part (01)

12.7K 247 3
                                    

ခ စား ခွင့် ပြုပါ(BL)
အပိုင်း(၁)
ကျတော့် အဖွားရဲ့ လက်ကို ဆွဲပြီး ဒီအိမ်ကြီးထဲကို လိုက်လာခါစ က ဆို အရှင်လတ်လတ် ပုံပြင်တွေထဲက နတ်ပြည်ကို ရောက်လာခဲ့တာလား လို့ တွေးမိတဲ့ အထိပါပဲ။

ပန်းတွေဟာ လှလှပပကြီးကို ပွင့်နေခဲ့တယ်။သစ်ပင်ကြီးကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ မြင်လေရာရာဟာ လှပနေတာပါပဲ။

အကြိုက်ဆုံးကတော့ ခြံကြီးရဲ့ အလယ်မှာ ရှိနေတဲ့ ရေပန်းကြီးပါပဲ။
ကျတော်က ခဏလောက် ရပ်ပြီး ကြည့်ချင်နေခဲ့ပေမယ့် အဖွားက ကျတော့်လက်ကို ဆွဲပြီး အိမ်ထဲကို ခေါ်သွားတာမို့ လှည့်ကြည့် ၊လှည့်ကြည့်နဲ့ ပါသွားခဲ့တယ်။

"ဟော အိမ်တော်ထိန်း ဒေါ်ဒေါ်တောင် ပြန်ရောက်လာပြီပဲ။
အန်တီရေ ၊အန်တီ၊ အိမ်တော်ထိန်း
‌ေဒါ်‌ေဒါ်  ပြန်ရောက်လာပြီ"

ဆိုဖာတွေကို သန့်ရှင်းရေးလုပ်နေတဲ့ မိန်းမပျိုလေး၏ စကားအဆုံး၌

ဧည့်ခန်းထဲသို့ အမျိုးသမီး တယောက်
ထွက်လာသည်။အိုး လှလိုက်တာလို့ ကျတော့် စိတ်ထဲက ရေရွတ်လိုက်မိသည်။

"ဪ ဒေါ်ဒေါ်စိုး တောင် ပြန်ရောက်လာပြီပဲ။ဘယ့်နှယ့်လဲ ကိစ္စ အဝဝ အဆင်ပြေခဲ့ရဲ့လား?"

"အဆင်ပြေပါတယ် မမ။
ဒါ ဒေါ‌ ်ဒေါ် တူလေးတို့ လင်မယားက မွေးတဲ့ ကလေးပါ။
လောလောဆယ် စောင့်ရှောက်မယ့် သူမရှိတော့ ဒေါ်ဒေါ်ပဲ ခေါ်လာခဲ့ရတယ် မမရယ်။"

မမ လို့ ခေါ်တဲ့ အမျိုးသမီးက ပြုံးပြုံးရယ်ရယ်နှင့် ကျတော့်ကို ငုံ့ကြည့်လိုက်တာကို မြင်ရသည်။

"ခေါ်ခဲ့ပေါ့ ဘာဖြစ်လဲ ?
ဒေါ်ဒေါ်စိုးကလည်း ကျမတို့က မိသားစုလို ဖြစ်နေပြီပဲဟာ။
အိမ်က သားသားနဲ့လည်း အဖော်ရတာပေါ့။ဒါနဲ့ ကလေးလေးက အသက် ဘယ်လောက် ရှိပြီတဲ့လဲ"?

"အသက် က ခုနစ်နှစ် ရှိပါပြီ။
ကျောင်းလည်း တက်ပါတယ်။
ဒီရပ်ကွက်ထဲက အစိုးရမူလတန်းကျောင်းမှာပဲ ဆက်ထားဖို့ ဆုံးဖြတ်ထားပါတယ် မမ"

"အင်း ခုနစ်နှစ်ဆိုတော့ Grade 2 တော့ ရောက်ရောပေါ့ ။ဟုတ်လားသား သားဘယ်နှတန်းအထိ တက်ခဲ့ပြီးပြီလဲ"?

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now