အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။

Start from the beginning
                                    

"ရှစ်မေ့" ကုဖေးတိက ပြောလိုက်သည်။

"မင်းအသက်ကို တန်ဖိုးထား။ ငါ့အဖေ ငါ့ကို ထန်းယွင်စံအိမ်က နှင်ထုတ်လိုက်ကတည်းက မင်းနဲ့အတူ ငါပြန်မသွားနိုင်တော့ဘူး။ မင်းရဲ့တပ်တွေနဲ့ ပြန်သွားပူးပေါင်းလိုက်ပါ"

ဖူလင်းယွင်က ကုဖေးတိကို လှည့်ကြည့်လိုက်ပြီး သူမရဲ့ အံ့အားသင့်နေတဲ့ အမူအရာဟာ ဝမ်းနည်းမှုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပြီး ဒေါသတကြီးဖြင့် ပြောလေသည်။

"အချည်းနှီးပဲ! ငါနင့်ကို စည်းရုံးဖို့ရည်ရွယ်ချက်နဲ့ ငါ့ရဲ့ လုံခြုံမှုကိုတောင် ဂရုမစိုက်ဘဲ တစ်ယောက်တည်း လိုက်လာခဲ့ရတာ။ နင်က လူတွေရဲ့ ခံစားချက်ကို ဂရုမစိုက်ဘူးပဲ။ သူနဲ့ အဲ့လောက်အတူနေချင်ရင်လဲ နေခဲ့ပေတော့!"

သူမ၏ နှုတ်ဆက်စကား မဆုံးခင်မှာပင် မျက်ရည်များ စီးကျလာသည်။ သူမက မျက်နှာကို သုတ်ရန် လက်ကို မြှောက်လိုက်ပြီး ခြေထောက်ကလေးဆောင့်ကာ ထန်းယွင်စံအိမ်နှင့် ချန်ဖုန်းရွာ၏ တပ်များဘက်သို့ ပြေးသွားခဲ့သည်။

စုယန်: "......"

ဤတုံ့ပြန်မှု၊ ဤသရုပ်ဆောင်စွမ်းရည်။ မင်းသာ ခေတ်သစ်မှာဆိုရင် ငယ်ရွယ်တဲ့ မင်းသမီးတွေရဲ့ လမ်းတစ်ခုလုံးကို လွှမ်းမိုးနိုင်လိမ့်မယ်။ မင်းက ပရိသတ်တွေကို ညှို့ယူနိုင်စွမ်းအပြည့်ရှိတာပဲ!

ကုဖေးတိက သူ့ခါးမှ မြတ်နိုးမှုနှလုံးသားဓားရှည်ကို ဆွဲထုတ်ပြီး ကြွေးကြော်လိုက်သည်။

"ဝါးဥယျာဉ်ကျွန်းဆွယ်က မင်းတို့အားလုံးကို မကြိုဆိုဘူး။ အကုန်ထွက်သွားကြ။"

စုယန်သည် သူ့ဓားကိုဆွဲကာ တိုက်ပွဲဝင်ရန် အသင့်ပြင်နေသည်။ ကုဖေးတိ ပြောတာကို ကြားလိုက်တဲ့အခါ သူ့ရင်ထဲ၌ အံအားသင့်သွားပြီး တွေးလိုက်မိသည်။

လူဆိုးတွေအကုန်လုံးက လေကြီးမိုးကြီးပြောပြီး သေသွားကြတယ်ဆိုတာ မင်းမသိဘူးလား။ မင်းက အခု မိစ္ဆာဂိုဏ်းဘက်မှာ ရှိနေတာလေ မင်းက ဗီလိန်ပဲ။ စကားနည်းနည်းပြောပြီး ချက်ချင်းတိုက်ခိုက်တာက
ပိုကောင်းလိမ့်မယ်နော်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now