(7.19)

4.5K 578 43
                                    

Unicode

ခန်းမကျယ်ကြီးအတွင်း၌ မျိုးရိုးမြင့် လူပေါင်းများစွာနှင့် နိုင်ငံပေါင်းများစွာရှိ ဧကရာဇ်မင်း၏ သက်တော် (၂၉) နှစ်ပြည့်မွေးနေ့သို့တတ်ရောက်လာကြသည့် သံတမန်တွေ ရှိနေသည်။

လူတိုင်းက ယနေ့ပွဲ၏ အဓိကလူဖြစ်သည့် ဧကရာဇ်မင်းနှင့် ဂုဏ်သတင်းကျော်ဇောလှသောဧကရီကို မျှော်လင့်တကြီးစောင့်မျှော်နေကြသည်။

"ဧကရာဇ်မင်းမြတ်နဲ့ ဧကရီ ကြွချီလာပါပြီ...."

လျှိုကုန်းကုန်း၏ အောင်မြင်လှတဲ့အသံနောက်တွင် လူတိုင်းကသူတို့ရဲ့ ကျောတွေကိုချက်ချင်းမတ်လိုက်ကြပြီး ခန်းမထဲဝင်ရောက်လာမည့် ဧကရာဇ်နဲ့ဧကရီကို မျှော်ကြည့်လိုက်သည်။ သူတို့အားလုံး တရိုတသေ မတ်တပ်ရပ်လိုက်ကြသည်။

ကြီးကျယ်ခမ်းနားစွာအလှဆင်ထားသည့် ခန်းမကြီးထဲသို့ လူရိပ်နှစ်ခုက မြောက်များစွာသောအစေခံတွေကိုခြံရံလျက် ဝင်ရောက်လာ၏။

"အရှင်မင်းမြတ်နဲ့ ဧကရီ သက်တော် ထောင်ကျော်ရှည်ပါစေ!! "

ကျယ်လောင်စူးရှသည့် လူအုပ်ကြီး၏အသံမှာခန်းမတစ်ခုလုံးကိုအလွယ်တကူဖုံးအုပ်သွားသည်။ လူတိုင်း၏ စိတ်လှုပ်ရှားမှုအဖြာဖြာမှာ ဝမ်ဧကရာဇ်နဲ့ဧကရီဝင်ရောက်လာပြီးနောက်တွင် မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် လုံးဝကြောင်အ သွားကြ၏။

ဧကရီ နှင့်လက်ဆတ်လိုက်ပြီးကတည်းက နူးညံ့ပျော့ပြောင်းသည့်စိတ်သဘောထား ပိုင်ဆိုင်သွားသော ဧကရာဇ်မင်းရဲ့ မျက်နှာချောချောမှာ လုံးဝတင်းမာခက်ထန်နေသည်။ အမြဲတမ်း ဧကရီရဲ့အရိပ်အခြေကို ဂရုတစိုက်စောင့်ကြည့်နေတတ်တဲ့ ဧကရာဇ်မင်းဟာ သူသဲသဲလှုပ်နေကျဇနီးဖြစ်သူနှင့်အကွာအဝေးတစ်ခုခြား၍ ခန်းမထဲ ဝင်ရောက်လာသည်။

ဧကရီကိုပထမဦးဆုံးအကြိမ်မြင်တွေ့ဖူးသူတွေအတွက်ကတော့ အမှန်တကယ်ကိုရင်သပ်ရှု့မောဖွယ်ရာပင်။ ဧကရီက ကောလဟာလ တွေထဲကထက် ပြောမပြတတ်နိုင်လောက်အောင်လှပသည်။

ထူးခြားချက်တစ်ခုက ဧကရီမှာ သတင်းတွေထဲကနှင့် အနည်းငယ်ခြားနားသည်ဟု ခံစားရခြင်းဖြစ်သည်။ သတင်းတွေထဲတွင် ဧကရီက လွန်စွာရဲရင့်ပြီး အတိုက်အခိုက်အပြင်၊ လေးအတတ်မှာလဲ သူမတူအောင် ကျွမ်းကျင်သည်ဟူ၍။ အခုတော့အနှီး ထူးချွန်ထက်မြတ်သည့်ဥာဏ်ရည်အပြင် ပုန်ကန်သူတွေကိုတောင် အသာအယာသတ်ဖြတ်နိုင်သည့် ဧကရီဟာ ကြောက်လန့် အားငယ်နေပုံဖြင့် ဧကရာဇ်အနားတောင်တိုးကပ်ရဲခြင်းမရှိပါပဲ ကျုံ့ကျုံ့လေး အနောက်ကနေလိုက်ပါလာသည်။

system 091 Where stories live. Discover now