(1.29) [Return]

3.2K 463 25
                                    

Unicode

ရှောင်ကျန့်ဟာ မူးဝေနောက်ကျိနေသည့်ခေါင်းနဲ့အတူ မျက်လုံးဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ မထင်မှတ်ထားလောက်အောင်အားနည်းနေပြီး ဒါက system အကူအညီမပါပဲ အတင်းအကြပ်ဝိဥာဥ်ပြန်သွင်းခြင်းကြောင့် လက်ရှိခန္ဓာကိုယ်နဲ့သဟဇာတဖြစ်ဖို့အချိန်အနည်းငယ်ယူရမည်မှန်း သူသိသည်။ ယခုလက်ရှိ သူ့ရဲ့ခန္ဓာကိုယ်ကိုအပြည့်အဝထိန်းချုပ်၍မရသေးပဲ အားနည်းနေ၏။

[host အဆင်ပြေရဲ့လား]

'ငါ့ခန္ဓာကိုယ်ကို အမြန်ဆုံးထိန်းချုပ်နိုင်အောင် လုပ်ပေးနိုင်မလား'

[ဟုတ်ကဲ့....မိနစ်ပိုင်းတော့စောင့်ရမယ် host]

'ကောင်းပြီ'

အုန်းသီးရဲ့အာမခံချက်က ရှောင်ကျန့်ကိုအတော်လေးစိတ်အေးသွားစေသည်။ အနည်းဆုံးတော့ အန္တရာယ်ရှိလား၊မရှိလား ရှင်းရှင်းလင်းလင်းမသိရသည့်နေရာစိမ်းတစ်ခုတွင် ကိုယ့်ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိခြင်းက အတော်လေးဆိုးဝါး၏။

စိတ်လျော့ချလိုက်ပြီးနောက်တွင် ရှောင်ကျန်ဟာ ပတ်ဝန်းကျင်ကိုစူးစမ်းဖို့သတိရလိုက်သည်။ သူရောက်နေတာက ကြီးမားပြီး တန်ဖိုးကြီးရတနာတွေနှင့်ဆင်မြန်းအလှဆင်ထားသည့် အခန်းကျယ်ကြီးတစ်ခန်းဖြစ်သည်။ သူက ယခုလက်ရှိတွင် အခန်းအလည်ရှိ ကြီးမားနူးညံ့သည့်ကုတင်ကျယ်ကြီးပေါ်တွင် လှဲလျောင်းနေတာဖြစ်ပြီး သက်ရှိလူဟူ၍ သူကလွဲလို့တစ်စုံတစ်ယောက်မှရှိမနေပေ။

ရှောင်ကျန့် ဆယ့်ငါးမိနစ်လောက်ဒီအတိုင်းကြီးငြိမ်သက်စွာလဲလျောင်းနေခဲ့ရသည်။ သူ့ရဲ့လက်ရှိခန္ဓာကိုယ်ကို တဖြည်းဖြည်းပိုင်နိုင်စွာထိန်းချုပ်လာနိုင်တာကိုခံစားမိသည့်အခါတွင် ရှောင်ကျန့် သူ့လက်ချောင်းလေးတွေကိုအရင်ဆုံး လှုပ်ရှားကြည့်လိုက်သည်။ လက်ချောင်းတစ်ချောင်းဆီတိုင်းက အရည်အသွေးမြင့်မားလွန်းသည့်ကျောက်စိမ်းဖြူကဲ့သို့ ကြည်လင်တောက်ပနေပြီး ဖြူဖွေးနူးညံ့လွန်းကာ သွယ်လျနေ၏။ ညာဘက်လက်ကောက်ဝတ်သွယ်သွယ်တွင် ရိုးရှင်းသည့် ဟန်းချိန်းကြိုးလေးတစ်ခုကိုဝတ်ဆင်ထားပြီး ထိုကြိုးကိုမြင်သည့်အခါတွင် ရှောင်ကျန့်မျက်လုံးတွေမှာ အနည်းငယ်လွမ်းဆွေးသွားသည့်ဟန်ပေါ်ပေါက်လာသည်။

system 091 Where stories live. Discover now