(1.32) [Return]End....

Start from the beginning
                                    

ရန်ကျင့်ကျင့်ဟာ ရူးသွပ်သွားသလိုခံစားရသည်။ သူမက ကြောက်ရကောင်းမှန်းကိုပါမေ့လျော့သွားသည်။

"ရှင်တို့က လိမ်ခဲ့တာပဲ....ပုံပြင်တွေထဲကလို နတ်ဘုရားသားရဲကဘယ်တုန်းကမှမသေခဲ့ဘူး....ရှင်တို့ကိုယ်တိုင်ဇာတ်လမ်းဆင်ပြီး ကျင့်ကြံခြင်းကုန်းမြေကိုသိမ်းပိုက်ဖို့အကြောင်းပြချက်ရှာခဲ့ကြတာ...."

"မင်းအတွေးလွန်နေပြီ"

ရှောင်ကျန့်က အမူအရာမဲ့စွာ ရန်ကျင့်ကျင့်ကိုပြောသည်။ သူ့မျက်နှာလှလှလေးက ဝမ်ရိပေါ်ရှေ့ဖော်ပြခဲ့သလိုချိုမြိန်မနေပဲ ထူးခြားသည့်အရှိန်အဝါတစ်မျိုးရှိနေသည်။ သူတို့နှစ်ယောက်ရဲ့အမူအရာမဲ့သည့်မျက်နှာကတောင်တစ်ပုံစံတည်းသွားဆင်နေသည်။

"ငါ တကယ်သေခဲ့တာ"

ရန်ကျင့်ကျင့်အပါအဝင် လူတိုင်းတိတ်ဆိတ်သွားသည်။ ရှောင်ကျန့်ရဲ့မက်မွန်ပွင့်ကဲ့သို့ မြစိမ်းရောင်မျက်ဝန်းတစ်စုံမှာ တစ်လက်လက်တောက်ပနေပြီး တည်ကြည်မှုနဲ့ လှပသန့်စင်မှုကိုတိုက်ရိုက်ဖော်ပြနေသည်။ သူ့ခေါင်းပေါ်က မြေခွေးနားရွက်လေးတွေမှာ သူအမှန်တရားကိုပြောကြောင်းထောက်ခံနေသလိုမျိုး ဟိုဘက်ဒီဘက်ခပ်သာသာလှုပ်ရှားလာ၏။ မည်သည့်အရာမှနှိုင်းယှဥ်မရအောင် လှပလွန်းသောမြေခွေးလေးဟာ သူ့ကိုယ်သူတစ်ကြိမ်တစ်ခါသေခဲ့ဖူးကြောင်းဝန်ခံလာခဲ့သည်။

အမှန်တကယ်တွင် ဘဝ ရှစ်ခုတိတိဖြတ်သန်းဖူးပြီး ရှစ်ခါသေခဲ့ဖူးပေမယ့် တစ်ခြားသူတွေကို system ရဲ့ဖြစ်တည်မှုနဲ့ တစ်ခြားသောဘဝတွေအကြောင်းပြောပြစရာမလိုပေ။

ရှောင်ကျန့်ရဲ့တည်ငြိမ်တဲ့မျက်နှာလေးကိုကြည့်ရင်း လူတိုင်း၏နှလုံးသားထဲတွင် ကြီးစွာသောဝမ်းနည်းမှုတစ်ရပ်ကြီးစိုးလာခဲ့သည်။ ဘယ်လိုလူမျိုးကများ ကိုယ်ခံစားခဲ့ရသည့်သေခြင်းတရားကိုတည်တည်ငြိမ်ငြိမ် ဖွင့်ပြောနိုင်ပါ့မလဲ။

ဝမ်ရိပေါ်၏ ရှောင်ကျန့်ကိုဖက်တွယ်ထားသောလက်နှစ်ဖက်မှာ သူသေခဲ့ဖူးကြောင်းပြောလိုက်သည်နှင့် ပိုမိုတင်းကြပ်သွားသည်။ သူ့လက်မောင်းနှစ်ဖက်မှာ တဖြည်းဖြည်းတုန်ရင်လာပြီး ဝမ်ရိပေါ်က ပြတ်တောင်းပြတ်တောင်းဖြင့် တိုးညင်းစွာအသံထွက်လာသည်။

system 091 Where stories live. Discover now