ဂျောင်ဂုဆိုလိုသော အပြစ်ပေးသည် ဆိုသည့်အဓိပ္ပာယ်အား ဂျောင်ဟိုဆော့သေချာပင်မသိ....
«««««ℒℴ𝓋ℯ»»»»»»
ဂျောင်ဂုဒီနေ့ ပိတ်ရက်ဖြစ်တာကြောင့် ဘာအလုပ်မှမရှိပျင်းနေတာနဲ့ ဂျောင်ဟိုဆော့ကို ဖုန်းဆက်ဖို့ပြင်လိုက်သည်...
‌ဟိုဆော့ဖုန်းနံပါတ်မရှိတာကြောင့် ဂျောင်ဂု အတွင်းရေးမှုးကင်မ်ဆီဖုန်းဆက်ကာ....
"ဟယ်လိုဘော့စ်"
"မနေ့က ငါရှာခိုင်းထားတဲ့ ဂျောင်ဟိုဆော့အကြောင်းသိရပြီလား"
"ဟုတ်ကဲ့ပါ ဘော့စ်ရပါပြီ ကျွန်တော် ဖွင့်ရက်ကျမှဘဲ.."
"ငါ့ကိုအခု Messengerကနေ ဓာတ်ပုံရိုက်ပို့ အခုလိုချင်တယ်"
"အော် ဟုတ်ကဲ့ဘော့စ်"
'တီ....'
ဂျောင်ဂုလိုရာပြောပြီးသည်နှင့်ဖုန်းချကာ Meessengerမှ မက်ဆေ့ခ်ျဝင်လာသည်မို့ကြည့်‌လိုက်တော့ အတွင်းရေးမှုးကင်မ် ပို့ထားသည့် ဂျောင်ဟိုဆော့အကြောင်း
ထိုအကြောင်းအရာထဲမှဖုန်းနံပါတ်အားယူကာ ဆက်လိုက်သည်....
.........................

'တီ...'
တစ်ဖက်မှဂျောင်ဟိုဆော့သည် သူပြောချင်ရာပြောပြီးသည်နှင့် ဖုန်းတန်းချလိုက်သည်မို့
ဂျောင်ဂုစကားဆက်ပြော၍တောင်မရ...
"မင်းရှိတဲ့နေရာကိုကိုယ်ရောက်အောင်လာရမှာပေါ့"
တစ်ချက်ပြုံးကာ အတွင်းရေးမှုးကင်မ်ပို့ထားသည့် အကြောင်းအရာအား ကြည့်လိုက်တော့..
'Mystery Cafè' တွင်ဒီနေ့ ရှိမည်တဲ့လေ..
ဂျောင်ဂုအတွင်းရေးမှုးကင်မ်အားဖုန်းပြန်ဆက်ကာ...
"အတွင်းရေးမှုးကင်မ် ဂျောင်ဟိုဆော့ရဲ့ အကြောင်းအရာထဲမှာပါတဲ့ သူအချိန်ပိုင်းလုပ်တဲ့ ဆိုင်တွေအကုန် ဝယ်လိုက် တနင်္လာနေ့ စာချုပ်လိုချင်တယ် ဒါဘဲ!"
'တီ..'
အတွင်းရေးမှုးကင်မ်မှာတော့ ဘာမှတောင်ပြန်မပြောရသေး သူ၏ဘော့စ်မှာ ပြောချင်ရာပြော၍ဖုန်းချသွားသည်မို့ကြောင်အံ့"
"ဟူးးးပိတ်ရက်တွေလဲမနားရပါလားနော်"
ကင်မ်နမ်ဆောင်းသက်ပြင်းတစ်ချက်ချကာ အလုပ်"ဖို့ရန်ပြင်ဆင်ရတော့သည်...
ဒီလိုစိတ်မြန်လက်မြန်ဘော့စ် နဲ့လဲ
ကင်မ်နမ်ဆောင်း အလုပ်မြန်"သာလုပ်ရတော့မည်.။

ဂျောင်ဂုအတွင်းရေးမှုးကင်မ်နှင့် စကားပြောပြီးသည်နှင့် အနက်ရောင်‌ကုတ်အရှည်အား ရှပ်အင်္ကျီအဖြူပေါ်မှထပ်ကာ စတိုင်ပန်ဘောင်းဘီအနက်နှင့်ပင် 'Mystery Cafè' ရှိရာဆီသို့ဉီးတည်၍ထွက်လာခဲ့တော့သည်...

LOVE[Jk×Jh]Where stories live. Discover now