(1.22) [Return]

4.6K 522 40
                                    

Unicode

"တစ်စိတ်လောက်....ကျွန်တော်တို့က ခရီးသွားတွေပါ....ကျေးဇူးပြုပြီး လူကြီးမင်းတို့လှည်းနဲ့လမ်းကြုံလိုက်စီးလို့ရမလား....ကျွန်တော်တို့တန်ရာတန်ကြေးပေးမှာပါ...."

ဝမ်ရိပေါ်အနေနဲ့ စကားစချင်သည့်ဟန်မရတာကြောင့် ရှောင်ကျန့်ကပင် အရှေ့ဆုံးကလှည်းတန်းအနားကပ်ရင်း တစ်ဖက်က ကြားနိုင်လောက်သည့်အသံဖြင့်အော်ပြောလိုက်သည်။ ဒီကန္တာရမှာသွားလာနိုင်သည်ဆိုကတည်းက တစ်ဖက်လှည်းတန်းမှာရှိတဲ့လူတွေဟာ သာမန်လူတစ်ယောက်လုံးဝမဖြစ်နိုင်ပေ။ ကျင့်ကြံသူတွေရဲ့အကြားအာရုံက ပုံမှန်လူတွေမနှိုင်းယှဥ်နိုင်သည့်အရာမို့ ချက်ချင်းပင် လှည်းတန်းကြီးတစ်ခုလုံးရပ်တန့်သွားသည်။

အရှေ့ဆုံးလှည်း၏တံခါးမှာပွင့်လာပြီးနောက် သက်လတ်ပိုင်းအရွယ် ခန့်ညားတဲ့လူကြီးတစ်ယောက်ဆင်းလာ၏။ ထိုလူကြီးက သာမန်ကုန်သည်တွေလိုမျိုးရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော်လည်းပဲ လှုပ်ရှားသွားလာမှုနဲ့ရစ်ဝဲနေသည့်အရှိန်အဝါအရ သာမန်ကုန်သည်တစ်ဦးထက် မျိုးရိုးမြင့်ကျင့်ကြံရေးမိသားစုကြီးက လူတစ်ဦးနှင့်တူသည်။

လူလတ်ပိုင်းကြီးက ရှောင်ကျန့်တို့နှစ်ယောက်ကို သတိထားမှုအပြည့်ဖြင့်ခြေစွန်းခေါင်းစွန်း အကဲခတ်စိုက်ကြည့်သည်။ ဝမ်ရိပေါ်မျက်နှာက အတော်လေးမဲမှောင်နေသည်။ မည်သူမဆိုတစ်ချက်ကြည့်ရုံနဲ့တင် သူစိတ်အခြေအနေဘယ်လောက်ဆိုးဝါးနေလဲ ဆိုတာအတပ်ပြောနိုင်သည်။ အထူးသဖြင့် တစ်ဖက်လူက ရှောင်ကျန့်ကိုခြေစွန်းခေါင်းစွန်းအကဲခတ်စိုက်ကြည့်လိုက်သည့်အခါတွင် ဝမ်ရိပေါ်ဟာ ဒေါသတကြီး အသံထွက်လာ၏။

"ကျစ်!...မင်းတို့ဘက်က မလိုက်စေချင်ရင်တောင်ကိစ္စမရှိဘူး....ဒါကြောင့် ငါတို့ကိုလမ်းဘေးမှာဖျော်ဖြေပေးရတဲ့ မျောက်တွေလိုမျိုး လာစိုက်ကြည့်မနေနဲ့...."

ဝမ်ရိပေါ်ရဲ့စကားကိုကြားသည့်အခါတွင် ရှောင်ကျန့်မှာပါးစပ်အဟောင်းသားဖြစ်သွားသလို တစ်ဖက်လူကြီးဟာလည်း အတော်လေးအားနာသွားသည့်အပြင် အနည်းငယ်သောဒေါသစိတ်လည်းဖြစ်မိသည်။

system 091 Where stories live. Discover now