'အုန်းသီးရာ..အုန်းသီး....လီဟူရီက ဝမ်ရိပေါ်ရဲ့နာမည်ရင်းကိုသိမယ်လို့မင်းထင်နေတာလား'

[.....]

မှန်ပေသည်။ လီဟူရီအပါအဝင်ကျင့်ကြံရေးလောကမှာရှိတဲ့မည်သူမဆို နတ်ဆိုးဧကရာဇ်၏နာမည်ရင်းမှာ ဝမ်ရိပေါ်ဖြစ်ကြောင်းမသိကြချေ။ ရှားရှားပါးပါးသိသူဆိုလို့ ရှောင်ကျန့်၊ ချူကျင်းနဲ့ အနီးကပ်အဆင့်မြင့်နတ်ဆိုးတွေသာရှိသည်။ နတ်ဆိုးအများစုက ဝမ်ရိပေါ်ကိုနာမည်တိုက်ရိုက်မခေါ်ရဲတာကြောင့် ဝမ်ရိပေါ်ဆိုသည့်နာမည်ကိုတဖြည်းဖြည်းမေ့လျော့လာကြပြီး ကျင့်ကြံသူတွေကဲ့သို့ နတ်ဆိုးဧကရာဇ်ဆိုသည့်ဂုဏ်ပုဒ်ကိုသာသိကြသည်။ ချူကျင်းတောင် system ကြောင့်ပစ်မှတ်ဖြစ်သူ၏နာမည်ရင်းကိုသိခဲ့ရခြင်းပင်။

'ငါသိနေတယ်....သူမြန်မြန်ရောက်လာမယ်ဆိုတာ'

ဝမ်ရိပေါ်ရောက်လာတာတကယ်မြန်သည်။ တစ်ရက်ကျော်ကျော်လောက်သာ ကြာမြင့်သေးပေမယ့် နတ်ဆိုးတိုင်းပြည်သို့သတင်းရောက်ရှိဖို့ရန် တစ်ရက်လောက်ကြာမြင့်မည်မှာပြောစရာမလိုပေ။ ဘာကြောင့်ပဲဆိုဆို ကျင့်ကြံရေးလောကမှာကျယ်ပြန့်လွန်းသည်။ သတင်းရောက်ဖို့ရန်အချိန်အတော်လေးယူရ၏။

ကံကောင်းတာက ဝမ်ရိပေါ်ရောက်လာတာမြန်ဆန်လွန်းတာကြောင့် မြို့ထဲကို အနီးနားမှာရှိတဲ့ဂိုဏ်းတွေနဲ့ကျင့်ကြံသူတွေသာရောက်ရှိလာသေးပြီး ဟိုးအဝေးမှာရှိတဲ့ ကျင့်ကြံခြင်း
နယ်မြေတွေနှင့် ဂိုဏ်းကြီးတွေမှာရောက်မလာသေးပေ။ ဒီအတောအတွင်း ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ရန်အတွက် အုန်းသီးဆီက အသွင်ပြောင်းဟန်းချိန်းတစ်ခုကိုဝယ်ယူ၍ သူ့ကိုယ်သူခန္ဓာကိုယ်ပိန်ပါးသေးသွယ်သည့် လေလွင့်ကျင့်ကြံသူတစ်ဦးအသွင်ဟန်ဆောင်ထားခဲ့ရသည်။

ပြီးတော့ လီဟူရီနှင့် ကျင့်ကြံသူတွေ သူ့အရှိန်အဝါနောက်လိုက်လာမှာစိုးရိမ်တာကြောင့်အုန်းသီးအကူအညီဖြင့် သူ့ဖြစ်တည်မှုကိုပါဖျောက်ဖျက်ထားခဲ့သည်။ ထို့ကြောင့် ဝမ်ရိပေါ်ဘက်က သူ့ကိုရှာဖွေဖို့ရန်လွယ်ကူမည်မဟုတ်ပေ။ ဒါကြောင့် ဝမ်ရိပေါ်ကသူရှိနေသည့်နေရာကိုသတင်းလွှင့်ပြီး သူ့ကိုဆွဲခေါ်နေတာဖြစ်နိုင်လောက်သည်။

system 091 Where stories live. Discover now