Unicode
"ဟောဟဲ....မင်းဟာကလမ်းရှာတွေ့ပြီလား...."
"ဟင့်အင်း.....ဖုန်းလိုင်းပျောက်နေတယ်...."
လူငယ်လေးကလက်ထဲကဖုန်းကိုမိုးပေါ်မြှောက်လျက်ဖုန်းလိုင်းရရန်ကြိုးစားနေသည်။
"အား....စိတ်ညစ်လိုက်တာ....ကြံကြံဖန်ဖန်တောထဲလမ်းပျောက်ရတယ်လို့....ဒါကိုငါကဇာတ်လမ်းတွေထဲမှာပဲရှိတယ်ထင်ခဲ့တာ...."
"ဒါပေမယ့်အခုလက်တွေ့ကြုံနေရပြီလေ...."
လူငယ်လေးတစ်ယောက်ကမျက်ဆန်လှန်ပြ၍ရွဲ့ကာဆိုသည်။သူတိုအဖွဲ့တွင်စုစုပေါင်းလူရှစ်ယောက်တိတိရှိပြီးအကုန်လုံးကအထက်တန်းကျောင်းသားလေးတွေသာဖြစ်ကြသည်။
ကျောင်းလေ့လာရေးခရီး၌တောင်တတ်ရာကနေသူတို့အုပ်စုမှာဆရာတွေနှင့်လူစုကွဲလာခဲ့ခြင်းဖြစ်သည်။အခုတော့ဘယ်သွားလို့သွားရမှန်းမသိပဲတောထဲမှာဟိုလည်လည်ဒီလည်လည်ဖြင့်လျှောက်သွားနေကြရုံသာတတ်နိုင်ကြသည်။
ကံကောင်းသည်ကသူတို့ထဲကအထက်တန်းစီနီယာနှစ်ကျောင်းသားတစ်ယောက်ပါလာခဲ့သည်။လင်ယုရောင်ကလင်သုန့်၏အစ်ကိုဖြစ်ပြီးအထက်တန်းနောက်ဆုံးနှစ်ကျောင်းသားလည်းဖြစ်သည်။သူကသူ့ညီကိုတစ်ယောက်တည်းစိတ်မချနိုင်၍ကျောင်းကဆရာတွေကိုတောင်းဆိုကာကျောင်းလေ့လာရေးခရီးသို့လိုက်ပါလာခဲ့ခြင်းဖြစ်၏။
ရှိတာမှဒီသွေးသားတော်စပ်တဲ့ညီအစ်ကိုနှစ်ယောက်သာဖြစ်၍တစ်ယောက်ကိုတစ်ယောက်အားကိုးရင်းကြိုးစားနေထိုင်ခဲ့ရခြင်းကြောင့်သူ့ညီလေးကိုဒီလိုအန္တရာယ်များသည့်တောင်တတ်ခရီးမှာစိတ်မချနိုင်ခဲ့ချေ။
အခုတော့သူလိုက်ပါလာတာတော်သေးသည်ဟုဆိုရမည်။မဟုတ်ရင်ဒီကလေးတစ်သိုက်နဲ့တော့ဒီတောလည်ခေါင်ကြီးမှာအတော်လေးဒုက္ခများကြပေလိမ့်မည်။လင်ယုရောင်ကအဖွဲ့ထဲမှာအကြီးဆုံးဖြစ်တာနဲ့အညီအကုန်လုံးကသူ့စကားကိုမြေဝယ်မကျနားထောင်ကြသည်။
"ကော....မိုးကချုပ်တော့မယ်....ကျွန်တော်တို့ဘယ်လိုဆက်လုပ်ကြမလဲ...."
လင်သုန့်ကသူ့အစ်ကို၏လက်မောင်းကိုတို့၍စိုးရိမ်ပူပန်စွာမေးလိုက်မိသည်။ဒီလိုတောကြီးမျက်မည်းထဲ၌ညဘက်တွင်ဘယ်လောက်အန္တရာယ်များလဲဆိုတာသူတို့အားလုံးသိကြသည်။ပြီးတော့အကုန်လုံးကအတွေ့အကြုံမရှိသည့်နုနုထွတ်ထွတ်ကလေးတွေမို့ပိုတောင်အန္တရာယ်ကြီးသေးသည်။
YOU ARE READING
system 091