(1.9)

9K 858 9
                                    

Unicode

ကြောက်မက်ဖွယ်တောအုပ်ကြီးတစ်ခု ဘေးရှိအမည်မရှိတဲ့မြို့ငယ်လေးတစ်မြို့၌ဖြစ်သည်။

များပြားလှစွာသော ကျင့်ကြံသူများမှာနေရာအနှံ့အပြား၌ရောယောင်၍တွေ့နေကြရပြီးဘုရင်အဆင့်နှင့်ဧကရာဇ်အဆင့် ကျင့်ကြံသူများကိုပင်နေရာမရွေးမြင်တွေ့နိုင်သည်။ ကမ္ဘာမြေအဆင့်နှင့်ကောင်းကင်အဆင့်တွေဆိုရင် လမ်းပေါ်မှဂေါ်ဖီထုတ်တွေအလားပေါများလွန်းလှသည်။

အကြောင်းအရင်းမှာမူ အနှီးတောအုပ်အတွင်း၌ နတ်သားရဲဥတစ်လုံးပေါ်ထွက်လာသည်ဟူသော ကောလဟာလကြောင့်ဖြစ်သည်။ နာမည်ကြီးဂိုဏ်းတော်တော်များများက ၎င်းနတ်သားရဲဥကိုလိုချင်တပ်မက်နေကြသည်။ ထိုဂိုဏ်းတွေထဲတွင်သူတော်စင်ကျောက်စိမ်းဂိုဏ်းလည်း ပါဝင်၏။

ဤအကြောင်းပြချက်များကြောင့် ထိုမြို့ငယ်လေးအတွင်း၌ နေရာဒေသမျိုးစုံမှလူအများအပြား လာရောက်ကုန်သွယ်၍ အရောင်းအဝယ်ပြုလုပ်လာကြသည်။ လူလိမ်အများစုကို နေရာအနှံ့တွေ့နိုင်ပြီး မြို့အတွင်း၌နေ့စဥ်နှင့်အမျှရန်ဖြစ်မှုများနှင့်ခိုးဆိုးလုနှိုက်နေကြသည့်အတွက် လူသေမှုများလည်းအဆက်မပြတ်ဖြစ်ပေါ်နေ၏။

မြို့ငယ်လေး၏လမ်းဘေးတစ်နေရာတွင်.....

"ဒီမှာဦးလေးကြီး....ကျွန်တော့်ကိုဂျင်းထည့်လို့ရမယ်များထင်နေလား.....ခင်ဗျားဟာကြီးကအတုဆိုတာလုံးဝသိသာနေတဲ့ဟာကို...."

"ဟေး.....လူငယ်လေး...မင်းပြောတဲ့ဂျင်းဆိုတာကိုလည်းနားမလည်ဘူး....ငါကဘာမှလိမ်ရောင်းတာမျိုးလည်းမရှိဘူး....လိုချင်ဝယ်...မလိုချင်ရင်ထွက်သွား....ငါ့ကိုတော့လာပြီးအပုတ်မချနဲ့...."

သာမန်ရွက်ကြမ်းရေကြိုရုပ်ရည်ရှိသောပိန်ပိန်ပါးပါးလူငယ်လေးတစ်ယောက်သည် ဆိုင်ရှင်အဖိုးကြီးတစ်ဦးနှင့်စကားများနေ၏။ လူငယ်လေးအနောက်တွင်အရပ်ရှည်ရှည်၊ မျက်နှာတွင်ကန့်လန့်ဖြတ်အမာရွတ်ရှိသော လူရွယ်တစ်ဦးမတ်တပ်ရပ်နေပြီး ထိုလူကလူငယ်လေးကို တားဖို့ရန်စိတ်ကူးမရှိပါပဲ စိတ်တိုင်းကျပြုမူပြောဆိုခွင့်ပြုကာ တုန်နေအောင်ချစ်ခင်၊ အလိုလိုက်သည့်မျက်ဝန်းများဖြင့်ငေးကြည့်နေလေသည်။

system 091 Where stories live. Discover now