သူ ထိုနေရာမှာပဲ အရက်သောက်နေမိသည်မှာဘယ်လောက်တောင်ကြားသွားတယ်မသိ။သူသိတာဆိုလို့ သူ့ရှေ့မှာရပ်ကာ သူ့ကိုစကားပြောနေတဲ့ နွယ့်ကိုသာတွေ့လိုက်ရသည်။နောက်တော့အနားကိုကပ်လာတဲ့ နွယ့်ကိုလက်ကနေဆွဲပြီး တင်းတင်းကျပ်ကျပ်ကိုဖက်တွယ်ထားမိတယ်။ဒါပေမယ့်နွယ်ကတော့ သူ့ရဲ့လက်ထဲကနေအတင်းတွေရုန်းကန်နေ ပြီး သူ့ရဲ့နာမ်မည်ကိုခေါ်တာကြောင့် အလိုမကျစွာနဲ့သူဆိုမိတာကိုမှတ်မိသေးတယ်

အဲ့တာကို နွယ်က ရုန်းလည်းရုန်းရင်း သူ့ကိုသူလည်း နွယ်မဟုတ်ကြောင်းနဲ့ ဓနမာန်သာဖြစ်ကြောင်းကို စိတ်ရှုပ်စွာနဲ့ပြန်ပြောသံတွေကိုကြားပေမယ့်သူလျစ်လျူရှူ့ခဲ့ပြီး ထိုသူအကြောင်းကို‌မပြောဖို့ပြောခဲ့မိသည်ကိုလည်း သူသိတယ်။ပြီးတော့လည်း သူနမ်းချင်တယ်လို့ပြောပြီး ရုန်းနေတဲ့သူကိုလည်းဇွတ်အတင်းတွေနမ်းခဲ့မိတော့ သူ့ကိုစောင့်ကန်လိုက်တာကြောင့် ကုတင်ပေါ်ကနေပြီးပြုတ်ကျကာကြမ်းပြင်မှာ ထိုင်ရက်လေးဖြင့်သာ

နောက်တော့သူ့ကိုစိုးရိမ်တကြီးနဲ့ပြောကာ အနားကိုပြေးလာပြီး လက်လှမ်းလိုက်တာကြောင့် သူလည်းအဲ့လက်ကိုဆွဲပြီး အတင်းချုပ်ပြီးနမ်းခဲ့တယ်။နောက်တော့ စိတ်တိုင်းမကျတာကြောင့် ကုတင်ပေါ်ကို သူတို့သွားခဲ့တယ် ။ပြီးတော့သူချုပ်ပြိီးအတင်းတွေနမ်းခဲ့တာကိုလည်းသူမှတ်တယ်။ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ ထိုအချိန်ထိ ထိုလူကို နွယ်လို့သာမြင်နေခဲ့မိသည်သာ

အဲ့နောက်တော့သူဘာတွေဆက်ဖြစ်ခဲ့ကြလည်းဆိုတာကိုမသိတော့ဘူး။မနက်ရောက်တော့မှ သူသိလိုက်ရတာ သူနွယ်လို့ထင်ခဲ့တဲ့သူဟာ သူအရမ်းကိုမှမုးန်တီးရွံရှာခဲ့မိတဲ့ ဓနမာန်ဆိုသူသာဖြစ်လို့နေတာကြောင့် အလွန်ကိုဒေါသလည်းဖြစ်သလို တစ်ချိန်ထဲမှာပဲ တစ်မျိုးကြီးခံစားလာရတဲ့ခံစားချက်တို့ကြောင့်ရော ရောကာ လက်သီးနဲ့ထိုးခဲ့တယ်။နောက်တော့နှစ်ယောက်သားစကားများခဲ့ကြတယ်

သူအိမ်ပြန်ရောက်ကတည်းကနေအခုချိန်ထိ ထိုအဖြစ်အပျက်တစ်ခုလုံးကိုမမှတ်မိသေးပေ။သူဘယ်လောက်ပဲကြိုးစားကာစဉ်းစားပြီးတွေးတောကြည့်သော်လည်းအဖြေမရခဲ့

𖡛YOUR SHADOW𖡛 {Completed}Where stories live. Discover now