(3.14)

6.7K 773 41
                                    

Unicode

မကြာခင်မှာပဲခန်းမအတွင်းသို့အစေခံတွေဝင်ရောက်လာပြီးမေ့လဲနေသည့်လူတိုင်းကိုသယ်ဆောင်သွားကြသည်။

မြို့တော်ဝန်အိုင်းစက်ကကျေနပ်စွာပြုံးလိုက်ရင်းခန်းမထဲမှထထွက်သွားခဲ့သည်။ရှောင်ကျန့်ကသူ့ကိုသယ်ဆောင်သွားသည်ကိုတော့ခံစားမိသည်။သူ့ရဲ့ဝံပုလွေကြီးပြဿနာမရှာဖို့ကိုတော့မျှော်လင့်ရတာပဲ။သူ့ခမျာလက်ချင်းဆွဲထားတာကိုတောင်မနဲပြန်ပြီးဆွဲဖြုတ်လိုက်ရသေးသည်။

ရိုင်နယ်တေးကတော့မနည်းကိုအံတင်းတင်းကြိတ်ရင်းသည်းခံထားရသည်။

သူ့ရဲ့သခင်၊သူ့ရဲ့ဇနီးလေးကိုထိတွေ့နေကြတယ်ဆိုကတည်းကအကုန်လုံးကိုနုတ်နုတ်ဆင်းပြီးအစိတ်စိတ်အမွှာမွှာလုပ်ပြစ်ချင်နေသည်။သို့သော်သူ့ရဲ့ဇနီးလေးကအကြံစည်တစ်ခုခုရှိနေပုံရသည်။ထို့အတွက်သူစိတ်ရှိတိုင်းလှုပ်ရှားလိုက်ရင်သူ့ကိုစိတ်ဆိုးသွားနိုင်သည်။

သည်းခံ......သည်းခံ.......သည်းခံ.........

အစေခံတွေကသတိလစ်နေသည့်လူအုပ်ကိုမြို့တော်ဝန်အိမ်တော်ရဲ့လျို့ဝှက်မြေအောက်ခန်းတစ်နေရာသို့ခေါ်ဆောင်သွားသည်။မြေအောက်ခန်းဟာအလွန်တရာကျယ်ဝန်းပြီးမြေပြင်ထက်တွင်ထူးခြားသည့်အစီအရင်တစ်ခုရှိနေသည်။အစီအရင်တွင်ထောင့်ပေါင်းလေးဆယ့်ကိုးခုရှိပြီးသတိလစ်နေသည့်လူတိုင်းကိုထိုအစီအရင်ထောင့်နေရာတစ်ခုစီ၌ချပေးလိုက်ကြသည်။

မြို့တော်ဝန်အိုင်းစက်ဟာအေးဆေးစွာဖြင့်အစီအရင်အလည်နေရာသို့လျှောက်လာသည်။သူ့ရဲ့အရှိန်အဝါမှာမူလတုန်းကကဲ့သို့မြင့်မြတ်ဖော်ရွေတာမျိုးမရှိတော့ပါပဲလွန်စွာအေးစက်မှောင်မိုက်ခြင်းတွေနဲ့အတူဆိုးယုတ်နေခဲ့သည်။

အစီအရင်အပြင်ဘက်ဘေးပတ်ပတ်လည်၌အနက်ရောင်ခြုံထည်တွေဖြင့်ဆိုးယုတ်သည့်အရှိန်အဝါဖြင့်လူပေါင်းများစွာမတ်တပ်ရပ်နေကြသည်။အသိအသာကြီးကိုထိုသူတွေမှာလူတိုင်းဒီနှစ်ပါတ်အတွင်းအသည်းအသန်လိုက်လံရှာဖွေခဲ့ကြတဲ့မှော်နက်ကျင့်ကြံသူတွေတစ်ဖြစ်လဲမှော်နက်မျိုးနွယ်ဝင်တွင်ဖြစ်ကြသည်။

system 091 Where stories live. Discover now