခံကားကြီးမှာချက်ချင်းမောင်းထွက်သွားသည်။

ရှောင်ကျန့်ကသူ့ရဲ့နှစ်ထပ်ဖြစ်နေသည့်မေးစေ့ဖောင်းဖောင်းလေးအားပွတ်လိုက်ရင်းဇာတ်လိုက်ကသောက်ရမ်းချမ်းသာကြောင်းစဥ်းစားမိလိုက်သည်။သူ့လိုအလုပ်သမားတစ်ယောက်ကိုတောင်ဇိမ်ခံကားနှင့်ခေါ်ခိုင်းခဲ့သည်မဟုတ်ပါလား။

ကြည့်ရတာသူ့ရဲ့ကလေးထိန်းရာထူးကပေါ့သေးသေးမဟုတ်သည့်ပုံပင်။ပြီးတော့ဒါကသူ့နောက်ခံကြောင့်လည်းပါသည်။

မှန်၏။မူလလုမင်ယွင်၏နောက်ခံမှာတကယ့်ကိုပေါ့သေးသေးမဟုတ်ချေ။သူ့ရဲ့အဖေဖြစ်သူမှာvampireသွေးသန့်မျိုးနွယ်၏စွမ်းအားကြီးအကြီးအကဲတစ်ယောက်ဖြစ်ပြီးဇာတ်လိုက်ရဲ့မျိုးနွယ်စုခေါင်းဆောင်ရာထူးထက်တစ်ဆင့်သာနိမ့်သည်။သူကသာမန်လူသားမိန်းကလေးတစ်ဦးနှင့်ချစ်ကြိုက်မိ၍သာလုမင်ယွင်အားမွေးဖွားလာခြင်းဖြစ်သည်။

system 091 Where stories live. Discover now