(7.10)

5.6K 634 56
                                    

Unicode

ဧကရီတင်မြှောက်ပွဲနေ့ အခမ်းအနား၌ ဝမ်အင်ပါယာ၏လက်အောက်ခံ အင်အားကြီးတိုင်းပြည်တွေ၊ ရာထူးမြင့်မြို့စားမင်းတွေ၊ တော်ဝင်ဆွေတော်မျိုးတော်တွေနှင့် မျိုးရိုးမြင့်အိမ်တော်တွေတော်တော်များများတတ်ရောက်ကြသည်။

ချန်းယောင်တိုင်းပြည်၏ အိမ်ရှေ့စံ ချန်စစ်ချိန်က တိုင်းပြည်ကိုယ်စားပြုအနေဖြင့် ဧကရီတင်မြှောက်ပွဲသို့တတ်ရောက်ခဲ့ပြီးသူ့ဘေးနားတွင် အစောင့်အရှောက်အနေနဲ့လိုက်ပါလာတဲ့ လူတစ်ချို့ရှိနေသည်။သူတို့အရှေ့တွင်ချပေးထားသည့် အချိုပွဲတစ်ချို့ကို ယူငင်စားသောက်နေရင်း ခန်းမတစ်ခုလုံးကိုခြံရုံကြည့်ရှု့သည်။

သူ့အကြည့်တွေမှာမျိုးရိုးမြင့်လူပေါင်းများစွာကိုကျော်၍ ရွှယ်အမတ်ကြီး၏ဘေးတွင် မျက်တွင်းချောင်ကျလျက် ရှုံ့မဲ့နေသည့်မျက်နှာဖြင့်ရွှယ်ရင်းရင်းကိုမြင်သည့်အခါတွင်ခေတ္တမျှတန့်သွားသော်လည်း ဂရုမစိုက်သလိုမျိုးအကြည့်ပြန်လွှဲလိုက်သည်။

မူလဇာတ်ကြောင်းအတိုင်းသာဆိုရင် အမျိုးသားဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့ အိမ်ရှေ့စံ ချန်စစ်ချိန်ဟာ ဇာတ်လိုက်မကိုမြင်မြင်ချင်းမှာပဲ သူမ၏တတ်ကြွကာ တစ်မူထူးခြားသည့်ဟန်ပန်လေးကြောင့် စတင်စိတ်ဝင်စားသွားခဲ့တာဖြစ်သည်။

သို့ပေမယ့် ယခုချိန်တွင်ရွှယ်ရင်းရင်း၏မျက်နှာမှာ ကွမ်ကျိုးတုန်းက ကိစ္စနှင့်ပတ်သပ်၍မျက်တွင်းတွေချောင်ကျနေပြီး အတော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်လို့နေသည်။ဒါကသူမမျက်နှာကိုအရမ်းကြီးရုပ်ဆိုးသွားစေတာမဟုတ်သော်လည်း ညှို့မှိုင်းမှိုင်းဖြင့်တတ်ကြွမှုကင်းမဲ့သည့် အဘွားအိုကြီးသဏ္ဍာန်နှင့်အလားတူသွားစေသည်။

ထို့ကြောင့်လည်း ချန်စစ်ချိန်၏စိတ်ဝင်စားမှုနှင့် ဝေးကွာခဲ့ရတာဖြစ်သည်။

ခန်းမအတွင်း၌ မျိုးရိုးမြင့်လူပေါင်းများစွာစုံစုံလင်လင်ရောက်ရှိလာသည်။ ဖင်းဂူဖေးက လင်းတ မှိုင် မှိုင်နေတဲ့ ဝမ်နဥ်းကိုကြည့်ရင်းအနည်းငယ်ခေါင်းရှုပ်နေသလိုခံစားရသည်။ကွမ်ကျိုးက ပြန်လာတုန်းကဘသူ့ရဲ့အချစ်နာကျနေပုံကိုကြည့်ရင်း ဝမ်နဥ်းဘယ်လောက်တောင် လှောင်ပြောင်ချင်နေလဲဆိုတာသူခံစားမိသည်။

system 091 Where stories live. Discover now